Posted by မိုးအိမ့်ဖြူ

အဝေးတစ်နေရာမှာ ချစ်သူတစ်ယောက်
အဖော်မပါ မကျန်းမာကာ
ခွဲစိတ်ခန်းဝင် သတ္တိတွေမွေးလို့
ဖြူရဲ့ချစ်ခြင်း မောင့်သတ္တိအဖြစ်အသွင်ပြောင်းကာ
မောင် ကျန်းကျန်းမာမာရှိပါစေစ။

Moe Eaint Phyu

အကြိမ်ကြိမ်မှားယွင်းခြင်းရဲ့လမ်းစ  

Posted by မိုးအိမ့်ဖြူ

အခုအကြောင်းလေးကိုတော့ ကျွန်တော့် ကိုငယ်စဉ်က အဖေပြောပြဖူးတာလေးပါ...။ ဘ၀မှာအောင်မြင်ဖို့ဆိုရင် အရှုံးကိုအရင် ရင်ဆိုင်ရဲမယ်တဲ့ လေ .... အဲဒီအကြောင်းလေးကို အဖေသာဓကလေးနဲ့ ပြောပြခဲ့တယ်..။ အဲဒါကတော့ ရုရှားသိပ္ပံပညာရှင်နဲ့ အမေရိကန် သိပ္ပံပညာရှင်ရဲ့ အကြောင်းလေးနဲ့ ရှင်းပြခဲ့ဘူးပါတယ်....။ အဲဒီတုန်းက စစ်လက်နက်အတွက် ဒုံးပျံကို အပြိုင်အဆိုင် စတင်တီထွင် နေချိန်ပါ...။ အမေရိကန် သိပ္ပံပညာရှင် ဟာ စမ်းသပ်မှုသုံးကြိမ် ပြုလုပ်ခဲ့ယုံမျှနဲ့ ဒုံးပျံ ဂြိုလ်တုတို့ရဲ့ ဖခင်ပြောနိုင်မယ် V2 ဒုံးကျည်ကို တီထွင်နိုင်ခဲ့ပါတယ်....။ ထိုနောက်မှာ အမေရိကန်တွေကြီးစိုးလာခဲ့ကြပါတယ်...။ ဒါကို သိတဲ့ရုရှားကအကြီးအကဲတွေဟာ ရုရှားသိပ္ပံပညာရှင် ကိုခေါ်ယူတွေဆုံခဲ့ကြပါတယ်...။ အဲဒီတွေဆုံမှု မတိုင်မိမှာ ရုရှားသိပ္ပံပညာရှင်ဟာ ဒုံးပျံအတွက် အမှားပေါင်း တစ်သောင်းကျော်ကို မှားယွင်းခဲ့ပါတယ်..။ ရုရှားအကြီးအကဲတွေက သူအား ဖိအားပေးတောင်းဆိုလာခဲ့ကြချိန်မှာ ရုရှားသိပ္ပံပညာရှင်ဟာ အေးအေးလေးပဲ ပြောဆိုခဲ့ပါတယ် ...။ " အမှားတစ်ခုတွေ့ချင်ဟာ အမှန်တော့ကောင်းမွန် ပြီးပြည်စုံတဲ့ အရာကို ပိုင်ဆိုင်နိုင်ဖို့ပါ" လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်...။ နောက်တော့ ရုရှားသိပ္ပံပညာရှင်ဟာ ရုရှားနိုင်ငံအတွက် ဒုံးကျည်ကို ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်..။ အဲဒီအချိန်မှာတော့ အမေရိကန်သိပ္ပံပညာရှင်ဟာ သူ့အမှားများကြောင့် စစ်သုံးစရိတ် ဖြန်းတီးမှုနဲ့ ထောင်ကျသွားပါတယ်...။ ရုရှားသိပ္ပံပညာရှင် ကတော့ သူရဲ့အောင်မြင်မှုကြောင့် ရုရှားနိုင်ငံရဲ့ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ၀န်ကြီးဖြစ်လာပါတော့တယ်..။


ဘာကိုရည်ညွန်းလဲဆိုတာကို နားလည် သဘောပေါက်လိမ့်မယ် လို့ထင်ပါတယ်...။ ကျွန်တော်ပြောတာ နားမလည်ရင်တော့ ဒါဟာ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့်ပါ



လက်ခံထားဆဲ  

Posted by မိုးအိမ့်ဖြူ

စံပယ်တွေ ပေါင်းလန်အောင်ပွင့်ကြပြီး နတ်ဆိုးတွေ မာန်ဖီနေကြတယ်လေ..။ ဒီနေ့တော့ ဘာအပြိုးနဲ့မှန်းမသိတဲ့ မိုးနဲ့အတူ ကျွန်တော် ကျောင်းတော်ကို စတင်ခြေချလိုက် ပါတယ်…။ ဒီနေ့ကတော့ ကျွန်တော်တက္ကသိုလ်စတတ်ရတဲ့နေ့လေးပေါ့…။ ဒီလိုနဲ့ ဖယ်ရီကားပေါ်ကနေ ပြေးဆင်းပြီး မလေးရှားပိတောက်ပင်လေးအောက်မှာပြေးရပ်နေလိုက်တယ်..။ မိုးတိတ်တော့မှ သွားရမယ့် ပုံစံပါပဲ ဒါနဲ့ မိုးတိတ်မယ့်အချိန်လေးကို စောင့်ရင်းနဲ့ သူများတွေကို လိုက်ကြည့်နေလိုက်တယ်..။ သူတို့ကတော့ ထီးကိုယ်ဆီ နဲ့ ချစ်သူစုံတွဲ တစ်ချို့ ကလည်း သူတို့ ထီးကိုယ်ဆီလေးတွေနဲ့ပေါ့…။ ဒါတွေကြည့်ရင်း နဲ့ အတွေးတစ်ချို့ဆီကို ဦးတည်သွားခဲ့တယ်…။

သားငယ်ထတော့လေ ကျောင်းက ဒီနေ့တက်ရမှာမဟုတ်လား …။ ထ ထ မျက်နှာသစ် ဘာလုပ်နေတာလဲ မြန်မြန်ထလေ ဖယ်ရီနောက်ကျနေဦးမယ်…

ဒါနဲ့ကျွန်တော်လူးလဲထပြီး ရေချိုးပြင်ဆင်လိုက်တယ်…

သားငယ် စားပွဲပေါ်မှာ ကော်ဖီနဲ့ မုန့်စားသွားနော်… မနက်စာမစားရင် ဗိုက်ဆာနေဦးမယ်..
ဒီနေ့မိုးရွာမယ်ထင်တယ် ထီးလဲယူသွားဦးနော် မမေ့နဲ့..


ငယ်စဉ်ကတည်းက အမြဲ မေ့တတ်သော ကျွန်တော့် ကို အမေကသတိပေးနေတာကို သတိပေးတတ်သော အမေကို ကျွန်တော် ပြုံး ပြီ ပြောလိုက်ပါတယ်…

ဟုတ်ကဲ့ပါ မေမေရဲ့ သားမမေ့ပါဘူးဗျ..

ပြောရင်း နာရီကြည့်လိုက်တော့ ဖယ်ရီနောက်ကျတော့မယ် ဒါနဲ့သောက်လက်စ ကော်ဖီကို အမြန်မော့သောက်လိုက်မိတယ်

အား……

ဘာဖြစ်တာလဲ သားငယ်….

ဟိဟိ ကော်ဖီသောက်လိုက်တာ လျှာကျပ်သွားလို့ …..

