Gmail နဲ့ Blog လာလည်သူများနှင့် စကားပြောမယ်  

Posted by မိုးအိမ့်ဖြူ
undefined undefined,
undefined

အခုဟာလေးကတော့ မိမိဘလောခ့်သို့လာသော သူငယ်ချင်းများနဲ့ Gmail ကနေ လက်ခံ ချက်လို့ရတဲ့ widget ပါ...။ များသော အားဖြင့်တော့ တော်တော်များများလည်း မြင်ဘူးကြပါလိမ့်မယ် Yahoo Messager နဲ့သုံးတဲ့ပုံစံမျိုးတွေကို မြင်ဘူးကြပါလိမ့်မယ်..။ ဒါကတော့ G mail နဲ့ အသုံးပြုနိုင်တဲ့ ပုံစံလေးပါ..။ သင်လုပ်တော့မယ်ဆိုရင်တော့ သင်လုပ်ချင်သော Mail ကို Sign In အရင် ၀င်ပြီး ဒီနေရာ ကလင့်ကိုနှိပ်လိုက်ပါ...။

အောက်ပိုင်းလေးမှာ Code တွေပေါ်နေပါလိမ့်မယ်...။ အဲင်္ဒိ Code ကိုကူးပြီး Layout>> Add gadget >> HTML/Javascript ကိုရွေးပြီး Paste လုပ်ပြီး Save မှတ်လိုက်ရင်တော့ သင် Blog ပေါ်မှာ Gmail ကနေ Blog လာလည်သူများနှင့် တိုက်ရိုက်စကားပြောနိုင်တာကို သင်တွေ့ရပါလိမ့်မယ်...။

Moe Eaint Phyu

မျှော်လင့်ချက် အိမ်မက်ဆီသို့  

Posted by မိုးအိမ့်ဖြူ
undefined undefined,
undefined

ချစ်သူရေ....ဟိုမှာအဆင်ပြေရဲ့လား

လောကဓံဆိုတဲ့ကောင်ကတော့ ရောက်တဲ့အရပ်မှာ မတည့်အတူနေ

ဘော်ဒါတွေပေါ့

မင်းရဲ့မျက်မှန်မှာ ဒီဂရီတိုးပြီလား ခံတွင်းတွေ့ မယ့်စာတွေကိုလည်း

မင်းပါးစပ်ထဲတမြုံ့ မြုံ့ ဝါးနေမှာပဲ

မင်းလည်းသိလိမ့်မယ် ငါတို့ မြို့ ဟာ ကန္တာရကြီးပဲလေ

တော်တော်များများ ရှားပါးတယ်

ဘာဆိုဘာမှ မရှိဘူးလေ ပေါတာက ရေနံ

တိမ်မြုပ်ဆဲရတနာသေတ္တာတစ်လုံးလိုပေါ့

မင်းပြန်လာတဲ့အခါ မျှော်လင့်ချက်

အိမ်မက်တွေဆီသို့

ငါတို့ ခြေသံလုံလုံနဲ့ သွားကြတာပေါ့

မင်းတစ်ယောက်ရှိနေတော့ မြို့ ခံလူတစ်သိန်း

မင်းတစ်ယောက်မရှိတော့ ငါတစ်ယောက်တည်းသူစိမ်း.........sedih


ချစ်သူရေ

အိမ်မက်တွေ မီးခြစ်ဆံဘူးထဲ ဘယ်နှစ်ခု ကျန်သေးလဲဟင် ..... doa

Moe Eaint Phyu

ကျေးဇူပါ ချစ်သူ  

Posted by မိုးအိမ့်ဖြူ
undefined undefined,
undefined

အိမ်မက်ဆိုးတွေထားခဲ့ပြီ နောက်ဆုံးအိပ်ပျှော်သွားခဲ့တာ

ချစ်သူပါ….

အိမ်မက်ထဲမှာတော့ လိုက်ရှာရင်းနဲ့

ငါ့အတွက် ငရဲရှစ်ထပ်မှာတောင်

မြေတစ်ကွက်ရှိကောင်းပါရဲ့

ဒါပေမယ့် သံယောဇဉ်ဆိုတဲ့

ပိုက်ကွန်ထဲမှာချုပ်နှောင်မိလို

ရုန်းထွက်မရခဲ့ပါဘူးကွာ..။sedih


ဘာပဲပြောပြောပေါ့ ချစ်သူရယ်

မင်းအဝေးကိုသွားပြီလို့ ထင်ရလောက်အောင်

မင်းရဲ့ စကားလုံးတစ်ချို့နဲ့ ငါ့ရင်ကို

တွန်းထိုးလှဲခဲ့တယ်

အရာအားလုံးခွင့်ပြုလိုက်လျှောနိုင်တဲ့

အရာတွေချည်းပါပဲ…doa


အခုတော့အလှမ်းဝေးလှတဲ့ ဟိုး……….အဝေးက

နေရာလေးတစ်ခုကို ငါတစ်ယောက်တည်းငေးနေမိတယ်…..။putuscinte

ဝေးကွာလွန်းလှတဲ့ ဟိုးတစ်နေရာဆီမှာ ဘာတွေများဖြစ်နေမလဲလို့ တွေးနေမိတယ်..။ မျက်ရည်တစ်ချို့နဲ့ ပြူလုပ်ထားတဲ့ အိမ်မက်လှလှလေး အခုရော မက်ခွင့်ရှိသေးလား…။ အဝေးကြီးမှာလား နီးနီးလေးမှာလား ခရီးဆိုတာက သွားသူအတွက်သာဖြစ်တယ်..။ မသေချာမှုတွေကတော့ ငါ့ရင်ကနေ တဖြည်းဖြည်းကြွေကျနေတယ်..။ အသက်ရှုကျပ်လာတယ် မျက်ဝန်းတွေထဲမှောင်မိုက်နေတယ်..။ အခုလို ပြောပြတဲ့စကား အတွက် သိပ်ကျေးဇူးတင်မိပါတယ်……။ ပြောပြခဲ့တဲ့ စကားအတွက် ဘာမှပြန်မပြောနိုင်ခဲ့ပေမယ့် အခုတော့ တစ်ယောက်တည်း …………………………..nangih



Moe Eaint Phyu

ကဗျာမှဟုတ်ရဲ့လား  

Posted by မိုးအိမ့်ဖြူ
undefined undefined,
undefined

အမြင့်ရောက်နေတဲ့ ငါ့အမြင်တွေနဲ့ ကြည့်ရင်
မျက်နှာစာ သနပ်ခါးအဖွေးသားနဲ့ 
ညှီစို့ စို့ ဝရန်တာအောက်မှာ
မှေင်ရိပ်ခိုနေတဲ့ ခိုတစ်ကောင်ကိုလည်းမြင်ရတယ်
အိမ်ကြိုအိမ်ကြား လျှောက်ပြေးနေတဲ့
ကြောင်တစ်ကောင်ကိုလည်း မြင်ရတယ်
အဆင့်မြင့်စားသောက်ဆိုင်တစ်ဆိုင်နောက်မှာ
တစ်ခါမှ ရေမလဲတဲ့ လက်ဆေးဇလုံကြီးကိုလည်းမြင်ရတယ်
လေဟုန်စီးနေတဲ့ အနိမ့်ပျံငှက်တွေ
အနိမ့်စီးဆင်းနေတဲ့ ဓါတ်ကြိုးတန်းတွေမြင်ရတယ်
လူအဖြူအမဲ လူရောင်စုံ
လမ်းတစ်လမ်းထဲမှာ ဆန့် ကျင်ဘက်အရောင်တွေ တွဲစပ်တွန်းထိုး
ပက်လက်လှန်ထားတဲ့ ပန်ချီကားတစ်ချပ် မြင်ရတယ်
မြေကြီးရဲ့ဆွဲအားဆီ ငုံ့ ကိုင်းဝင်တော့မယ့်
အဖိုးအိုတစ်ယောက်ရဲ့ တရွေ့ ရွေ့ ပုံမြင်ရတယ်


ငါ့စိတ်တွေလေလွင့်လို့နေတယ် 
ဘာကို တောင်းတနေလဲမသိ
ရင်ထဲမှာစို့လို့
မော့်ကြည့်လိုက်တော့
အားလုံးထက်ငါက ကောင်းကင်ကြီးနဲ့ ပိုနီးသလားပဲ
(ကောင်းကင်ကြီးကကော ငါ့ကိုဘယ်လိုမြင်နေမလဲ)


ငါရေးမိတဲ့ကဗျာမှဟုတ်ရဲ့လား ................



