Upload File Size များများ Free တင်နိုင်ပြီ
undefined
အခုဒီပိုစ့်လေးကတော့ File Size များများကို တစ်ခါတည်း တင်ချင်သူများအတွက်ပါ....။ Free Upload တင်ခွင့်ပေးတဲ့ ဆိုဒ်တွေထဲမှာတော့ အများဆုံးတင်နိုင်တဲ့နေရာလေးတစ်ခု ဖြစ်ပါတယ်...။ ဒီဆိုဒ်ကတော့ အပိုင်းနှစ်ပိုင်းပေးထားပါတယ် ...။ တစ်ပိုင်းကတော့ ဖိုင်တွေတင်ရန်အတွက် 10 GB ကိုတခါတည်း တင်လို့ ရပါတယ်...။ နောက်တစ်ခုကတော့ Video File များ Music File များ တင်ဖို့ ရန်အတွက် 2 GB ပေးထားပါတယ်...။ ဒါကြောင့် Free Upload ဖိုင်တွေတင်ရာမှာတော့ တကယ်ကို အများကြီးကို တပြိုင်တည်း အသုံးပြုနိုင်တဲ့နေရာလေးဖြစ်ပါတယ်..။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့တွေ ဖိုင်များရင် ခွဲပြီးတင်စရာမလိုပဲ တခါတည်းတင်နိုင်တဲ့ နေရာလေး တစ်ခုပဲ ဖြစ်ပါတယ်..။ ကိုယ်က ပြန် Share လုပ်ရမှာလည်း တစက္ကန့် ကို 145 KB နဲ့ ပြန် Download လုပ်နိင်တဲ့ အတွက် Share လုပ်ရာမှာလည်း တချို့ သော File Share တွေ ထက်စာရင်တော့ အများကြီး ကောင်းမွန်တာကို တွေ့ရပါလိမ့်မယ်...။
ဒီင်္နေရာလေးမှာသွားရောက်ကြည့်နိုင်ပါတယ်...။
http://www.filezzz.com/
နောက်တစ်ခုကတော့ အပေါ်က လိုတော့ မဟုတ်ပါဘူး သူကတော့ Email အကောင့်တစ်ခုမှာ Free Upload တင်ခွင့် 50 GB ပေးထားတယ်လေ တစ်ခါ တင်ရင် ကြိုက်သလောက် တင်လို့ရတယ် ဒါပေမယ့် 750 MB လောက်ကို တင်ရင်တော့ ပုံမှန်လောက်ဆို အကောင်းဆုံးပါပဲ ဘာဖိုင်တင်တင် လက်ခံတဲ့ ဆိုဒ်တစ်ခုပါပဲ...။ ဒေါင်းလုဒ် ပြန်လည်ဆွဲရာမှာလဲ တစက္ကန့် ကို 130 KB ကျော်ကျော်နဲ့ ပြန် Download လုပ်နိင်တဲ့ အတွက် Share လုပ်ရာမှာလည်း တချို့ သော File Share တွေ ထက်စာရင်တော့ ကောင်းမွန်တယ်လို့ပြောလို့ရပါတယ်..။
ဒီနေရာလေးမှာသွားရောက် အကောင့်ဝင်ရမှာပါ...။
http://www.adrive.com/
နောက်ထပ်တစ်ခုကတော့ လည်း အံမခန်းပါပဲ Free Upload တွေထဲမှာတော့ အများဆုံးပါပဲ မည့်သည့်ဖိုင်ကို မဆို တခါတည်းတင်ခွင့်ရမယ့် နေရာလေးပါ ...။ ကောင်းပါတယ် တော်တော်လေးကို လဲ မြန်ပါတယ် ဒီနေရာပေးထားတာကတော့ တခါတင်ခွင့်ကို 100000 MB တင်ခွင့်ရမှာဖြစ်ပါတယ်..။ မည့်သည့် ဖိုင်ကို မဆိုတင်ခွင့်ရမှာဖြစ်သလို့ ဒေါင်းလုဒ် ပြန်လည်ဆွဲရာမှာလဲ တစက္ကန့် ကို 130 KB ကျော်ကျော်လောက်နဲ့ ပြန် Download လုပ်နိင်တဲ့ အတွက် Share လုပ်ရာမှာလည်း တချို့ သော File Share တွေ ထက်စာရင်တော့ ဒီဟာကတော့ အတော်ကောင်းမွန်တယ်လို့ပြောလို့ရပါတယ်..။
ဒီနေရာလေးမှာသွားရောက် ကြည့်နိုင်ပါတယ်...။
http://www.filebox.com/
3 comments