ဟင်း………. ဖြစ်ရမယ် ဒီကောင်လေးကတော့

မေမေ့သားသွားပြီနော် တ့ာတာ

မေမေ့ကိုနှုတ်ဆက်ရင်း ဖယ်ရီအမှိ မြန်မြန်ပြေးထွက်ခဲ့ပါတယ်….။ ဖယ်ရီဂီတ်ကိုသွားဖို့က ကားဆီးရသေးတယ်လေ…။ ဖယ်ရီဂိတ်ကိုရောက်တော့ သက်ပြင်းချရင် ရေရွတ်လိုက်မိပါတော့တယ်..။

ဟူးတော်သေးတာပေါ့… မိသေးလို့

“ဟေ့ဒီမှာရှင့်”

အသံတခုကြောင့် ကျွန်တော်တွေးနေတာတောင်ဘယ်ရောက်မှန်းမသိပျောက်သွားပါတယ်..။ ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်က ကျွန်တော့အနားမှာ ရပ်ပြီး ကြည့်နေတယ်လေ…။ ကျွန်တော်လည်းကြောင် တောင်တောင်နဲ့ ပြန်ငေးကြည့်နေမိတယ်လေ…။ ပြီးတော့သူမက

ဘာကြည့်နေတာလဲ…..

ကျွန်တော်လည်း အထစ်ထစ်အငေါ့ငေါ့နဲ့

ဟုတ်…. မဟုတ်ပါဘူးဗျာ

ရှင်ဘယ်ကိုသွားမှာလဲ…..

ဗျာ….. ကျွန်တော် ကျောင်းကိုသွားမှာပါ…

ဒါ ကျောင်းမဟုတ်လို့ဘာတုန်း ရှင့်

ကျွန်တော်လည်း အယောင်ယောင်အမှားမှားတွေဖြစ်နေတယ်လေ သူ့ကိုကြည့်ပြီး….

မဟုတ်ပါဘူးဗျာ မှားသွားလို့ စာသင်ခန်းကိုပါ…

ဒါနဲ့ရှင်က ဘယ်မေဂျာကလဲ

ကျွန်တော် အင်္ဂလိပ်မေဂျာက ပါ…


ဒါဆို ကျွန်မနဲ့ အတူတူပဲ လိုက်ခဲ့လေ ကျွန်မလဲ အင်္ဂလိပ်မေဂျာကပါ.. ကျွန်မလည်းအဲဒီကိုသွားမလို့ပါ…


ဟုတ်ကဲ့…

ဒီလိုနဲ့ စာသင်ခန်းရှိရာကို သူနှင့် အတူတူသွားခဲ့ပါတယ်.. ထီးက မိန်းကလေးတွေ ဆောင်းထီးဆိုတော့ နှစ်ယောက်လုံးအတွက် သိပ်မလုံခြုံဘူးလေ.. ကျွန်တော်လည်းသူ ဆောင်းပေးတဲ့ ထီးအောက်မှာ ကိုယ်တခြမ်းစာလုံခြုံ ယုံလောက်သာ လိုက်ခဲ့မိတော့တယ်..။
ဟိုကြည့်ဒီကြည့်သွားရင်းနဲ့ ကျွန်တော်တို့ စာသင်ခန်းလေးဆိ ရောက်ခဲ့တယ်လေ….။ သူမ ထီးပိတ်ရင် ကျွန်တော့ကို စကားပြောလာတယ်


အော်ဒါနဲ့ ရှင့် အခန်းနံပါတ်က ဘယ်လောက်လဲ…

ကျွန်တော့ အခန်းက ၂၀၃ ပါ…

အော်ဒါဆို ကျွန်မအခန်းနဲ့ ဘေးချင်းကပ်ပေါ့… ကျွန်မက အခန်း ၂၀၄ ကပါ…ကျွန်မ သွားတော့မယ်နော်

ဟုတ်ကဲ့

စာသင် ချိန်တွေမှာ ဆရာတွေ တစ်ယောက်ပြီး တစ်ယောက်ပြောင်းပြီး စာတွေသွားခဲ့တာကို လိုက် ပြီး ကူးယူရေးမှတ်နေတယ်လေ.. အချိန်တွေကုန်လို့ ထမင်းစားချိန်အရောက်မှာ ကျွန်တော် Canteen ဘက်ထွက်လာခဲ့တယ်.. သူမအခန်းရှေ့ရောက်တော့ ကျွန်တော် သူမရှိမလား ကြည့်မိလိုက်တယ်.. သူမကိုတော့ မတွေ့မိပါဘူးဒါနဲ့ပဲ ခြေလှမ်းသွက်သွက် ထွက်လာခဲ့တယ် စာသင်ချိန်နောတ်ကျမှာလဲ ဆိုးတယ်လေ.. ဆိုင်ရှေ့ရောက်တော့ ကျွန်တော် ခုံလွတ်လေး တစ်ခုမှာ ၀င်ထိုင်လိုက်တယ်… ပြီးတော့ မှာစားဖို့အတွက်ပြင်လိုက်တယ်

အစ်ကိုရေ…..

ဟုတ်ကဲ့ ပြောပါ…..

စားစရာ ဘာတွေများရလဲ….

သူကတော့ မမောမပန်း ရွတ်ပြနေတာကို ကြည့်ရင်းနဲ့

ဒါဆို ကျွန်တော့ကို ထမင်းကြော် ပေးပါ..

ဘာသောက်ဦးမလဲ ခင်ဗျ

ဟုတ် ရေခဲရေ ရမလား ခင်ဗျ…

ရပါတယ်…… ကောင်လေးရေ ဒီကအစ်ကို အတွက် အေးချမ်းမေ လာပေးလိုက်ပါဦး

ကျွန်တော် ကြောင်သွားတယ်ဗျာ မှာတာရေခဲရေ ဘယ်ကအေးချမ်းမေ လာပေးခိုင်းနေပါလိမ့်လို့ တွေးမိလိုက်တယ်…။ ကောင်လေး တစ်ယောက် ခွက်လေးတစ်ခွက် ကိုင်ပြီး ကျွန်တော့ရှေ့လာချပေးသွားတယ်… ဒီတော့မှ တွေးမိတော့တယ် အော် ရေခဲရေပါလားလို့…. ဘယ်သိမလဲဗျာ ပထမဆုံးကျောင်းတတ်ဘူးတာဆိုတော့ အခေါ်အဝေါ် သိပ်မှ မသိတာ

ဒီနေရာမှာ ထိုင်လို့ရမလားရှင့်

ကျွန်တော့အနောက်ဘက်က ထွက်ပေါ်လာတဲ့ အသံပါ… လှည့်ကြည့်လိုက်တော့ ဟိုထီးအတူတူ ဆောင်းခဲ့တဲ့ ကောင်မလေးပါ..

ဟုတ်ရပါတယ်ခင်ဗျ ထိုင်ပါ

ကျွန်မထိုင်လို့အဆင်ပြေပါ့မလား…… ရှင့်သူငယ်ချင်း ဒါမှမဟုတ် ရှင့် ကောင်မလေး များစောင့်နေတာလား...