Moe Eaint Phyu

အဆုံးသတ်လိုက်ရ  

Posted by မိုးအိမ့်ဖြူ
undefined undefined,
undefined

ဘဝဘဝ ပြောသာပြောရ အားမရတဲ့ကိုယ့်ဘဝ
ရောင့်ရဲတင်းတိမ် စိတ်လောဘ
ဇီဝိန်ချုပ်မယ့်ခဏမှ အေးချမ်းမယ့်ဒီလောက
ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုး စမ်းသပ်ကာလုပ်ကြည့်နေတုန်း
သွေးပျက်စရာကောင်းလောက်ပေမယ့်
သွေးထွက်နေတဲ့ရင်ထဲကဒဏ်ရာကတော့
ထပ်ပြီးရင်းထပ်နာ အနာပေါ်တုတ်ကျ
မျက်နှာမှာဗြူတ်ထတဲ့ လူကမှပိုကံကောင်းပါတယ်
စုတ်ချက်တွေဟန်ချက်မညီပေမယ့်
မယိမ်းယိုင်အောင်ဘဝကိုတည်ဆောက်ရင်း
အဆုံးမသတ်ချင်တဲ့ဘဝမှာ အဆုံးသတ်လိုက်ရတာကတော့ဒီစာပါ. . . .


Moe Eaint Phyu

ညည်းဖြစ်တဲ့ သီချင်းများ ( Tag )  

Posted by မိုးအိမ့်ဖြူ
undefined undefined,
undefined

ဇောင်းကတော့ လုပ်ချလိုက်ပြန်ပြီ ဒုက္ခပါပဲ တော်တော်ချစ်တယ်ထင်ပါရဲ့...။ ဇောင်းရေ သီချင်းတွေက သိပ်မရဘူးဟ ဟိုနည်းနည်း ဒီနည်းနည်းပဲ ရတာလေ...။ ဒါကြောင့် ရတဲ့ သီချင်းလေးတွေ ညည်းဖြစ်တဲ့ သီချင်းလေးတွေကတော့ 
IPM အဖွဲ့ ဆိုထားတဲ့  ဒို့နှစ်ယောက်သီချင်းလေးပါ....။
တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်မခွာရက် ချစ်ခဲ့ပေမယ့်...
တစ်ယောက် က တစ်ယောက်ကိုပြန်တွေ့ဖို့ အခုတော့ခက်ခဲ..
တစ်ယောက်က ကြေကွဲရင် တစ်ယောက်တည်းဝမ်းနည်း နေခဲ့ ....
ဒီလိုသာ ပုံပြင်ဟောင်းလေးပဲ........
မိုးချုပ်ခဲ့အိမ်ပြန်ညလမ်းလေးတွေထက်
တစ်ယောက်နဲ့တစ်ယောက်လက်တွေကိုတွဲ အဝေးဆုံးကို ဖြတ် ..
တစ်ယောက်က တစ်ယောက်နားမှာ အချိန်တိုင်း အားပေးနေခဲ့
ဟိုအရင်က ဒီအတိတ်ဟောင်းလေးတွေပဲ...........  ဆိုတဲ့ ဒီသီချင်းလေးကိုတော့ အမြဲတမ်းလိုလိုတော့ ရွတ်မိပါတယ်...။ ဘာလို့လဲ ဆိုတော့ ဒီသီချင်းလေးကို တစ်ပုဒ်လုံးနီးပါးရလို့ပါ...။
နောက်တစ်ပုဒ်ကတော့  တေးရေး - အရိုး ၊ တေးဆို - ဓီရာမိုရ် ဆိုတဲ့ ငါ့တို့ရဲ့ အိမ်ပါ

အိမ်ခေါင်မိုးက မိုးမလုံလည်း … ငါတို့လုံးဝ စိတ်မကုန်ပါ …
ရေခံခွက်အောက် မိုးစက်တပေါက်ပေါက် ကျသံ … တွံတေးကြီး တေးသံလား …
အမေဆင်မြန်းတဲ့ နန်းဆောင်အို ကိုရွှေသကြားမင်း ဗိမာန်မို့ …
စင်တင်ဇာတ်ထုတ်ထဲက အကောင်းစားတိုက်အိမ် … တစ်လုံးနဲ့ မလဲပါဗျို့ …
ရွှေမြေအိုးမည်း နှုတ်ခမ်းရယ်တို … ဆာနေကြတဲ့ ၀မ်းတွေစို …
အခုရထားတဲ့ လောကစည်းစိမ် … နတ်ပြည်နဲ့ မလဲဘူး …
ဒီသီချင်းလေးကိုတော့ သိပ်မရပေမယ့် သတိရရင် ရသလိုလေးဆိုဖြစ်ပါတယ်...။
နောက်ထပ်ညည်းဖြစ်တဲ့ သီချင်းလေးကတော့ Big Bag ရဲ့ လက်ခံထားဆဲ ဆိုတဲ့ သီချင်းလေးပါ ..။
ညနေစောင်းတိုင်း ငုတ်တုတ်ထိုင်ပြီး
ဓာတ်တိုင်အောက် ရောက်ခါ ဒဏ်ရာတွေ 
ထွေးထုတ်လိုက် ၀ါးစားလိုက် စကားများလိုက်
တစ်ယောက်တည်းအလုပ်ရှုပ်နေ၏..........
အခုချိန်မျိုးရောက်ရင် ရက်ကွက်ဟာ ချောင်းမြောင်းကာကြည့်
ငါ့ကို သနားတဲ့လူတစ်ချို့က ဟားလို့နေပြီး 
ကလေးတွေက အရူးဆိုပြီး ခဲနဲ့ လှမ်းပေါက်ကာကြည့်  ( ရှိပါစေတော့ )
ဒါပေမယ့် သူ့ကိုတော့ မထိနဲ့ကွာ သူနှိုးသွားမှာ ဆိုးလို့ပါ .....
မင်းမမြင်နိုင်ပေမယ့် ငါ့ရဲ့ နံဘေးနားသူရှိတုန်းပါ... သနားဖို့မကောင်းဘူးလား
ငါ့ကြင်နာသူလေး ငါ့ရဲ့နံဘေးမှာ အိပ်နေလိုက်တာ အိုးအေး.... အို

ဒီသီချင်းလေးကိုလဲ အမြဲတမ်းလိုလို ညည်းဆိုမိပါတယ်...။ အခုသီချင်းလေးတွေကို ပဲ ရွတ်မိပါတယ်... ကျန်တာကတော့ သီချင်းတွေ့ကို ကြိုက်ပေမယ့် လုံးဝအလွတ်မရတော့ ရေးဖို့ ခက်နေတယ်လေ ဒါကြောင့် ရတာလေးကိုပဲ ရေးလိုက်ရတာပါ....။ ဇောင်း က မTag ဘူးထင်နေတာ အခုတော့ ဇောင်းရဲ့ Tag ကိုရေးလိုက်တယ်နော်...။ သီချင်းတွေက သိပ်မရတော့ ရေးရတာ အဆင်မပြေတော့ ဒီလောက်နဲ့ တော့ ကျေနပ်မယ်လို့ ထင်မီပါတယ်..။ နောက်လူတွေကို ဆက်ပြီး Tag ချင်ပေမယ့် Tag ကိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်တော့မယ် ....။ ညီရေ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ် ကွာ


