စိတ်ညစ်စရာတွေ နဲ့ ရောထွေးနေတဲ့ နေ့တနေ့
undefined
မနေ့ ကျွန်တော့်တို့ရဲ့ မာလ်ပလိုင်းဆိုတဲ့ နေရာလေးမှာ ခင်မင်လာကြတဲ့ ဇောင်း နဲ့ မတွေ့တာကြာတော့ စကားပြောရင် သူ့ဘလောခ်လင့်ခ် လေးကိုရတာနဲ့ သူ့ဘလောခ့်ကို သွားပြီး ဟိုစာလိုက်ဖတ်ဒီစာလိုက်ဖတ်ရင်းနဲ့ပဲ စာလေးတစ်ခုသွားဖတ်မိတယ်လေ..။ အဲဒါကတော့သူ့ရဲ့ကြော်ငြာလေးပါ။ ဒီနေရာလေးက စာကိုဖတ်မီရင်း စကားတွေလျှောက်ပြောရင်နဲ့ပဲ ...၊ အကောင့် Domain လေးတစ်ခု ၀ယ်ဖြစ်သွားတယ်လေ...။ ဒီလိုနဲ့ပဲ အရင် သုံးနေတဲ့ http://www.moeeaintphyu.blogspot.com/ ကနေ http://www.moeeaintphyu.net/ အဖြစ်ကိုရောက်သွားတော့တာပေါ့ ။ ဒီနေ့တော့ အားတာနဲ့ ရုံးမှာ အလုပ်မလုပ်ပဲ ဘလောခ့်ထိုင်ပြင်နေလိုက်တယ်...။ အဲဒီမှာစတော့တာပဲ ပြဿနာက ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်းဖြစ်နေကြဖြစ်တဲ့ ဘလောခ့် Template ပြောင်းရင် ဖြစ်နေကြဖြစ်တဲ့ Gadget တွေပေါ့..။ အဲဒါတွေ မပျောက်ချင်လို့ လုပ်ပါတယ်ဆိုမှ အကုန်ပျက်ကုန်တယ်လေ..။ အဖြစ်က ဒီလိုလေ အရင်ဆုံး လိုသမျှဟာလေးတွေကို Notepad ထဲကူးထည့်ထားလိုက်တယ်လေ ပြီးတော့ အလုပ်လေးပေါ်လာလို့ ထလုပ်လိုက်တာ ကွန်ပြူတာပါဝါကြိုးကို ခလုတ်တိုက်ပြီး ရှိသမျှဟာတွေ အကုန်ပျောက်ကုန်ရော...။ Save မမှတ်လိုက်ရသေးတော့ သိပ်စိတ်ညစ်သွားတယ်နောက်တော့ အစကနေပြန်လုပ်ရတော့တာပေါ့..။ ဒါနဲ့ အားလုံးပြန်လုပ်လို့ ပြီးသွားတော့ Flash Header လုပ်တာ Upload တွေဘာတွေ အကုန်လုပ် ပြီး ထည့်မရဖြစ်လို့ လုပ်နေတာ တော်တော့်ကို ကြာသွားတယ် နှစ်နာရီလောက် ရှိမယ်ထင်တယ် ထိုင်ပြီးထည့်နေတာ ဘယ်လိုမှ မရဘူး...။ စိတ်ညစ်ပြီးမလုပ်တော့ပဲ ပြစ်ထားလိုက်တော့တယ် ။ အမှန်သုံးချင်တဲ့ပုံစံလေးက ဒီဟာလေးကို သုံးချင်တာပါ..။ ဘယ်လိုမှ မလုပ်တတ်တော့ဘူး ကျွန်တော် ကပဲ ညံ့လို့လား ပိန်းလို့ပဲလား မသိပါဘူး ...။ တော်တော် မူးနောက်လာလို့ သိရင်လည်းပြောပြပေးကြပါနော်..။ ကျွန်တော် ဘယ်လိုလုပ်ရမလဲ ဆိုတာလေးကိုပေါ့...။ ကျွန်တော် သိသလောက်လုပ်တာ မရလို့ပါ...။
1 comments