ဗျာ…. မဟုတ်ပါဘူး ဘယ်သူမှ မရှိပါဘူးဗျာ

ကျွန်တော်ဘာမှန်းမသိ သူမကို့ အကြောက်အကန် ငြင်းဆန်နေမိတယ်လေ… သူမကပြုံပြီး

ဟုတ်ကဲ့ ဒါဆိုထိုင်မယ်နော်

ဟုတ်

စားပွဲထိုးကောင်လေးက အနားရောက်လာပြီ

အစ်မ ဘာမှာဦးမလဲ ခင်ဗျ…

ဘာတွေရလဲ ဟင်…

ထုံးစံအတိုင်း ကောင်လေးက ရွတ်ပြတော့တာပေါ့ ပြီးတော့မှ သူမက

ဒါဆို ခေါက်ဆွဲကြော်ပေးပါနော်……. ရှင်ရော မှာပြီးးသွားပြီလား

ဟုတ် မှာပြီသွားပါပြီ

အစ်မ ဘာသောက်ဦးမလဲခင်ဗျ

ရေ ခဲရေလေးပဲပေးပါ

ရပါတယ်…… ကောင်လေးရေ ဒီကအစ်မ အတွက် အေးချမ်းမေ လာပေးလိုက်ပါဦး

သူမ မျက်နှာမှာ အံသြတဲ့ ပုံရိပ် ကောင်လေးကိုကြည့်နေတယ်လေ… ကျွန်တော်လည်း ပြုံးပြီ

သူ ရေခဲရေမှာတာပါ …

အော် မသိပါဘူးရှင်..

ခုဏကကျွန်တော် Canteen မလာခင်က ဒီက အစ်မ အခန်းထဲကြည့် ဖြစ်သေးတယ် မတွေ့လို့ ဒီဘက်ထွက်လာခဲ့တာ….

အော် ဟုတ်ပါတယ် ဆရာမ အခန်းကို ခဏသွားနေလို့ပါ… ဒါနဲ့ ရှင်နာမည်က ဘယ်သူလဲ

ကျွန်တော့နာမည် မိုးမခ ပါ

ဟင် ရှင့်နာမည် က တစ်မျိုးပါလား… ကျွန်မနာမည်က မေဇင် ပါ

ဟုတ်ကဲ့တွေ့ရတာ ၀မ်းသာပါတယ်… မနက်က ကျေးဇူးတင် စကားလေးတစ်ခွန်းတောင် မပြောလိုက်ရဘူး မနက်က လိုက်ပို့ပေးတဲ့အတွက် တခါတည်းပြောပါစေ ကျေးဇူးတင်ပါတယ်ဗျာ…

ရပါတယ် ရှင်

စကားပြောနေချိန်မှာပဲ စားစရာတွေရောက်လာတယ် ….. စားသောက်ပြီး ပိုက်ဆံရှင်းပြီးတော့ ကိုယ့်အခန်းကိုယ်စီ ကိုပြန်လာခဲ့ကြတယ်လေ.. ဒီလိုနဲ့ စာသင်ချိန်တွေ ပြီးတော့ အပြန် ဖယ်ရီဝန်း ဘက် ကိုထွက်လာခဲ့တယ် ဘာရယ် မဟုတ် သူမအခန်းထဲကို ကြည့်ရင်းလိုက်ရှာနေမီလိုက်တယ် ပြီးတော့မှ ဖယ်ရီဝန်းဘက်ကို ထွက်လာခဲ့တယ် ကိုယ်စိးရမယ့် ကားပေါ်တက်ပြီး လွယ်အိတ်ကို ဘေးနားချထိုင်လိုက်တယ်.. စောသေးတော့ ဟိုဟိုဒိဒိလိုက်ငေးနေမိတယ်…

ထိုင်လို့ရမလားဟင်…

ဟောတွေ့ပြန်ပြီဗျာ ဒီကောင်မလေးပဲ ကျွန်တော်အတွေးတွေ ချာချာလည်လည်လာတယ် ဘာလို့ ကျွန်တော့နောက် လိုက်နေပါလိမ့်ပေါ့..

ရှင်က ဘယ်ကိုပြန်မှာလဲ ဟင်

ကျွန်တော် အင်းလျှားရိပ်သာ ကိုပါ…

အော် ဟုတ်

ဒါနဲ့ မေဇင်က ရော

ရန်ကင်း ဂွတ္တလစ်ကိုပါ

အော် ဟုတ်လား အဲဒီမှာနေတာလား ခင်ဗျ

မဟုတ်ပါဘူး ရန်ကင်းစက်မှု့ ၁ မှာနေတာပါ

ဒါဆို ကား တစ်မှတ်တိုင်စီးရသေးတာပေါ့ ဟုတ်လား ..

ဟင့်အင်း လမ်းလျှောက်ပြန်တာပါ ….

အော် ဟုတ်

ဒီလိုနဲ့ပဲ စကားပြတ်သွား ပြီး အတွေးကိုယ်ဆီနဲ့ပဲ ပြန်လာခဲ့ကြတယ်လေ..။ အိမ်ရောက်တော့ လွယ်အိပ်ချပြီး ခဏအနားယူရင်း သီချင်းဖွင့်နားထောင်လိုက်မိတယ်… သူမနဲ့ ဒီနေ့ တွေခဲ့တာကို တွေးနေမိတာပေါ့ အဲဒီအချိန်မှာ

သားငယ် ဘယ်တုန်းကပြန်ရောက်တာလဲ

ခုဏလေးတင်ပါ မေမေ

အင်းဒါဆိုလဲ ခဏနားပြီး ရေချိုးလေ ပြီးရင် ထမင်းစားကြရအောင်

ဟုတ် မေမေ သား ခဏနေလာခဲ့ပါ့မယ်

ဒီလိုနဲ့ပဲစားသောက်ပြီး စာလုပ်စရာတွေလုပ်ပြီး အိပ်လိုက်တယ်လေ နောက်နေ့ကိုရောက်တော့လည်း ကျွန်တော် မမေ့အောင်မှတ်မှတ်ရရ အကုန်လုံးလွယ်အိပ်ထည် ကိုထည့်ပြီး ထည့်လာခဲ့တယ် ဒီနေ့တော့ ကျွန်တော် စောစော ဖယ်ရီဂိတ်ကို ရောက်နေခဲ့တယ်..လေ ဟိုကြည့်ဒီကြည့်နဲ့ သူမကို မသိစိတ်ကလိုက်ရှာနေမိတယ်… ဖယ်ရီကားသာရောက်လာတယ် သူမကို ကျွန်တော်မြင်ကွင်းထဲကို ရောက်မလာပါဘူး… ကျောင်းရောက်တော့ အခန်း ထဲကိုပဲတန်းသွားလိုက်တယ်လေ… ဒီလိုနဲ့ စာသင်ရင်း အချိန်တွေကိုဖြတ်ကျော်လိုက်တယ်
ဒီနေ့တော့ ဘယ်မှ မသွားပဲ စာသင်ခန်းထဲမှာပဲနေလိုက်တယ် ကျောင်းလွတ်တာနဲ့ ဖယ်ရီဂိတ်ကိုသွားတော့ သူမအခန်းကိုတော့ ကြည့်မိပါတယ် သူမ မရှိပါ ..။ ဒါနဲ့ကျွန်တော် ဆက်ပြီးလျှောက်လာခဲ့တယ် အတွေးတပိုင်းနဲ့ကျွန်တော် အိမ်ကိုပြန်လာခဲ့ရတယ်လေ..။ နောက်နေ့ ကျွန်တော် ကျောင်းကို ရောက်တော့ အနောက်ကနေ သူမကလှမ်းခေါ်တယ်..။