Moe Eaint Phyu

အတိတ်  

Posted by မိုးအိမ့်ဖြူ
undefined undefined,
undefined

အတိတ်သည်ကြိုးဖြစ်ကာ လည်ပင်းကိုတင်းတင်းရစ်သည်။ ပြယ်လွင့်သောအရောင် များတစ်ဖန် ရွှန်းစိုတောက်ပလာသည်မှာမယုံနိုင်စရာတစ်ခုမဟုတ်။ တိတ်ဆိတ်သွားသော အခါအသံတွေပြန်ပေါ်လာသည်။ပျက်ယွင်းကျိုးပျက်သွားသောစကားလုံးများသည် အကြောင်းအရာ အသစ်များကိုယူဆောင်လာသည်။ ထိုအရာသည် မာယာဖြစ်၏။
တခြားသူများအတွက် အမှန်တရားသည် ငါ့အတွက်မှိုင်းပါ ကြေကွဲဖွယ်မုသားဖြစ်၏
ဟုတစ်စုံတစ်ယောက်က ပြောဖူးသလိုရှိ၏။ ငါဘယ်မှာလဲ...... စူးရဲလင်းလက်သော ကာရန်များအတွင်းမှာ ကဗျာသည်နစ်မြုပ်ပျောက်ကွယ်ခဲ့၏။ တောက်ပလေးလံသော အရောင်များအတွင်းမှာ ပန်းချီသည် နစ်မြုပ်ပျောက်ကွယ်ခဲ့၏။ ကြီးကြယ်ခမ်းနားသော အနက်တွေကြားမှာစကားလုံးသည် နစ်မြုပ်ပျောက်ကွယ်ခဲ့၏။ နှလုံးသားသည်ငှက်ငယ်၏ နှလုံးသားလို ရိုးသားခေါင်းမာစွာတစိုက်မတ်မတ်၊ မနက်ခင်းတေးသီ၊ တစ်နေကုန်ပျံသန်း၊ ညနေချမ်းမှာနွမ်းလျစွာတစိုက်မတ်မတ်၊ အပြောင်းအလဲမရှိဘ၀ဆိုတာ ဆန်းပြားထွေထူးသောအရာလား၊ ဘယ်လောက်အထိထူးထွေဆန်းပြားနိုင်လဲ...။ တောအုပ်သစ်ပင်တွေကြားမှာဇာပ၀ါဝှေ့  ရမ်းသလိုမြူတွေတန်းနေ၏။
ဝိုးဝါးမသဲကွဲခြင်း သည်အလှတရားဖြစ်သည်။ ဘ၀မှာအဆင်ပြေ ညီညွတ်တာဘာရှိသလဲ....
အဆင်မပြေခြင်း၊ မညီညွတ်ခြင်းတို့ ၏ ဟိုဘက်မှာ.....။
အချို့ သူများ အမှတ်လိုချင်ကြသည်။ ဘာလိုချင်ပြန်ပြီလဲ......။လောကမှာမိဘမေတ္တာကလွဲလို့  ဘာမှအလကားမရ......
တန်ရာတန်ကြေးပေးကြရသည် ချည်းသာဖြစ်သည်။
ကဗျာတစ်ပုဒ်ကိုရဖို့  ဘ၀၏အစိတ်အပိုင်း အတော်များများပေးလိုက်ရသည်ကို လူတိုင်းမသိနိုင်...။
အဆင်ပြေညီညွတ်မှုတစ်ခုအတွက် ဒေါသနှင့်မောဟ ကုန်သေတ္တာ ခြောက်လုံးစာလောက်ပေး လိုက်ရသည် သူမအတွက် ကျွန်တော့် ဘ၀ကို တစ်ခြမ်းဖဲ့ပြီးပေးခဲ့ရသည်... ကောက်ကွေ့ သောအာကာသဟင်းလင်းပြင်အတွက် ကျွန်တော်တို့အားလုံး မျက်စိတစ်ဖက်မှိတ်ပေးခဲ့ ကြရသည်။ ချစ်ခြင်းနှင့်မုန်းခြင်းတို့ သည်မိမိဖာသာ လက်မှတ်ရေးထိုးထားသော ကြေငြာချက်များသာဖြစ်၏။
အမေ့ ကိုချစ်သည်၊ ဖြူ့ ကိုချစ်သည်၊ ဒေါ်မေရှင်ကိုချစ်သည်၊ ကနောင်မင်းသားကြီးကိုချစ်သည်၊  သခင်ကိုယ်တော်မှိုင်းကိုချစ်သည်၊ကဗျာကိုချစ်သည်၊ ဆောင်းရာသီကိုချစ်သည်၊ ပုဂံကိုချစ်သည်၊ လရောင်ကိုချစ်သည်၊ ဟိုဘက်လမ်းကတောင်မရောက် မြောက်မရောက်ကောင်မလေးကိုချစ်သည်။ မြ၀တီမင်းကြီးဦးစကိုချစ်သည်.... တရားမျှတမှုကိုချစ်သည်။ ချစ်တာတွေများနေပြီ၊ မုန်းတာတွေပြောပါလား ပြောလာရင်တော့ ..... ကျွန်တော် ဒီနေရာမှာရပ်သင့်ပြီ...။
Moe Eaint Phyu

အငေး  

Posted by မိုးအိမ့်ဖြူ
undefined undefined,
undefined

မတရားဘူးလို့ မပြောနဲ့ 

ပြောပိုင်ခွင့်မရှိဘူး

လက်တစ်ဖက်ကကိုင်ထားတဲ့ ပြဋ္ဌာန်းစာအုပ်

ကလေးကလားဆန်မနေဘူးလား။

ဘာရှာနေတာလဲ..

ရှာတဲ့သူတွေပျောက်ပျောက်သွားတာ

မသိဘူးလား...။

ရေပြင်တွေကမျက်နှာပြင်ပြောင်းလွန်းတယ်။

ကျိုးလွယ်ပျက်လွယ် အဆက်အစပ်တွေ

တကြွေတည်းကြွေနေတဲ့ သစ်ပင်တွေ

မဖတ်တတ်တဲ့ ၀ါကျအချို့ 

ဘာမှမဟုတ်တာ...

စကားသံတွေ၊မြင်နေရတာ စိတ်ရဲ့ရာသီပေါ့။

ဒလိမ့်ခေါက်ကွေးအတွေးတွေနဲ့ 

ဆေးခတ်ထားတဲ့ မိုးရေတွေ

ငါ့အပေါ်သည်းကြီးမည်းကြီးရွာ။

သူမအကြောင်း  

Posted by မိုးအိမ့်ဖြူ
undefined undefined,
undefined

သံယောဇဉ်ဆိုတာအတောင်ညှပ်ခံထားရတဲ့ငှက်ပါပဲ။

အမွှေးမြဆုံးငရဲမီးတွေနဲ့ ကျွမ်းလောင်တောက်ဝေခဲ့တဲ့ ကျွန်တော်တို့ ရဲ့

ညချမ်းချိန်ခါတွေကိုတော့`ဒိုင်ယာရီ`ထဲမှာပဲကခုန်ယစ်မူးဖို့ ချန်လှပ်ထား

ရစ်ခဲ့ပါတော့။

ဆောင်းနှင်းတွေကြားမှာအမေပေးခဲ့တဲ့လက်ချောင်းတွေနဲ့ လည်းအနွေးဓါတ်ကို

ခူးဆွတ်ခဲ့ကြပြီးပြီ။ကိုယ့်အိမ်ကိုယ်ပြန်လိုက်ပါ။ဝိုင်းမေးနေကြတဲ့မေးခွန်းတွေကိုလည်း

ပြန်ဖြေမနေပါနဲ့ တော့။

ခွင့်လွှတ်ပါ...၊အချစ်ခံချင်သူမဟုတ်ဘူး။

ကျွန်တော်အတ္တနဲ့ စေးကပ်ခဲ့ရတဲ့မြို့ ပြရဲ့လမ်းမတွေဟာရွှေစော်ရော လူစော်ပါ

နံလာခဲ့ပြီ။ လောကဓံကပစ်ပေါက်ပျိုးကြဲခဲ့တဲ့ ခုနှစ်သက္ကရာဇ်တွေမှာကျွန်တော်ဟာ

ကျွန်တော့်သွေးကိုပြန်လျက်ခဲ့ရတယ်။ နေထိုင်ခြင်းတစ်ခုကိုအနှစ်(၂၇)နဲ့ လဲခဲ့ရတဲ့

ကျွန်တော်ဟာ သူမကိုအသစ်ပြန်ဖြစ်စေချင်ပါတယ်။

ရယ်မောသံအသစ်နဲ့ မျက်နှာထသစ်မဲ့သူမရဲ့မဟာဘုတ်တိုင်ကိုသူမကိုယ်တိုင်ပဲ

ပြန်ထူရလိမ့်မယ်။ပြတင်းတံခါးကိုဖွင့်လိုက်ပါ။

မတွေ့ ပဲနမ်း လိုက်ရတဲ့ပါးတစ်ဖက်ကို ကျွန်တော့်ချစ်သူလေးပိုင်ဆိုင်

ထားပါတယ်။ ကျွန်တော်မပိုင်ဆိုင်တဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ချုပ်နှေင်ထားခဲ့လို့ 

အစောဆုံးငိုကြွေးခဲ့ရပြီး နောက်ကျမှရယ်မောခဲ့ရတာပါ။ ပစ်ရက်စရာမရှိအောင်

လှပနေတဲ့ကျိန်စာထဲမှာ ကျွန်တော်ဟာဘယ်နေ့ ရွှေဖြစ်လာမလဲလို့ ဆိုတဲ့အတွေးတွေ

ကိုယ်ပေါ်ကတဖွားဖွားကွာကျသွားတဲ့အခါကျွန်တော်လျှောက်ရမယ့်လမ်းဟာ....။

ဒဿနအကျိုးအပဲ့တွေနဲ့  အိမ်ဆောက်ခဲ့တဲ့တေလေတစ်ယောက်..............

