တွေးကြောက်မိပါတယ်
undefined
ချော်လဲရင်း ချောင်းဆိုးရင်း
မီးပွိုင့်မှာ စိတ်ပိုင်းဟာ
သုံးမရသော အတိတ်တွေထဲ နစ်မြုပ်နေတယ်
နေမှုထိုင်မှုတွေမလွဲရင် နေ့ ညတွေလွဲသွားတယ်
အဝေးရောက်ငတ်မွတ်မှု၊ ပုံရိပ်တွေ
ဖုံးဖိထားတဲ့ မိမိကိုယ် မိမိတို့ ရဲ့ အရိပ်တွေထဲ
ဟုတ်ဟုတ်မဟုတ်ဟုတ်/မှန်မှန်မှား မှား
ငါနဲ့ မဆိုင်တဲ့ မေးခွန်းတွေ
ဂဏ္ဍာန်းတွေလို ဘေးတိုက်တွားလို့ ။
မီးဘေးဒုက္ခသည် ထမင်းထုပ်လို
ငါ့ခရီးကို ဖြည်ကြည့်တယ်
ငြမ်းဆင်ခဲ့ဖူးတဲ့အရာလို
ဟိုးတောင်ကွယ်မှာ နေ၀င်နေပုံ
ငါ့ထိုင်ခုံလက်မှတ်သည်၎င်း
ငါ့မှတ်ပုံတင်နံပါတ်သည်၎င်း
ဖွဲ့ နေဆဲဇာတ်လမ်းရဲ့
အိတ်ကပ်ထဲပါမပါ
ဆိုလိုတာက
ငါဟာမလွယ်ပေါက်ကချောင်းကြည့်နေသူပါ
ငါဟာ ခွဲစိတ်ထားတဲ့မျက်လုံးကပတ် တီး
တရစ်ပြီးတရစ် ဖြည်ချနေသူပါ
ငါဟာမှန်ထဲမှာ မြင်ရတော့မယ့် ပုံရိပ်ကို
သူများတွေ ဘယ်လိုဆက်ဆံမလဲ
သွေးအေးအေးနဲ့ သိချင်နေသူပါ။
လဟာကြေးစားလူသတ်သမား
အကျွမ်းဝင်ဆုံးလက်နက်ဟာ
အိပ်စက်စေခြင်း
အိမ်မက်တွေနှိုက်လိုက်တာ
ပညာသားပါလွန်းတယ်
အလိုတူအလိုပါ လို့ တောင်ထင်မိ။
(မိမိကိုယ်မိမိသိပါ)
ဒါဟာသူ့ ရဲ့ စိတ်တွင်းဒိုင်ယာလော့(ဂ်)
သူဘယ်သူမှ အသိမပေးတဲ့ လဲလှယ်ခြင်း
တစ်ယောက်ယောက်ကစိတ်မနှံ့ အမြဲဖြစ်နေတယ်
မင်းကိုမတွေ့ ရမှာ ငါသေမလောက်ကြောက်တယ်
ချစ်သူ...
0 comments