မိုးမခရေ…

လှည့်ကြည့်လိုက်တော့သူမက ကျွန်တော့်ကို ပြုံးပြတယ်..။

မေဇင်ပြောစရာရှိလို့ပါ ဒီနေ့ ပြန်ရင် မေဇင်ကို စောင့်ပါနော်

ဟုတ်ကဲ့ လို့ကျွန်တော်ပြန်ပြောလိုက်တော့သူ့ အခန်းထဲ လှည့်ထွက်သွားတဲ့ သူမကိုနောက်ကို ကြည့်ရင်း ဘာကြောင့်ပါလိမ့်လို့သိချင်လာခဲ့တယ်…။ဒီနေ့ စာသင်ချိန် နောက်ဆုံးအချိန်ကို မတက်ပဲ သူမအခန်းရှေ့မှာ သွားရပ်ပြီးစောင့်နေလိုက်တယ် သူမက ပြတင်းပေါက်နားမှာဆိုတော့ ကျွန်တော် စောင့်နေတာမြင်တော့ ပြုံးပြီလက်ပြတယ်.. ချစ်စရာလေးပါ ကျွန်တော် သူ့ကို ချစ်များနေပြီလားလို့ ကျွန်တော့်ကိုယ် ကျွန်တော်ပြန်မေးမိတယ်..။ စာသင်ချိန်ပြီးတော့ သူမက

လာလေသွားရအောင် မိုးမခ

ဟုတ်ကဲ့ အော်ဒါနဲ့ ကျွန်တော့ကို ဘာပြောမလို့ စောင့်ခိုင်းတာလဲ ခင်ဗျ

အော် ဒီလိုပါ မိုးမခ… မေဇင်ကို အိမ်ပြန် လိုက်ပို့ပေးနိုင်မလား ဟင်

ဗျာ ဟုတ် … ဘာဖြစ်လို့လဲ ခင်ဗျ

ဒီလိုပါ မေဇင် ကို ကောင်လေးတစ်ယောက်လိုက် နှောက်ယှက်နေလို့အဲဒါ မေဇင်တစ်ယောက်တည်း မပြန်ရဲလို့ မိုးမခကို အကူအညီတောင်းတာပါ…

ကျွန်တော် ဒေါသတော့ထွက်မိပါတယ် ငါ့ကို ဘာလို့ လူမိုက်ငှားတာပါလိမ့်လို့ ပေါ့ ဒါပေမယ့် တုန်ပြန်ပြောဆိုလိုက်ပြီး လွတ်ခနဲ ထွက်သွားတဲ့ စကားကို ဘယ်လိုပြန်သိမ်းလို့မရတော့ဘူး လေ……

ဟုတ်ရပါတယ် ဗျာ

ဒါဆိုမနကိ ကိုရော စောင့်နေပေးလို့ရမလား ဟင်

ဟုတ်ရပါတယ်

ဖယ်ရီပေါ်ရောက်တော့ သူမကို မနေ့က အိမ်ကလိုက်ပို့ အပြန်လာကြိုတဲ့ အကြောင်းတွေပြောရင် အိမ်ကိုပြန်ခဲ့ကြတယ်လေ.. အော်ဒါကြောင့် ကျွန်တော်မနေ့ကသူမကို မတွေ့မိလိုက်တာပေါ့ ဒိလိုနဲ့ ကျွန်တော်တို့ဆင်းမယ့် နေရာလေးရောက်တော့ သူမက

ဒါဆိုမနကိ ကိုရော စောင့်နေပေးလို့ရမလား ဟင်

ဟာ မေဇင်ကလဲ လိုပါသေးရောက်ဖို့ အေးဆေးပေါ့

ကျွန်တော့အပြောကြောင့် သူမမျတ်စောင်းထိုးပြီး ပြန်ကြည့်ပါတယ် ဒါကို မြင်တဲ့ကျွန်တော် က

ဘာလို့တုန်းဗျ

ဘာမှ မဟုတ်ပါဘူး

ပြီးတာပဲလေ ဒါဆိုလဲ

ဒိလိုပုံစံလေးကို ကျွန်တော် စွဲလမ်းသွားမိတယ်ဗျာ … ဖယ်ရီရပ်တော့ သူမဆင်းသွားတော့ ကျွန်တော်ပါ အနောက်ကလိုက်ဆင်းရင်း သူမဘေးနားက တိတ်ဆိတ်စွာ လိုက်လာခဲ့တယ်လေ ဒီလိုနဲ့ သူမ အိမ်နှင့် မလှမ်း မကမ်း နေရာရောက်တော့ သူမက

မိုးမခ မနက်ကျရင် ဒီနေရာက လာစောင့်ပေးပါနော်…

ဟုတ်ကဲ့ ဘယ်အချိန်လောက် လာခဲ့ရမလဲ

မနက် ၇း၁၅ လောက် အရောက်လာစောင့်ပေးပါ

ဟုတ်လာခဲ့ပါ့မယ်…

နောက်နေ့မနက် မေမေအမြဲနိုးနေရတဲ့ ကျွန်တော် မနိုးရပဲ နိုးနေလို့ မေမေက တောင် ကျွန်တော့်ကို ကြည့်ရယ်နေပါတယ် ပြီးတော့မေမေက

သားငယ်ဒီနေ့ အိပ်ရာထတာ စောလှချည်းလား

ဟုတ်တယ်မေမေ သားသူငယ်ချင်းနဲ့ ချိန်းထားလို့ပါ…

အင်းလေ ဒါဆို မြန်မြန်လုပ်နော် နောက်ကျနေမယ်…

ဟုတ်မေမေ .. မေမေသားကို မုန့်တွေကို ဘူးနဲ့ထည့်ပြီးကျောင်းယူသွားမယ် ကျောင်းရောက်မှပဲစားတော့မယ်

အင်းအင်း မေမေ လုပ်ပေးမယ်

ကျွန်တော် မြန်မြန် ပြင်ဆင်ပြီးထွက်လာခဲ့တယ်လေ ကျွန်တော်ကပဲ ၀ီရီယကောင်းနေလား သူမပဲနောက်ကျနေလား မသိပါဘူး ကျွန်တော်သူမကို မတွေ့သေးပါဘူး နာရီကြည့်လိုက်တော့ ၇း၁၀ ကျွန်တော်က စောနေတာပါ… ကျွန်တော် သူလာမယ့်လမ်းကိုငေးနေတုန်းသူမလာနေတာကို တွေ့လိုက်တော့ကျွန်တော် သြသွားတယ် လှတယ်ဗျာ ချစ်စရာလေး ပါ သူမက ကျွန်တော့်မြင်တော့ ခက်သွက်သွက် ခြေလှမ်းလေးနှင့် ကျွန်တော့ အနားရောက်လာခဲ့တယ်

ရောက်တာကြာပြီလား မိုးမခ

ဟင့်အင်း ခုဏလေးတင်ကပါ

ဒါဆိုသွားကြရအောင်လေ

ဒီနေ့ ထူးထူးခြားခြား သူမလက်ထဲမှာ ဆွဲခြင်းလေးနဲ့ လေ..။ ဒါနဲ့ ကျွန်တော်က

ကျွန်တော့ကိုပေးလေ မေဇင်

ရပါတယ် မိုးမခရဲ့

မဟုတ်ပါဘူး ကျွန်တော့် မုန့်ဘူးက ကိုင်စရာမပါတော့ ထည့် ရင်း ဆွဲခြင်း ဆွဲပေးမလို့ပါ်