ကံကြမ္မာသွေးအေးတိုက်ပွဲတွေနဲ့ ကမ်းကပ်ခဲ့ရတဲ့ကျွန်တော့်ရဲ့လာရာလမ်းမှာ

ညှစ်ချခွင့်မရခဲ့တဲ့မောင်းခလုတ်တွေအဲဒီအတိုင်းပဲအသေခံသွားကြတယ်။

လက်ဆောင်ဝယ်ပေးခဲ့တဲ့ဘောလ်ပင်လေးဟာ ဆရာသစ္စာနီရဲ့

`သဘာဝမကျဘူးဆိုရင် ကိုယ့်ဘွားအေကိုတောင်ယပ်ခပ်ပေးဖို့ ငြင်းမယ့်သူ`

ဆိုတဲ့စကားလုံးတွေနဲ့ အတူတူနေရမှာကြောက်လို့ ပျောက်ဆုံးသွားခဲ့တယ်။

ဘ၀မှာဒိုင်းခနဲလဲသေသွားနိုင်တဲ့ရင်ခုန်သံနဲ့ တစ်ကြိမ်လောက် ထပ်ဆုံချင်သေးတဲ့

ကျွန်တော်ဟာသစ်တိုင်းလည်းပွဲမတိုးမှန်းသိခဲ့ပါပြီ။

အတင်းပြောနေသူတွေထက်စာရင်သွားကိုက်နေတဲ့သူတစ်ယောက်ရဲ့အနားမှာပဲ

ထိုင်နေချင်တော့တဲ့ကျွန်တော့်ကိုအံသွားရှိလို့ အံကြိတ်ခဲ့ရတဲ့အကြောင်းပြန်ပြောပြတယ်။

ရွှေတိဂုံဘုရားမှာဖယောင်းတိုင်သက်စေ့လှုဖြစ်သေးလား.....။

ရူးစမ်းပလေ့ဆိုပြီးအဲဒီနွံထဲမှာကျွန်တော့်ကိုယ်ကျွန်တော်လွှတ်ချထားခဲ့တာ......။

ဘယ်လိုအက္ခရာရဲ့အသံထွက်နဲ့ မှကျွန်တော့်ကိုမဆက်သွယ်ချင်ပါနဲ့ ။

ကျွန်တော်နဲ့ ဆုံဆည်းခဲ့ရတာရော အချဉ်ပေါင်းတစ်ထုပ်လောက်အရသာရှိရဲ့လား။

နွားရဲ့နို့ ရည်ကိုသောက်သုံးနေသူတွေကိုနွားလိုဘာကြောင့်မြက်မစားသလဲလို့

့ဘယ်သူမှမမေးတတ်ကြပေမယ့်
လမ်းထိပ်ကဆူးတစ်ခက်လိုငေါထွက်ခဲ့တဲ့

ကျွန်တော်ဟာ အငြိငြိအယှက်ယှက်တွေနဲ့ ။ ကျွန်တော့်ကိုယ်ကျွန်တော်အနုလုံ ပဋိလုံ

ရှုမှတ်ပြီးတဲ့နောက် ကျွန်တော်အရင်ဆုံးအော်ခေါ်ချင်တာက`အမေ`...။


တကယ်တော့ကျွန်တော်ဟာ ချာတူးတူးပါ။ `ချာတူးတူး`တစ်ခွက်လောက်လို့ 

ဘယ်သူကမှမမှာတာကိုက ဓမ္မ တစ်ခုလိုဖြစ်ခဲ့။

ဇွန်ပန်းရုံတွေမွှေးမြမှန်း စာအုပ်ထဲမှာဖတ်ဖူးသည်။

ပိုလီယိုရောဂါသည်ထက်ဆိုးတဲ့လမ်းလျှောက်နှုန်းနဲ့ အိမ်ပြန်လာရတဲ့ညကတော့

ရေတံခွန်အောက်မှာသီချင်းဆိုနေတဲ့အကြောင်းပဲအိမ်မက်မက်ချင်ခဲ့တယ်။

လူတွေထဲကခွဲထွက်လာခဲ့တဲ့ကျွန်တော် လူတွေထဲကိုပြန်သွားလို့ မရတော့ဘူး..။

အမေကတော့အခုအထိ ထမင်းပွဲပြင်ပေးတုန်းပဲ။

အနုပညာအကြောင်းကျွန်တော်မသိပါဘူး...။ စရဏဆိုတာလက်နဲ့ ကိုင်ကြည့်လို့ 

မရမှန်းတော့သိတယ်။ အဲဒီလိုနဲ့ ....

ဘတ်စ်ကားပေါ်တက်လိုက် ဆင်းလိုက်နဲ့ ဇာတ်လမ်းတွေဟာပြီးသွားပါလိမ့်မယ်။



Moe Eaint Phyu

ဆက်ရန်မရှိ  

Posted by မိုးအိမ့်ဖြူ
undefined undefined,
undefined

ဘ၀ကိုကြိုးထုံးလို ဖြေပြီးဆွဲဆန့် လျှင်ဘယ်လောက် ရှည်မည်လဲ။ ကုန်ပျက်သွားသောခဏငယ်
ကလေးတွေမှာ အလျားအနံရှိသလား။ အမှန်တော့နောက်ကျသွားပါပြီ။ နေဖို့ ထိုင်ဖို့ ကောက်ကွေ့ 
သောဟင်းလင်းပြင်တစ်ခု ရှာဖွေရဦးမည်။ အာကာသထဲမှာ လွင့်မျောနေတာလား။
ဘ၀ထဲမှာလွင့် မျောနေတာလား။ ဘ၀ဆိုတာအာကာသ တစ်ခုပဲမဟုတ်လား...။ဟုတ်ပါသလား။
ဟုတ်တယ်လို့ မထင်မိဘူးလား..။
သဘောထားတွေမရှုပ်ထွေးသော အရပ်တစ်ခုရှိလျှင် သွားချင်သည်။ နောက်တော့လည်း
မသွားမီကရောက်နှင့်သည်။ သွားခြင်း၏၀န်ထုပ်ဝန်ပိုး ဒဏ်ကိုခံနိုင်ပါ့မလား။
စဉ်းစား စင်စစ် အားလုံးသွားနေကြသည်။ ဘယ်ကိုသွားနေကြတာလဲ။
သိလျက်နှင့်မသိကြ။ မသိလျက်နှင့်အသိ လုပ်နေကြသည်။ မျှော်မှန်းချက်ဆိုတာဘာလဲ..။
အနာဂတ်လား..၊ အိမ်မက်လား ၊တံလျှပ်လား...။ သွားနေကြသည်။
ရောက်လိမ့်မည်ဟု ထင်နေကြသည်။ ရောက်တော့မည် ဟုအားတင်းကြသည်။
ရောက်သွားသူတွေထံမှ ဘာသတင်းစကားမှမကြားရ ။ဘယ်ကိုရောက်သွား သည်လဲမသိကြ။

တော်သင့်ပြီ...။ စကားလုံးတွေကလည်း တဖြည်းဖြည်း၊ဖြည်းဖြည်းချင်း...
ကတ္တားသည်ကြိယာထံ မရောက်မီသေဆုံးသွားသည်။ စကားလုံးများလည်းရပ်တန့် လျက်..။
ညတစ်ခုလုံးမသုံးရသေးတဲ့စကားလုံးတွေနဲ့ ပြည့်သိပ်နေတယ်။
ဒုက္ခနဲ့ တစ်ခါကြုံတိုင်းချစ်သူ့  လက်ကိုတစ်ခါကိုင်ပါရစေ... တဲ့ဘာဖြစ်လို့ များ ခင်ဗျားရဲ့နှဖူးစပ်က
ချွေးစက်တွေကဒီလောက်လှ နေရတာလဲ။ နာကျည်းလက်စနဲ့  ကံ့ကော်ရွာအ၀င်နာကျင်မှုကို
ဆေးကြောသန့် စင်ပစ်ခဲ့ပါ။

(ချစ်သူရေ)
ကမ်းစပ်မှာဝါကျတစ်ကြောင်း ပျောက်ဆုံးသွားသည်။ ဆက်ရန်မရှိ..............................တဲ့

Moe Eaint Phyu

ဘယ်သူတွေ Comment အများဆုံးပေးကြလဲ ?  