ရပါတယ်ပေးလေ

ဟာ….. ပေးပါရပါတယ်

ဒီလိုနဲ့ လမ်ပေါ်မှာ ကျွန်တော်တို့နှစ်ယောက် ဖြစ်နေပုံက ချစ်သူနှစ်ယောက် ပုံစံပေါက်နေလားမသိ သူမနောက်ဆုံးတော့ လက်လျော့လိုက်ပါတယ် .. ဒီလိုနဲ့ နေ့တရက် ကုန်ဆုံးသွားပြန်တယ်… ထုံးစံအတိုင်း စသင်ချိန် မပြီးခင် သူမအခန်းရှေ့မှာ သွားစောင့်နေမိတယ်လေ… သူမက ပြုံးပြတယ် ဒိနေ့လှပနေတဲ့ သူမ ကျွန်တော့ကို ဖမ်းစားသွားပြီလား ကျွန်တော် သူမကို ချစ်မိနေတာတော့ အမှန်ပါ ကျွန်တော် မှတ်ချက်ချနိုင်ခဲ့ပါတယ်..။ စာသင်ချိန်ပြီးသွားတော့ သူမက


မိုးမခ စာမသင်ပဲနဲ့ ဘာလို့အစောကြီးလာစောင့်နေတာလဲ

မဟုတ်ပါဘူး နောက်ကျနေမှာဆိုးလို့ပါ

ဟာ မဟုတ်တာ မေဇင်စောရင် စောင့်မှာပေါ့

အမှန်တော့ ကျွန်တော် နောက်ဆုံးစာသင်ချိန်တွေကို စာထဲမှာ လုံးဝ စိတ်မရောက်တော့တာပါ..။

ဒါဆို ဒီလိုလုပ် နောက်နေ့ မေဇင် အတန်းမှာ ၀င်တက်လေ

ဟာဖြစ်ပါ့မလား မေဇင်ရယ်

ဖြစ်ပါတယ် မိုးမခရဲ့ .. မေဇင်တို့အခန်းမှာ တခြားအခန်းက လာတတ်တဲ့သူတွေတောင် ရှိတယ်

ဟာ ဟုတ်လား… ဒါဆိုနောက်နေ့ လာတက်မယ်နော် ကျွန်တော်က တက်လို့မရဘူး ထင်လို့ပါ

သူမဘာမှမပြောပဲ ပြုံးပြပြီး ဖယ်ရီဂိတ်ဘက်သို့ ထွက်လာခဲ့ကြပါတယ်..။ ဒီလိုနဲ့ သူမကို ကျွန်တော် နေတိုင်း ကြိုပို့လုပ်ပေးရတာ တာဝန်တစ်လိုဖြစ်လာခဲ့ပါတယ်.. ကျွန်တော်လည်းသူမအပေါ်မှာ သံယောစဉ်တွယ်မီခဲ့ပါတယ် သူမကို ဖွင့်ပြောဖို့အတွက် ကျွန်တော် စိုးရိမ်နေမိရပြန်တယ်.. အခွင့်အရေးယူတယ်လို့ ထင်မှာကိုလည်း ကြောက်နေမီတယ် ဒါကြောင့် ကျူရှင်မှာတုန်းက ဆရာပြောသလို လုပ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်မိပါတယ်.. ကျောင်းတက်ရက် ၇ ရက်မြောက်နေ့မှာပါ သူဆိကို စောစောသွားစောင့်နေမိတယ် သူမက ကျွန်တော့ မျက်စိထဲမှာတော့ တနေ့တခြားလှ လာတယ်ဗျာ…… ကျွန်တော် ဘယ်ကစပြောရမှန်းမသိအောင် ပုံစံက မူပျက်နေတော့ သူမက

မိုးမခ ဘာဖြစ်နေတာလဲ ဟင်

ဗျာ ဘာမှမဖြစ်ပါဘူး

မဟုတ်ပါဘူး အရင်နေ့တွေတုန်းကလို့ မျက်နှာမကြည်လင်လို့ပါ

အော် မေဇင် ဒါနဲ့မေးရဦးမယ် ကျွန်တော်တို့ ကျောင်းတက်တာ ၁၀ ရက်ပြည့် ပြီး ခဏနားပြီး စာမေးပွဲ ဖြေရတော့မယ်နော်…

ဟုတ်တယ်နော် ဒီနေ့တောင် နောက်ဆုံးလို့ပြောလို့တောင်ရနေပြီနော် စာလည်းသိပ်မ သင်တော့ဘူးနော်

အင်းအဲဒါ မေဇင်ကို မေးမလို့ပါ စာရပြီ လားလို့

ဟင့်အင်း မရသေးဘူးရှင့်

ဒါဆိုရော့ယူလိုက်နော်

ကျွန်တော်ပေးနေသော စာကိုသူမတအံ တသြနှင့် ကြည့်နေတယ်.. ဒီတော့ ကျွန်တော်က


အော် မေဇင်စာမရသေး ဘူးဆိုလို့ ကျွန်တော် စာပေးတာပါ… ကျွန်တော့ကို တစ်မျိုးမထင်ပါနဲ့နော်

ဒီနေ့တော့ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ အသံတွေ တိတ်ဆိတ် နေခဲ့ကြပါတယ်.. ကျောင်းရောက်တော့လည်း စကားတောင် မပြောဖြစ်ခဲ့ဘူး.. ဒါကို အတန်းဖော်တစ်ချို့က လာ မေးကြတယ်လေ

ဘယ်လိုဖြစ်ကြတာလဲ ဒီနေ့ ချစ်သူနှစ်ယောက်စိတ်ကောက်နေကြတာလား

ဗျာ ဆိုတဲ့စကားတစ်လုံးပဲ ထွက်နိုင်တဲ့ ကျွန်တော် သူမကို လှမ်းကြည့်တော့ သူမက မျက်စောင်းထိုးပြီး ဟိုဘက်လှည့်သွားပါတယ်…

ချော့လိုက်လေဗျာ ဘာလုပ်နေတာလ

ဟုတ်ကဲ့

အတန်းဖော်ပြောသွားသော စကားကြောင့် ၀မ်းသာမိပါတယ်… သူတို့အမြင်မှာ ချစ်သူစုံတွဲလို့ မြင်နေတာကို ၀မ်းသာမိတာပါ

မေဇင် ကျွန်တော်ပြောစရာလေး ရှိလို့ပါ…

ပြောပါ

ကျွန်တော့် အချစ်ကို လက်ခံတယ်ဆိုရင် မနက်ဖြန် ကျောင်းလာတတ်ပေးပါနော်

မနက်ဖြန် တက်စရာတောင် မလိုတော့တာပဲ စာလည်းသိပ်သင်တော့တာမှ မဟုတ်တာ

ဒါပေမယ့် ကျွန်တော် နောက်နေ့ မနက်ကို တော့ လာစောင့်နေပါ့မယ်


ဒီနေ့တော့ကျွန်တော် အိမ်ကစောစောထွက်လာခဲ့ပါတယ်…။ နာရီကြည့်လိုက်တော့ ၇း၀၀ ပဲရှိသေးတယ် … သူ့ကိုပြောဖို့အတွက် စဉ်းစားရင် ပျော်နေမိတယ် ဒီလိုနဲ့ ကျွန်တော် စောင့်ရင်း ၇း၃၀ ရောက်တဲ့အထိသူမရောက်လာတော့ ကျွန်တော့ ကိုသူတကယ်ပဲ မုန်းသွားပြီလားမသိဘူး… ကျွန်တော် မပြောလိုက်ရင်တော့ ကောင်းသား လို့တွေးရင် ကျွန်တော် ကားလမ်းကူးရင် ဟိုဘက်ရောက်တော့ စဉ်းစားတွေးတောရင်း ရေရွတ်မိလိုက် တယ်

ဘာလို့များ ပုန်းရှောင်နေခဲ့ရတာလဲ ကွာ… မင်း မချစ်ဘူးဆိုရင် မင်းပြောတဲ့ စကားလေးကို တော့ ချိုသည်ဖြစ်ဖြစ် ခါးသည်းဖြစ်ဖြစ် နားနဲ့တော့ ကြားချင်ပါသေးတယ်ကွာ

အဲဒီလိုရေရွတ်နေရင်း အနောက်ဘက် တခုခုတိုက်တဲ့ အသံကြားလို့လှည့်ကြည်လိုက်တော့ လမ်းပေါ်မှာ ကောင်မလေး တစ်ယောက်လဲနေတာကို တွေ့လိုက်ရပါတယ်.. ဒါနဲ့ ကျွန်တော် အနားပြေးသွားတော့ ကျွန်တော် ဘာဖြစ်သွားမှန်း မသိလိုက်အောင်ပါပဲ ...

မေဇင်…… မေဇင်……

မိုးမခ ကို တောင်းပန်ပါတယ် မေဇင် မိုးမခကို နောက်မလို့ပုန်းနေတာပါ… မေဇင် မိုးမခကိုချစ်ပါတယ်

အင်းပါကွာ မေဇင် မပြောနဲ့တော့နော် ခဏနားလိုက်ပါဦးကွာ

ကျွန်တော်ပြောတာကို နားထောင်နေတယ် ထင်နေတာ သူမ ကတော့ ကျွန်တော်ပြောနေတာတွေ မကြားတော့ပါ

မေဇင်….. မေဇင်….. မေဇင် ထပါတော့ကွာ မအိပ်ပါနဲ့တော့ မေဇင်

ကျွန်တော်ဘာမှမသိတော့ပဲမျက်လုံးတွေ ပြာဆင်းလာပြီ အဲဒီနေရာမှာလဲကျသွားတော့တယ်ကျွန်တော် သတိရလားတော့ ဟိုကြည့် ဒီကြည့်လိုက်ကြည့်ရင် အသံတစ်ခုက ကြားလာရတယ်လေ

ဟယ် သားငယ် သတိရပြီလား …..

ရှုးတိုးတိုး မေဇင်နိုးသွားမယ် ဗျာ …… တိုးတိုးနေပါဗျ

သားငယ်လေး ရယ်

ကျွန်တော်က တော့ ပါးစပ်ရှေ့လက်နဲ့ ကာပြီး အသံမထွက်ဖို့ပြောနေမိတယ်…။

တိုးတိုးနေပါဆိုနေမှ နိုးသွားတော့မှာပဲ

ဟဲ့ကလေးတွေ အိမ်ပေါ် မတက်ကျသေးဘူးလား…. ဆော့မနေကြနဲ့တော့ မိုးမခကို ခေါ်လိုက်ရမလား…

ကျွန်တော်လိုအရူး ကတော့ ကလေးတွေ အတွက်တော့ ကြောက်စရာ မုန်းစရာဖြစ်လာပါတော့တယ်.. ကလေးတွေကလဲ ကျွန်တော့်ကို တွေ့တိုင်း ခဲတွေနဲ့ ပေါက်ကြတယ်ဗျာ

မလုပ်ကြပါနဲ့ ကလေးတို့ရယ် ................. တောင်းပန်ပါတယ် ကလေးတို့ရယ် ................. သူအိပ်နေတာ နိုးသွားပါဥိးမယ် မလုပ်ကြပါနဲ့ကွာ သူ့ကို ဘေးမဲ့ပေးထားကြပါ....ကွာ



ဇာတ်လမ်းလေးဖတ်ပြီးရင် သီချင်းလေးကို နားထောင်လိုက်နော်။ ဒေါင်းလုဒ်လုပ်ပြီး နားထောင်လိုက် ဒါဆိုရင် ဇတ်လမ်းလေးက ပိုအသက်ဝင်လာပါလိမ့်မယ်....။





ပြီးပါပြီ

ရှက်လို့  

Posted by မိုးအိမ့်ဖြူ

ကျွန်တော်နဲ့ လင်းထက် ( နွယ်ရိုး ) လျှောက်လုပ်ရင် ထွက်လာတာလေးပါ..။ အမှန်တော့ ဗိုင်းရပ်လုပ်တာပါ..။ ဗိုင်းရပ် မဟုတ်ပဲ ဟာသဖြစ်နေတယ်...။ အပျော်သဘောလေးနဲ့ လုပ်ထားတာပါ...။ ချစ်တဲ့သူကို ရည်းစားစကား မပြောရဲတဲ့ သူတွေအတွက်ပါ..။

အခုအောက်မှာပြထားတာလေးကို COPY လုပ်ပြီး Notepad မှာ တင်ပြီး (name.vbs) ဆိုပြီးပေးပြီ မှတ်လိုက်ပါ..။ ပြီးရင် ဖိုင်လေးကို ချစ်သူဆီကိုပို့လိုက်ပါ...။

onclick=msgbox ("Can you love me",20,"Please help me")
yesclick=msgbox ("happy",20,"THANKS")
noclick=msgbox ("Thank You So Much",100,"Ha Ha Ha")


ပြီးရင် name ဆိုတဲ့ဖိုင်လေးကို ဖွင့်ကြည့်လိုက်ပါ ထူးခြားတာလေးတွေ့ပါလိမ့်မယ်..။

၆၂ နှစ်မြောက် အာဇာနည်နေ့ (၁၉ ဇူလိုင် မမေ့နိုင် )  

Posted by မိုးအိမ့်ဖြူ



မမေ့နိုင် သောပုံရိပ်များကတော့ ယနေ့အထိတိုင် တင်ကျန်နေဆဲပါ....။



ဒီနေ့မှာကျရောက်တဲ့ အာဇာနည်နေ့မှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ဂါရ၀ပြုပါတယ်....။

အထီးကျန်  

Posted by မိုးအိမ့်ဖြူ



ကောင်းကင်တွေရဲ့ အထီးကျန်ဆန်မှုကို
ကြယ်လေးတွေ မျှဝေခံစားတယ်...။

တောင်တန်းတွေရဲ့ အထီးကျန်ဆန်မှုတွေကို
စမ်းချောင်းလေးက မျှဝေခံစားတယ်...။

မိုးပွင့်လေးတွေရဲ့ အထီးကျန်ဆန်မှုတွေကို
ပန်းလေးတွေက မျှဝေခံစားတယ်....။

ငါ့ရင်ထဲက ဖြစ်နေတဲ့ အထီးကျန်ဆန်မှုကို
ဘယ်သူကစာနာပေးမှာလဲ......................။

သတိရချိန်  

Posted by မိုးအိမ့်ဖြူ




ဘယ်တော့မှ မမေ့ပါဘူး
ချစ်သူနဲ့ ပတ်သက်သမျှ
အိမ်မက်လေးတစ်ခု ဆိုရင်လဲ
အဲဒီ အိမ်မက်လေး
ရင်ထဲက လွင့်ပျောက်မသွားအောင်
မြတ်မြတ်နိုးနိုးနဲ့ ရင်ထဲမှာ
သိမ်းဆည်းထားလိုက်မယ်......။

မင်းကို သတိရချိန်မှာ
ငါ့ရင်တွေကွဲရင်ကွဲစေဦး
ငါ့ရင်တွေ တဆစ်ဆစ်နာကျင်နေပါစေ
ငါမင်းကို တော့ လုံးဝဖွင့်မပြောခဲ့ဘူး
ဘာလို့လဲဆိုတော့
ငါ မင်းကို သိပ်ချစ်လို့
ခံစားနေရတာတွေ ပေါ့ပျက်သွားမှာဆိုးလို့.....။