Posted by မိုးအိမ့်ဖြူ
undefined undefined,
undefined

သင့်ရဲ့ ဘလော့ခ်မှာ Comment လာပေးသွားသူတွေ ဘယ်သူတွေအများဆုံးလာပေးသွားလဲ ဆိုတာကို သိချင်ရင် တော့ အောက်က Code တွေကို Copy ကူးပြီး Layout>>> Page Element>>> Add Gadget>>> Javascript/html ကိုရွေးပြီး သင် Copy ကုးထားသော Code တွေကိုသွင်းပြီး Save မှတ်လိုက်ရင် တော့ သင့်ဘလောခ့်မှာ ခင်မင်လို့လာပေးသွားတဲ့ သူငယ်ချင်းတွေရဲ့ နာမည်တွေကို သင်တွေ့ရပါလိမ့် မယ်....။ ဘယ်သူတွေက အများဆုံး Comment လာပေးသွားကြလဲဆိုတာကို သိချင်ရင်တော့ စမ်းကြည့်လိုက်ကြရအောင်........။


<script type="text/javascript">
function pipeCallback(obj) {
document.write('<ol>');
var i;
for (i = 0; i < obj.count ; i )
{
var href = "'" obj.value.items[i].link "'";
if(obj.value.items[i].link == "")
var item ="<li>" obj.value.items[i].title "</li>";
else
var item = "<li>" "<a href=" href ">" obj.value.items[i].title "</a> </li>";
document.write(item);
}
document.write('</ol>');
}
</script>
<script src="http://pipes.yahoo.com/pipes/pipe.run?_render=json&_callback=pipeCallback&_id=a08a1225cab99d71150697405dc19ed8&url=http%3A%2F%2Fသင့်ရဲ့ဘလောခ့်လိပ်စာကို ရန်ပါ http:// ထည့်ရန်မလိုပါ &num=10&filter=Moe%20Eaint%20Phyu" type="text/javascript"></script>



Moe Eaint Phyu

မူးရစ်ရီဝေ  

Posted by မိုးအိမ့်ဖြူ
undefined undefined,
undefined

စည်းချက် နည်းနည်းလျှော့ပါ
ခံစားချက်ပိုသိပ်သည်း ၊ပိုတူးပါ
ဘာကိုမှဈေးလျှော့မတွက်နဲ့ 
(အဲဒီဈေးဟာ အခုပေါက်ဈေးဘယ်လောက်လဲ)
သေစာရင်းနဲ့ စာရင်းသေလိုပေါ့

ငါဟာ ခံတပ်ကျခဲ့တဲ့ စစ်ပြေးတစ္ဆေပါ
နေ့ စဉ်ဘ၀ကို မွေးရတာလောက်
ပြဇာတ်ဆန်တာရှိနိုင်ဦးမလား..........။

တစ်ခါတစ်ရံနောင်တများ
အမှားမှာလာရောက်စုစည်းတော့
ပြိုင်ဘက်ကင်း ပြသ၁နာမှာ
ငါဟာ...ရွှံ့ မလူးလျှော်ထမ်းလို့ ပြေးနေချင်သေး.။

ပေးဆပ်ရလိမ့်မယ်.....

ပေးဆပ်ရလိမ့်မယ်။


Moe Eaint Phyu

ဖတ်မိဖတ်ရာ  

Posted by မိုးအိမ့်ဖြူ
undefined undefined,
undefined

ကျွန်တော့်မှာတစ်ခါတစ်လေ ချစ်စရာကောင်းတဲ့ သူငယ်ချင်းကလေး တစ်ချို့ ရှိပါတယ်။
အားလုံးလိုလို စာဖတ်ကြပါတယ လက်လှမ်းမှီရာများဖတ်ကြပါတယ်။ တစ်ခါတစ်ရံသူတို့ 
နှင့်ဆုံဖြစ်လျှင်သူတို့ ၏ ထူခြားသော၊ ထွင်းဖောက်သော၊ ပြောသမျှမယုံသော၊တွက်ချက်
တိုင်းတာချက်ကျလက် ကျပြောတတ်သောစရိုက်များရှိပါသည်။ Alternative ကိုဆရာတာက (အခြားတစ်ဖက်မှဆင်ခြင်ရန်အကြောင်းများ)လို့ ဖွင့်ဆိုခဲ့တာကိုဖတ်ဖူးပါသည်။ကျွန်တော့်လို အလွန်ဇောက်ထိုးမိုးမျှော် ဖြစ်နေသောကောင်နှင့်သူတို့ တွေနှင့်တစ်ခါတစ်ခါ ဆွေးနွေးငြင်းခုံလို့ ကောင်းပါသည်။ သမိုင်းအကြောင်းတစ်ချို့ ပြောဖြစ်တယ်။ပြသ၁နာက ဦးကုလား၏မဟာရာဇ၀င်ကြီးစာအုပ်
မှစတယ်လို့ ထင်ပါတယ်။ဖတ်ပြီးတော့ငြိမ်ငြိမ်မနေနိုင်သည့်အလျောက်တခြားတစ်ယောက်ကိုပေးဖတ်လိုက်၊ နောက်တစ်ယောက်..နောက်တစ်ယောက်နှင့်ခဏလေးလမ်းကြုံလို့ ဝင်ထိုင်မိသည့်ကျွန်တော်ပါ ပါသွားပါသည်။ `အဲဒီဦးကုလားကို မကျေလည်ဘူး` `ဘာလဲဟ....`တစ်ယောက်ကဖွပါသည်။ ကျွန်တော်ကတော့မဖွကြပါနဲ့ အားလုံးကိုလက်ခံဖို့ ဆိုတာကတော့ အင်း....ဘာမှတော့မပြောဖြစ်လိုက်ပါ။
နည်းနည်းတော့ဖတ်ဖြစ်လိုက်ပါတယ်။ စိတ်ဝင်စားစရာကောင်း တာလေးတွေတွေ့ ရပါတယ်။သက္ကရာဇ် ၃၂၆ ခုမှာ နန်းတက်တဲ့ဘုရင်က အနော်ရထာရဲ့အဖေ (ကွမ်းဆော်ကြောင်ဖြူမင်း)သူ့ရှေ့ကမင်းဆက်က (တောင်သူကြီးညောင်ဦးစော)၊ အဲဒီတောင်သူကြီးကလည်းခေသူမဟုတ်သူ့ တိုင်းပြည်ကဘုရင်(သိန်းဃိုဠ်မင်း)တောကစားထွက်ရင်းသူ့ ယာခင်းထဲရောက်လာပြီးရေငတ်လို့  သခွါးသီးခူးစား.. သူ့ ယာခင်းထဲမှာသူ့  ကိုခွင့်မတောင်းရကောင်းလားဆိုပြီးတူရွင်းနဲ့ ရိုက်သတ် (အဲဒီအချိန်မှာသူ့ ရဲ့ရဲမက်တွေ စောင့်အကြပ်တွေဘာလုပ်နေမယ်မသိဘူး)
ဘုရင်သတ် ဘုရင်ဖြစ်တယ်ဆိုတဲ့ စနစ်အရအဲဒီ တောင်သူကြီးကဘုရင်ဖြစ်....အင်းအဲဒီစနစ်သာ တရားဝင်ဖြစ်ထွန်းလာရင် ဘယ်နန်းရင်ပြင်မှသွေးခြောက်ချိန်ရှိလိမ့်မှာမဟုတ်ဘူး
လို့ နည်းနည်းတွေးမိပါတယ်။ အဲဒီတောင်သူကြီးဘုရင်မှာ မိဖုရားသုံးယောက်ရှိတယ်တဲ့၊ သူနန်းကျတော့`၀မ်း´မှာကကိုယ်ဝန်ကိုးလ`တူး`မှာကကိုယ်ဝန်ခြောက်လ၊`သရီး`မှာကိုယ်ဝန်မရှိ၊နောက်တတ်တဲ့ကွမ်းဆော်ကြောင်ဖြူမင်းက အဲဒီ`၀မ်း``တူး``သရီး`သုံးယောက်လုံးကိုဝိုင်းကြီးချုပ်နဲ့ ဇနီးလုပ်လိုက်တယ်တဲ့။ အဲဒီမှာ `သရီး`က အနော်ရထာ ကိုမွေးလာတယ်။ ဖအတူမအေကွဲညီအစ်ကိုနဲ့ သွေးမတော်သောညီအစ်ကိုဖြစ်နေကြတာပေါ့။ အသက်၂၂နှစ်လောက်ရှိပြီဖြစ်တဲ့`ကျည်စိုး`နဲ့ `စုက္ကတေး`တို့  ကကျောင်းကောင်းကောင်းဆောက်ပြီး အသက်၈၀ နန်းသက်၂၂ရှိတဲ့ဘုရင်မကြီး ကြောင်ဖြူရှင်ကို ကျောင်းသာဓုခေါ်ဖို့ အယုံသွင်းလို့ ရဟန်းဝတ်စေသတဲ့။ အနော်ရထာတို့ သားအမိသားအဖသုံးယောက် ကအဲဒီကျောင်းမှာ နေရတာပေါ့။`ကျည်စိုးမင်း`နန်းတက်ပြီး ခြေက်နှစ်အကြာ ၂၈ နှစ်မှာ သမင်လိုက်သွားရင်း ဘုရင်မှန်းမသိသမင်မှန်းမသိပစ်လိုက်တဲ့မုဆိုးရဲ့မြားချက်နဲ့ သေတယ်လို့ ဆိုတယ်။သူ့ ညီ`စုက္ကတေး`ကထီးနန်းဆက်ခံ။ စည်းစိမ်အပြည့်၊မောင်းမမိသ၁ံအပြည့်နဲ့ စံမြန်းနေရပါလျက်နဲ့  တစ်တိုင်းပြည်လုံးကလိုချင်တဲ့မိန်းမကို အချိန်အခါမရွေးလက်ညှိုးထိုးကောက်ယူလို့ ရပါလျက်....။ သွေးသားမတော်ဘူးပဲထား အသက်အ၀ါအရ ဒီမိန်းမကြီးဟာသူ့ မိထွေးလေ...၀ါစဉ်အရတော့ သူ့ အမေပဲမဟုတ်လား...၊ အသက်အရ ၊၀ါအရ၊လူမှုဘောင်အရအမေဖြစ်နေတာတောင် မယားလုပ်ချင်လောက် အောင်စိတ်ဓါတ်အောက်တန်းကျတာလား.....။အနော်ရထာကို`ညီသားနောင်မယ်`လို့ ခေါ်မိရာက စတာလို့ တွေ့ ရပါတယ်။ခမည်းတော်ဘုန်းကြီးက မင်းအမေကိုလိုချင်လို့ အဲသလိုခေါ်တာလို့ အနက်ဖွင့်ပေး အရိန္ဒမာလှံ၊ သီလ၀ံသဓား၊ သိကြားပေးတဲ့မြင်း အားလုံးကိုတောင်းပြီး နောင်တော်ကိုလုပ်ကြံမယ်ပေါ့။ `ချင်းမျှတည်း ခံတွင်းမှနို့ အစ်မှမစင်သေးဖြစ်သသူသည် ငါ့ကိုတိုက်မည်ဆိုသော်..အမတ်ဗိုလ်ပါတို့ ကြည့်သာနေစေ၊ငါနှင့် မြင်းတစ်စီးချင်းတိုက်မည် `သက်တော်ကိုးဆယ်နီး ပါးဖြစ်နေတဲ့ဖခမည်းတော် ဘုန်းကြီးကအဲဒီကလေးကိုနောင်တော်ကို လုပ်ကြံဖို့ လွှတ်ရက်တယ်လို့ မမြင်မိဘူးလား...။ ထင်မိပါသလား..။ ဖခင်တစ်ယောက်က ညီအစ်ကိုချင်းသတ်ခိုင်းလိုက်သိလို......။ အဲသလိုနဲ့ စုက္ကတေးသေတော့ အနော်ရထာ့အမေဟာ ရှင်မီးမပါ ၊ဘရာဇီယာမပါ၊ ဘာရင်ဝတ်မှမကပ်ဘဲ ပုတ္တလုလင်....ပုတ္တလုလင် လို့ အော်ဟစ်ပြေးလွှားနေသတဲ့ .....။အဘွားအိုတစ်ယောက်ရဲ့ ပဋာမြေလူးမြင်ကွင်းက လွမ်းစရာကောင်းပါ့မလား....။သမိုင်းထဲကအမေ အဲသလိုဖြစ်ခဲ့တာအမှန်ပဲလား ဆိုတဲ့အမေးကိုဘယ်သူ ဖြေပေးနိုင်မလဲ......မိန်းမတစ်ယောက်ရဲ့တန်ဖိုးက....မေးခွန်းများဖြင့် ရှုပ်ပွပေကျံ....ကြယ်မှုန်တွေနဲ့  လင်းတဲ့ကောင်းကင်ကိုမြင်ကြရင်ပြောပေးကြပါ.....။