စိတ်ညစ်စရာတွေ နဲ့ ရောထွေးနေတဲ့ နေ့တနေ့  

Posted by မိုးအိမ့်ဖြူ

မနေ့ ကျွန်တော့်တို့ရဲ့ မာလ်ပလိုင်းဆိုတဲ့ နေရာလေးမှာ ခင်မင်လာကြတဲ့ ဇောင်း နဲ့ မတွေ့တာကြာတော့ စကားပြောရင် သူ့ဘလောခ်လင့်ခ် လေးကိုရတာနဲ့ သူ့ဘလောခ့်ကို သွားပြီး ဟိုစာလိုက်ဖတ်ဒီစာလိုက်ဖတ်ရင်းနဲ့ပဲ စာလေးတစ်ခုသွားဖတ်မိတယ်လေ..။ အဲဒါကတော့သူ့ရဲ့ကြော်ငြာလေးပါ။ ဒီနေရာလေးက စာကိုဖတ်မီရင်း စကားတွေလျှောက်ပြောရင်နဲ့ပဲ ...၊ အကောင့် Domain လေးတစ်ခု ၀ယ်ဖြစ်သွားတယ်လေ...။ ဒီလိုနဲ့ပဲ အရင် သုံးနေတဲ့ http://www.moeeaintphyu.blogspot.com/ ကနေ http://www.moeeaintphyu.net/ အဖြစ်ကိုရောက်သွားတော့တာပေါ့ ။ ဒီနေ့တော့ အားတာနဲ့ ရုံးမှာ အလုပ်မလုပ်ပဲ ဘလောခ့်ထိုင်ပြင်နေလိုက်တယ်...။ အဲဒီမှာစတော့တာပဲ ပြဿနာက ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်းဖြစ်နေကြဖြစ်တဲ့ ဘလောခ့် Template ပြောင်းရင် ဖြစ်နေကြဖြစ်တဲ့ Gadget တွေပေါ့..။ အဲဒါတွေ မပျောက်ချင်လို့ လုပ်ပါတယ်ဆိုမှ အကုန်ပျက်ကုန်တယ်လေ..။ အဖြစ်က ဒီလိုလေ အရင်ဆုံး လိုသမျှဟာလေးတွေကို Notepad ထဲကူးထည့်ထားလိုက်တယ်လေ ပြီးတော့ အလုပ်လေးပေါ်လာလို့ ထလုပ်လိုက်တာ ကွန်ပြူတာပါဝါကြိုးကို ခလုတ်တိုက်ပြီး ရှိသမျှဟာတွေ အကုန်ပျောက်ကုန်ရော...။ Save မမှတ်လိုက်ရသေးတော့ သိပ်စိတ်ညစ်သွားတယ်နောက်တော့ အစကနေပြန်လုပ်ရတော့တာပေါ့..။ ဒါနဲ့ အားလုံးပြန်လုပ်လို့ ပြီးသွားတော့ Flash Header လုပ်တာ Upload တွေဘာတွေ အကုန်လုပ် ပြီး ထည့်မရဖြစ်လို့ လုပ်နေတာ တော်တော့်ကို ကြာသွားတယ် နှစ်နာရီလောက် ရှိမယ်ထင်တယ် ထိုင်ပြီးထည့်နေတာ ဘယ်လိုမှ မရဘူး...။ စိတ်ညစ်ပြီးမလုပ်တော့ပဲ ပြစ်ထားလိုက်တော့တယ် ။ အမှန်သုံးချင်တဲ့ပုံစံလေးက ဒီဟာလေးကို သုံးချင်တာပါ..။ ဘယ်လိုမှ မလုပ်တတ်တော့ဘူး ကျွန်တော် ကပဲ ညံ့လို့လား ပိန်းလို့ပဲလား မသိပါဘူး ...။ တော်တော် မူးနောက်လာလို့ သိရင်လည်းပြောပြပေးကြပါနော်..။ ကျွန်တော် ဘယ်လိုလုပ်ရမလဲ ဆိုတာလေးကိုပေါ့...။ ကျွန်တော် သိသလောက်လုပ်တာ မရလို့ပါ...။

Swine Flu ခေါ် ၀က်တုတ်ကွေး ( A H1N1 virus )  

Posted by မိုးအိမ့်ဖြူ

ကမ္ဘာ့နိုင်ငံများသို့  ပြန့် နှံ့ နိုင်တဲ့ စိုးရိမ်ဖွယ် ၀က်တုပ်ကွေးရော(Swine Flu) အကြောင်း သိရှိစေရန် ဖေါ်ပြအပ်ပါတယ်။