Moe Eaint Phyu

ဖြေရှင်းချက်  

Posted by မိုးအိမ့်ဖြူ
undefined undefined,
undefined

တနင်္လာနေ့ က ဘာဖြစ်လို့ တနင်္ဂနွေမဖြစ်ရတာလဲဆိုတာ
မင်းရှင်းပြဖို့ မလိုဘူး
မင်းထိုင်ခုံမှာထိုင်ပြီး
ငါတို့ အတွက်တိတ်တိတ်နေပေးပါ။

`ကတ္တီပါလမ်းခွဲ´တွေဘာတွေလုပ်မနေပါနဲ့ 
ကိုယ်ယုံကြည်ရာ ယုံကြည်လို့ ရတဲ့အခွင့်ကိုတော့
မင်းလည်းကြိုက်တယ်မဟုတ်လား။

`ရိုးသားမှု´ ဆိုတာအပြောလွယ်သလောက်
အလုပ်ခက်တယ်၊
မဟုတ်တာ မဟုတ်တဲ့ အကြောင်းပုံစံရွှေ့ ပြ
ကိုယ့်တစ်ကိုယ်စာ လမ်းမှာ အံကြိတ်လျှောက်ရုံကလွဲလို့ 
မင်းကဘာတွေစောဒကတက်ချင်သေးလို့ လဲ။
(ရေနွေးကြမ်းပူလျှင် မှုတ်သောက်ပါ.)

ကိုယ့်မြို့ ထဲကိုယ်လမ်းပျောက်တဲ့
မျက်စေ့သူငယ်နဲ့ မြို့ သားဟာလည်း ငါပါပဲ
ကိုယ့်အကြောင်း သူများတွေမသိစေနဲ့ 
ထိန်းမနိုင် သိမ်းမရ အိမ်မက်တွေ
ဒလဟောပြုတ်ကျ..
မင်းစကားလုံးတွေ ကျန်းမာပါစ
အိပ်ချိန်စားချိန် နဲ့ ကစားချိန်တွေမှန်ပါစ
စကားတွေက သက်လုံကောင်းပြီး
နည်းစနစ်မှန်ဖို့ လို တယ်။

အမြစ်ကဆွဲအနုတ်ခံလိုက်ရတဲ့ညကိုထားရစ်တော့
အချိန်တန်ရင်တော့ ငါလည်းအိမ်ပြန်ရမှာပဲလေ...။


Moe Eaint Phyu

ငါတို့ရဲ့အိမ်  

Posted by မိုးအိမ့်ဖြူ
undefined undefined,
undefined

ဒီသီချင်းလေးကို အများနားထောင်စေချင်လို့တင်လိုက်တာပါ...။ ကောင်းတယ်လို့ ယူဆလို့ပါ ...။

တေးရေး - အရိုး

တေးဆို - ဓီရာမိုရ်

အိမ်ခေါင်မိုးက မိုးမလုံလည်း … ငါတို့လုံးဝ စိတ်မကုန်ပါ …
ရေခံခွက်အောက် မိုးစက်တပေါက်ပေါက် ကျသံ … တွံတေးကြီး တေးသံလား …
အမေဆင်မြန်းတဲ့ နန်းဆောင်အို ကိုရွှေသကြားမင်း ဗိမာန်မို့ …
စင်တင်ဇာတ်ထုတ်ထဲက အကောင်းစားတိုက်အိမ် … တစ်လုံးနဲ့ မလဲပါဗျို့ …
ရွှေမြေအိုးမည်း နှုတ်ခမ်းရယ်တို … ဆာနေကြတဲ့ ၀မ်းတွေစို …
အခုရထားတဲ့ လောကစည်းစိမ် … နတ်ပြည်နဲ့ မလဲဘူး …

အမေ ကောက်ညှင်းဆန် လက်တစ်ဆုပ်ပေါင်း နှမ်းထောင်းရင် …
နတ်ပေးတဲ့ သြသဓဆေး … အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ …
တို့ အိမ်က မခွဲကြေး … ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ …
ကောင်းချီးသြဘာပေး … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် …
တစ်ခေါက်လောက် မင်းလာကြည့်တော့ … သူငယ်ချင်း …

မဟာဂေါဏ ဘို့လည်ထောင် … စူဠဂေါဏ နောက်အငယ်ကောင် …
အတူတစ်ကျင်းထဲစားတဲ့ တို့ရဲ့နွားနှစ်ကောင် … အမေ့ရဲ့ သားတော်မောင် …
မဟာအန္ဓအစ်ကို့နာမည် … စူဠအန္ဓ ကျွန်တော့်နာမည် …
အနှိမ်ခံ တောသားကျောမွဲ ဦးနှောက်နည်းလည်း … အမေ့ရဲ့ အားတွေပဲ …
ညီမလေးက နှီးထိုင်ဖြာ … အဘက ဆေးတစ်ဆုံဖွာ …
မှောင်ရီလရိပ်အောက်က တိတ်တဆိတ်ညတွေမှာ …
အမေ့ရဲ့ တရားသံနာ … လူဟာဘယ်လောက်ထိ အသက်ရှင်လဲ …
ဘယ်လောက်အများဆုံး ရနိုင်လဲ … အခုရထားတဲ့ လောကစည်းစိမ်တွေ …
ဘယ်လောက် ကြာကြာ မြဲမလဲ …

လူဟာ လောဘတရားနဲ့ ငရဲလမ်းသွားတဲ့ … ဒုက္ခယက်ကောင်များ …
အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ … တင်းတိမ်ရောင့်ရဲကြ …
ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ …
နှာခေါင်းရှုံ့ လက်ခါမလား … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် …
တစ်ခေါက်လောက် မင်းလာကြည့်တော့ သူငယ်ချင်း …


သီချင်းလေးကို ဒီနေရာကနေဒေါင်းလိုက်ပါ .....။

Moe Eaint Phyu

ရောင်းကုန်အသစ်  

Posted by မိုးအိမ့်ဖြူ
undefined undefined,
undefined

ကဗျာစာအုပ်ထဲသို့ ကျားသစ်တစ်ကောင်ဝင်လာနေသည်

ထောင့်ကျဉ်းများကိုမြင်တွေ့ ကတည်းက ဂျီသြမေတြီ ဘာသာရပ်ကို မဖြေဆိုတော့ရန်

ကျွန်တော်ဆုံးဖြတ်လိုက်ပါသည်။

တစ်ခါတစ်ရံ သိပ်အထီးကျန်ဆန်နေတယ် မထင်ဘူးလား

မှန်ထဲမှာလို လူတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် ပြုံးကြည့်၊မဲ့ကြည့်၊ပဋိဇီဝစကားပြောကြည့်

အမည်ကတော့ .....မေးတော့မှဖြေပါ။

ကျွန်တော် တမင်ခက်ခဲအောင်လုပ်နေတယ်ဆိုတာ မဟုတ်ပါဘူး

ဒီမှာကြည့် ကျွန်တော့်လက်တွေ ဘယ်သူ့ ကိုမဆို ဘယ်သူနဲ့ မဆို

လက်ဆွဲနှုတ်ဆက် ဖက်လှည်းတကင်း ရင်းနှီးဆက်ဆံချင်သူပါ

ခက်တာကကျွန်တော့်မှာ အချက်အလက်တွေလည်းမပြည့်စုံ

ရှိသမျှကလည်း ကို့ ယို့ ကားယား ၊ဒီကြားထဲမှားတွဲချိတ်

ကိုယ့်အချက်အလက်နဲ့ ကိုယ်ပက်လက်လန်၊အလယ်အလတ်လမ်းစဉ်မှာ

အကြိမ်ကြိမ် ခလုတ်တိုက်....။

ဘာသာစကားနဲ့ ကာလတရားဆုံဆည်းကြတဲ့ စိတ်ပြင်မှာ

ဘာသာစကားနဲ့ ကာလတရား ကိုယ့်ကိုထွန်ယက်သွားကြတာ

သစ်ခက်နဲ့ ပွင့်ရွက်လို ကိုယ့်ကို ယှက်ဖွဲ့ သွားကြတာ...။

ရောင်းကုန်ရဲ့ လူ့ တန်ဖိုး ကို စွဲလန်းခြင်းဝေဒနာနဲ့ လက်ကျန်လက်ကိုင်အမှန်တရား

တမြိုမြို.....တစို့ စို့ .......။

ပုံသေမရှိတဲ့ သေပုံသေနည်းအမျိုးမျိုး တို့ ရဲ့ကကြိုးအောက်မှာဘယ်ဟာနဲ့ ဈေးတည့်မလဲ..။

”ထီထိုးတာ လူပေါက်သွားတယ်” လို့ ကြားတယ်

မနှဲလေးဖြစ်ဖြစ်၊အဘဘိုးမင်းခေါင်ဖြစ်ဖြစ်၊မင်းကြီးမင်းလေးနဲ့ ဖြစ်ဖြစ်၊ကိုကြီးကျော်နဲ့ ဖြစ်ဖြစ်..........ဖြစ်ဖြစ်

ဈေးမဆစ်နဲ့ .....တောင်းရင်ပေးလိုက်...။

ငွေကြေးလား၊ကြင်နာမှုလား၊ရောဂါလား

အဲဒီထဲမှာ အတုဖြစ်ဖြစ် အချစ်ကလေး နည်းနည်းမပါဘူးလား

မိုးသားများညို့ လာခိုက်....။

တံခါးဟင်းလင်းပွင့်ကျန်ခဲ့သည်လား စေ့စေ့တင်းပိတ်ကျန်ရစ်သည်လား

မမှတ်မိတော့ပါ...။

ကျကျနနထိုင်နေမိတဲ့ ထိုခဏဟာလည်း ဆည်းဆာအိုအို

ဖြစ်နေတတ်ပြန်ရဲ့...။

လည်ညောင်းအောင်မော့်ကြည့်မှ မြင်နေကျကောင်းကင်တစ်စကို

စနိုးစနောင့်ငေးကြောင်မိပြန်......။

ဟောင်းမြည့်နေတဲ့ သက္ကရာဇ်တွေ ၊ပေါက်ပြဲနေတဲ့ရာသီဥတုတွေ

ဝါကျင့်နွမ်းရော်နေတဲ့ သံစဉ်တွေ

ထိုင်းမှိုင်းလေးလံနေတဲ့ စာသားတွေ....။


Moe Eaint Phyu

ရွေ့ရှားနေသော ဓာတ်ပုံလေးများ ပြုလုပ်နည်း  

Posted by မိုးအိမ့်ဖြူ
undefined undefined,
undefined

ဒီအကြောင်းလေးကတော့ ကျွန်တော် ဘလောခ့်တခုကိုသွားရင်း နဲ့ ဒီအကြောင်းလေး ရေးမိတာပါ....။ အပေါ်မှာပြထားသလိုမျိုးလေး ပေါ်ချင်တယ်ဆိုရင်တော့.......

သင့် Blog Login ကိုဝင်ပြီး Layout>> Html Edit ကိုဝင်ပြီး အောက်က Code ကိုအရင်ရှာလိုက်ပါ...။



</head>



အပေါ်က Code ကိုတွေ့ရင် အောက်က Code တွေကို ကူးပြီး အဲဒီ Code ရဲ့အောက်မှာထည့်ပြီး Save မှတ်လိုက်ပါ..။


<script type="text/javascript" src="http://sites.google.com/site/moeeaintphyu/Home/MEPcrawler.js?attredirects=0"></script>



ပြီးသွားရင်တော့ save မှတ်လိုက်ပါ...။ ပြီးရင်တော့ Layout>> Page Element>> Add a Gadget>> Javascript/HTML ကိုရွေးပြီး အောက်က လင့်တွေကို ကူးပြီးတင်လိုက်ပါ..။ လင့်တွေရဲ့နေရာမှာ သင်တင်ချင်သောပုံတွေရဲ့ လင့်တွေကို ထည့်သွင်းအသုံးပြုရမှာပါ...။





<div class="marquee" id="mycrawler">
သင့်ဓာတ်ပုံလေးတွေကို ဆိုဒ်တွေ ညီအောင်လုပ်ထားရင်တော့ပိုအဆင်ပြေပါတယ်...။ မညီတော့ ကြည့်လို့မလှဘူးပေါ့..။ ပုံလေးတွေကို နှေးစေချင်ရင် Mouse နဲ့ထောက်ထားရင် နှေးနေပါလိ့်မ်မယ်..။ မြန်စေချင်ရင်တော့ Mouse ကို ပုံထွက်လာတဲ့ ထောင့်လေးမှာ Mouse ကို ထားလိုက်ရင် ပုံတွေကို အမြန်ကြည့်နိုင်ပါတယ်...။
</div>

<script type="text/javascript">
marqueeInit({
uniqueid: 'mycrawler',
style: {
'padding': '5px',
'width': '450px',
'background': 'lightyellow',
'border': '1px solid #CC3300'
},
inc: 8, //speed - pixel increment for each iteration of this marquee's movement
mouse: 'cursor driven', //mouseover behavior ('pause' 'cursor driven' or false)
moveatleast: 4,
neutral: 150,
savedirection: true
});
</script>

<div class="marquee" id="mycrawler2">
<img src="http://www.q92radio.com/UserFiles/Boys-Like-Girls-Love-Drunk-300x300.jpg" /> <img src="http://listentocrossway.com/blog/wp-content/uploads/2008/12/unfailing-love-cover-300x300.jpg" /> <img src="http://ravensandvultures.com/wp-content/uploads/2008/12/last_love_cover-300x300.jpg" /> <img src="http://upload.wikimedia.org/wikipedia/en/f/f9/LOVE.jpg" /> <img src="http://planetill.com/wp-content/uploads/2009/08/chem20love-300x300.jpg" />
</div>

<script type="text/javascript">
marqueeInit({
uniqueid: 'mycrawler2',
style: {
'padding': '2px',
'width': '600px',
'height': '180px'
},
inc: 5, //speed - pixel increment for each iteration of this marquee's movement
mouse: 'cursor driven', //mouseover behavior ('pause' 'cursor driven' or false)
moveatleast: 2,
neutral: 150,
savedirection: true
});
</script>




Moe Eaint Phyu

အဆင့်လိုက်ထပ်ထားသော Menu  

Posted by မိုးအိမ့်ဖြူ
undefined undefined,
undefined

ဒါကတော့ ပထမဆုံးမြင်ရသော ပုံလေးပါ....။ "သင်ထည့်ချင်သောလင့်နာမည်" ကိုနှိပ်လိုက်ရင် တော့ နောက်ထပ် တဆင့်ပြောင်းသွားပါလိမ့်မယ်...။


"သင်ထည့်ချင်သောလင့်နာမည်" ကိုနှိပ်လိုက်လို့ အခုလိုပြောင်းသွားတဲ့ပုံစံလေးပါ...။ "လင့်နောက်တစ်ခု" ကို ထပ်နှိပ်လိုက်ရင်တော့ နောက်ထပ် တဆင့်ကို ရောက်သွားပါလိမ့်မယ်...။ အဲဒီလို အဆင့်လိုက်ထပ်ထားတဲ့ Menu ဘားတန်းပါ....။ သင်လိုချင်တော့ အရင်ဆုံး Blog ကို ၀င်လိုက်ပါ...။

ပထမဆုံး အောက်က လင့်တွေကို ဒေါင်းလုဒ် လုပ်လိုက်ပါ....။

MEP.js
drilldownmenu.css
drilldownmenu.js

ဒေါင်းလုပ်ယူထားတဲ့ လင့်ကို အောက်ကနေရာက တစ်ခုခုမှာ အကောင့်ဖွင့်ပြီး Upload တင်လိုက်ပါ...။ အခုလို ကိုယ်ပိုင် လင့်နဲ့လုပ်ခိုင်းတာကလဲ အသုံးပြုသူများရင် လင့်မနိုင်မှာ စိုးလို့ ကိုယ်ပိုင်လင့်နဲတင်ခိုင်းလိုက်တာပါ ..။ ကျွန်တော် ပေးထားသော Code ကို ကူးပြီးတင်လို့မရပါဘူး...။ ဘာကြောင့်လဲဆိုတော့ လင့် ကိုအပြည့်ဖေါ်ထားတာ မဟုတ်သော ကြောင့် အပေါ်ကလို မျိုးပေါ်မှာမဟုတ်ပါဘူး.....။


ပြီးသွားရင်တော့ အောက် အရောင်လိုက် ပြထားတဲ့လင့်နေရာအလိုက်မှာသွင်းလိုက်ပါ ....။အားလုံး ပြီးလျှင်တော့ သင်ရဲ့ Blog ထဲက Layout -> Edit HTML ထဲက အောက်က Code ကိုရှာလိုက်ပါ...။

<head>


အပေါ်က Code ကိုတွေ့ရင် အောက်မှာရှိတဲ့ Code ကို ကူးပြီး အဲဒီ Code အောက်မှာထည့်လိုက်ပါ....။


<!--Make sure your page contains a valid doctype at the very top-->

<script src='http://sites.google.com/site/moeeaintphyu/Home/MEP.js' type='text/javascript'/>

<link href='http://sites.google.com/site/moeeaintphyu/Home/drilldownmenu.css' rel='stylesheet' type='text/css'/>

<script src='http://sites.google.com/site/moeeaintphyu/Home/drilldownmenu.js' type='text/javascript'>

</script>

<script type='text/javascript'>

var mymenu=new drilldownmenu({
menuid: &#39;drillmenu1&#39;,
menuheight: &#39;auto&#39;,
breadcrumbid: &#39;drillcrumb&#39;,
persist: {enable: true, overrideselectedul: true}
})

</script>



ဲပြီးရင် Save မှတ်လိုက်ပါ ...။ နောက်တဆင့်အနေနဲ့ သင် Layout >> Page element >> Add a Gadget>> Javascript/html ကိုရွေးပြီး အောက်က Code တွေကို ကူးထည့်ပြီး Save မှတ်လိုက်ပါ...။


<div id="drillcrumb"></div>

<div id="drillmenu1" class="drillmenu">
<ul>
<li><a href="http://www.moeeaintphyu.net/">မိုးအိမ့်ဖြူ</a></li>
<li><a href="http://www.eainmathlaing.com/">အိမ်မက်လှိုင်း</a></li>
<li><a href="#">သင့်ထည့်ချင်သောလင့်နာမည်</a>
<ul>
<li><a href="#">လင့်နာမည် ၁</a></li>
<li><a href="#">လင့်နာမည် ၂</a></li>
<li><a href="#">လင့်နာမည် ၃</a></li>
<li><a href="#">လင့်နောက်တစ်ခု</a>
<ul>
<li><a href="#">အားကစားလင့်နာမည် ၁</a></li>
<li><a href="#">အားကစားလင့်နာမည် ၂</a></li>
<li><a href="#">လင့်နောက်တစ်ခု</a>
<ul>
<li><a href="#">လင့်နာမည် ၁</a></li>
<li><a href="#">လင့်နာမည် ၂</a></li>
<li><a href="#">လင့်နာမည် ၃</a></li>
<li><a href="#">လင့်နာမည် ၄</a></li>
<li><a href="#">လင့်နာမည် ၅</a></li>
</ul>
</li>
<li><a href="#">အားကစားလင့်နာမည် ၃</a></li>
</ul>
</li>
<li><a href="#">လင့်နာမည် ၄</a></li>
<li><a href="#">လင့်နာမည် ၅</a></li>
<li><a href="#">လင့်နာမည် ၆</a></li>
<li><a href="#">လင့်နာမည် ၇</a></li>
<li><a href="#">လင့်နာမည် ၈</a></li>
</ul>
</li>
<li><a href="#">ဖျော်ဖြေရေးလင့်</a>
<ul>
<li><a href="#">ဖျော်ဖြေရေးလင့် ၁</a></li>
<li><a href="#">ဖျော်ဖြေရေးလင့် ၂</a></li>
<li><a href="#">ဖျော်ဖြေရေးလင့် ၃</a></li>
<li><a href="#">ဖျော်ဖြေရေးလင့် ၄</a></li>
<li><a href="#">ဖျော်ဖြေရေးလင့် ၅</a></li>
<li><a href="#">ဖျော်ဖြေရေးလင့် ၆</a></li>
<li><a href="#">ဖျော်ဖြေရေးလင့် ၇</a></li>
<li><a href="#">ဖျော်ဖြေရေးလင့် ၈</a></li>
<li><a href="#">ဖျော်ဖြေရေးလင့် ၉</a></li>
<li><a href="#">ဖျော်ဖြေရေးလင့် ၁၀</a></li>
</ul>
</li>
<li><a href="http://www.zaung.net/">ဇောင်း</a></li>
<li><a href="#">သွားနေကျနေရာများ</a>
<ul>
<li><a href="#">Blog နာမည် ၁</a></li>
<li><a href="#">Blog နာမည် ၂</a></li>
<li><a href="#">Blog နာမည် ၃</a></li>
<li><a href="#">သင်ကြိုက်ရာများ</a>
<ul>
<li><a href="#">သင်ကြိုက်ရာများ ၁</a></li>
<li><a href="#">သင်ကြိုက်ရာများ ၂</a></li>
<li><a href="#">သင်မကြိုက်တဲ့အရာများ</a>
<ul>
<li><a href="#">သင်မကြိုက်တဲ့အရာများ ၁</a></li>
<li><a href="#">သင်မကြိုက်တဲ့အရာများ ၂</a></li>
<li><a href="#">သင်မကြိုက်တဲ့အရာများ ၃</a></li>
<li><a href="#">သင်မကြိုက်တဲ့အရာများ ၄</a></li>
<li><a href="#">သင်မကြိုက်တဲ့အရာများ ၅</a></li>
</ul>
</li>
<li><a href="#">သင်ကြိုက်ရာများ ၃</a></li>
<li><a href="#">သင်ကြိုက်ရာများ ၄</a></li>
<li><a href="#">သင်ကြိုက်ရာများ ၅</a></li>
</ul>
</li>
</ul>
</li>
<li><a href="http://www.nweyoe.net/">နွယ်ရိုး (လင်းထက်)</a></li>
</ul>
<br style="clear: left" />
</div>

<a href="#" rel="drillback-drillmenu1"><img src="backbutton.jpg" style="border-width:0; margin:10px 0 10px 17px" /></a>


ပြီးသွားရင် Save မှတ်လိုက်ပါ...။ အောက်မှာပြထားတာကတော့ သင်လင့်ထည့်ရမည့် နေရာပါ...။

#ဆိုတဲ့ နေရာမှာ သင်ထည့်ချင်သောလင့်ကို သွင်းရမှာပါ


အားလုံးကိုတော့ အကောင်းဆုံးရှင်းလင်း နေအောင် အတတ်နိုင်ဆုံး ပြုလုပ်ပေးထားပါတယ်...။ နားမလည်ဘူးဆိုရင်တော့ ကျွန်တော့ ညံဖျင်းမှုကြောင့်ပါ.......။ အားလုံးအဆင်ပြေနိုင်ကြပါစေ....။

Moe Eaint Phyu

Real Time Web Analytics