Swine Flu ဆိုတာ ဘာလည်း။
Swine Flu ဟာ ၀က်တွေမှာဖြစ်တဲ့ Influenza ဗိုင်းရပ်စ်အမျိုးအစား A H1N1 virus အမျိုးအစားကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာရောဂါ ဖြစ်ပါတယ်။ လူတွေအနေနဲ့  ၀က်တွေကနေ တိုက်ရိုက်ကူးစက်ဖို့ ခဲယှဉ်းပေမယ့် ဒီရောဂါပိုးရထားတဲ့သူကနေတစ်ဆင့် အခြားသူတစ်ဦးကို ကူးစက်နိုင်ပါတယ်။
Swine Flu ဖြစ်ရင် ဘယ်လို ရောဂါလက္ခဏာတွေ တွေ့ မြင်ရနိုင်ပါသလည်း။Swine Flu ဖြစ်တဲ့သူမှာ အပူချိန်အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခန္ဒာကိုယ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်းခြင်း၊ မောပန်းခြင်းတို့  ဖြစ်လေ့ရှိပါတယ်။ အချို့ သောသူတွေမှာ ၀မ်းလျှောခြင်း၊ အန်ခြင်းတို့ လည်း ဖြစ်တတ်ပါတယ်။ စိုးရိမ်ဖို့ အနေနဲ့ ကတော့ အဆုတ်ရောင်ခြင်းနဲ့  အသက်ရှူလမ်းကြောင်းပိတ်ဆို့ ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ Swine Flu ဟာ ကူးစက်ရောဂါ ဖြစ်ပါသလား။ Swine Flu ဟာ လူတစ်ဦးကနေတစ်ဦးထံ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှ ကူးစက်နိုင်ပါတယ်။ ထို့ အပြင် Swine Flu ရောဂါရရှိထားသူ၏ နှာခေါင်း၊ ပါးစပ်၊ နှာခေါင်းနဲ့  တံထွေးများမှာ Swine Flu ဗိုင်းရပ်စ်ပိုး တွယ်ကပ်နေနိုင်တာကြောင့် အဆိုပါနေရာများကို ထိတွေ့ မိပါကလည်း ကူးစက်နိုင်ပါတယ်။
Swine Flu ကို ဘယ်လိုကာကွယ်တားဆီးမလည်း။ ကာကွယ်တားဆီရန် ကြိုတင်ပြုလုပ်ထားသင့်သည်များမှာ အသက်ရှူလမ်းကြောင်းမှ မ၀င်ရောက်စေရန် နှာခေါင်းနဲ့  ပါးစပ်အား ကာကွယ်ထားပေးသော ပါးစပ်ဖုံး နှာခေါင်းအုပ်များအား ၀တ်ဆင်ထားသင့်ပါတယ်။ လက်အား တစ်ခုခုကိုင်တွယ်ပြီးပါက မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့် ရှင်းရပါမယ်။ ကိုယ်ခန္ဓာကျန်းမာရေး အားကောင်းပြည့်စုံနေစေရန် ဂရုစိုက်ဖို့ လိုပါတယ်။ အိပ်စက်အနားယူချိန် ပြည့်ပြည့်၀၀ရရန် လိုပါတယ်။ စိတ်ဓါတ်ကျဆင်းမှုနဲ့  အားနည်းစေမှုများကို ရှောင်ရှားရန် လိုပါတယ်။ ရေ ၀၀လင်လင် သောက်သုံးရန် လိုပါတယ်။ အာဟာရပြည့်စုံသော အစားအသောက်များ စားသုံးရန် လိုအပ်ပါတယ်။ Swine Flu ရရှိထားသူ နေမကောင်းသူများအနေနဲ့  လိုက်နာသင့်တာတွေက ဘာပါလည်း။ မိမိထံမှ Swine Flu ဗိုင်းရပ်စ်ပိုး အခြားသူထံ မကူးစက်စေရန် ကာကွယ်မှု ပြုလုပ်ပေးသင့်ပါတယ်။ မိမိချောင်းဆိုး နှာချေတဲ့အခါမှာ လက်ကိုင်ပုဝါသန့် သန့်  (သို့ ) စက္ကူတစ်ရှူးများနဲ့  ကာကွယ်ပြီးမှ ချောင်းဆိုးသင့် နှာချေသင့်ပါတယ်။ မိမိရဲ့  မျက်စိ နှာခေါင်း ပါးစပ်တို့ ကို ရောဂါပိုး ကပ်တွယ်နေနိုင်သော လက်ဖြင့် ကိုင်တွယ်ခြင်း မပြုလုပ်သင့်ပါဖူး။ မိမိရဲ့  လက်ကို မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့် စင်ရပါမယ်။ မိမိ ချောင်းဆိုး နှာခြေရာတွင် သုံးသော စွန့် ပစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းသင့်ပါတယ်။ မိမိ နေထိုင်မကောင်းပါက လူအများရှိသော နေရာများ ဖြစ်တဲ့ ဈေး၊ ကျောင်း အလုပ်တို့ ကို သွားရောက်ခြင်းမှ ရှောင်သင့်ပါတယ်။ ဒီ Swine Flu ဖြစ်သူများအနေနဲ့  ဘယ်လို အခြေအနေမျိုးမှာ ဆရာဝန်နှင့် အမြန်တွေ့ သင့်ပါသလည်း။ Swine Flu ကြောင့် နေမကောင်းဖြစ်ပြီဆိုကတည်းက ဆရာဝန်များ၏ ကုသမှုကို ခံယူသင့်ပါတယ်။ အရေးပေါ်အနေနဲ့  အောက်ဖေါ်ပြပါ လက္ခဏာများကို တွေ့ ရှိရပါက လျင်မြန်စွာ ဆေးရုံဆေးခန်းများသို့  သွားသင့်ပါတယ်။
- အထူးသဖြင့် Swine flu ဖြစ်နေသူ ကလေးများအနေနဲ့  အသက်ရှူနှုန်း အလွန်ပြင်းထန်လာခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသားအရေ ပြာယောင်သမ်းလာခြင်း၊ ရေလုံးဝ မသောက်ခြင်း၊ အိပ်မောကျနေကာ နိုး၍လှုပ်၍ မရခြင်း၊ ချောင်းတအားဆိုးခြင်းနှင့် ကိုယ်ပူချိန်အဖျားကြီးခြင်း။ Swine flu ဖြစ်နေသူ လူကြီးများအနေဖြင့် အသက်ရှူခက်ခဲခြင်း၊ အသက်ရှူရာတွင် နာကျင်ခြင်း၊ ရင်ဘတ်နှင့် ၀မ်းဗိုက်တွင် နာကျင်ခြင်း၊ ရုတ်တရက် မူးဝေခြင်း၊ အမြင်ေ၀၀ါးခြင်း၊ အဆက်မပြတ်အန်ခြင်းတို့  ဖြစ်ပါက ဆေးရုံဆေးခန်းသို့  အမြန်သွားရောက် ပြသသင့်ပါတယ်။ Swine Flu ကို ၀က်သားစားခြင်းနှင့် ၀က်မှ ထုတ်လုပ်သော အစားအသောက်များကြောင့် ကူးစက်နိုင်ပါသလား။ ၀က်သားအပါအ၀င် မည်သည့်အစားအသောက်ကမှ Swine flu မကူးစက်နိုင်ပါ။ သို့ သော် Swine flu ဖြစ်နေသော ၀က်များအား ထိတွေ့ ကိုင်တွယ်ခြင်းကိုမူ ရှောင်ရှားရပါမည်။ Swine Flu ဖြစ်ရင် မည်သည့်ဆေးဝါးသုံးစွဲသင့်ပါသလည်း။ အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါပြန့် ပွားမှုထိန်းချူပ်ရေးဌာနမှ ကျွမ်းကျင်သူဆရာဝန်များကပြောတာကတော့ Tamiflu နဲ့  Relenza ဆေးများဟာ Swine Flu ကာကွယ်ကုသဖို့ အတွက် အသုံးပြုနိုင်တယ်လို့  မှတ်ချက်ပေးပါတယ်။ Swine Flu ဖြစ်တဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလည်း။ ဒီ Swine Flu ရောဂါဖြစ်ပွားသူ - အမေရိကန်ပြည်ထောင်စုမှာ မနေ့ ကထိ စုစုပေါင်း (အယောက် ၂၀)၊ ကနေဒါမှာ (၆) ယောက်၊ မက်ဆီကိုမှာ အယောက် (၁၃၈၄) ဦး - သေဆုံးသူ (၈၁) ဦးတို့ ဖြစ်ပြီး၊ ရောဂါသံသယရှိဖွယ်တွေ့ ရှိမှုမှာ ပြင်သစ်မှာ (၁) ဦး၊ အစ္စရေးမှာ (၁) ဦး၊ နယူးဇီလန်မှာ (၁၀) ဦး၊ စပိန်မှာ (၇) ဦးတို့ ဖြစ်ပါတယ်။

ှSource ။ ။ Forward Mail ကရတာလေးပါ....။

ခေါင်းစဉ်မရှိ  

Posted by မိုးအိမ့်ဖြူ


စဉ်းစားကြည့်ရင်
မင်းနဲ့တွေ့တဲ့နေ့တွေတိုင်းကို
မမေ့နိုင်တာအမှန်ပါ

အတွေးထဲကတမ်းတရင်
လွမ်းလို့မကုန်နိုင်အောင်
သတိရတယ်....။

ငါ့ရဲ့ ယိုင်နဲနဲ နှလုံးသားကိုမှ
ခလုပ်တိုက်သွားတဲ့
ကောင်မလေးရယ်...။

မင်းငါ့ဘ၀ထဲကို ၀င်လာကတည်းက
သည်းခံခြင်းကို ရင်မှာပိုက်ပြီး
မင်းကိုချစ်ခဲ့တာပါ........။

မင်းကမြူဆွယ်တာမဟုတ်ဘူး
ငါကအတင်းတိုးဝင်လာခဲ့တာပါ......။

စောင့်မျှော်နေရသောနေ့ရက်  

Posted by မိုးအိမ့်ဖြူ




ဘယ်လိုအခြေအနေမျိုးနဲ့ပဲဖြစ်ဖြစ်
တွေ့ရတဲ့ ရက်တွေတိုင်းကို
ပြောမပြတတ်အောင် ပျော်ရွင်လို့
အရမ်းကို တန်ဖိုးထားခဲ့တယ်...။

မင်းကိုချစ်တဲ့ အချစ်မျိုးက
ဘာအခွင့်အရေးကိုမှ မမျှော်လင့်တဲ့
အချစ်မျိုးပါကွာ....။

ပေးဆပ်မယ်လို့ ရည်ရွယ်ထားပြီးကတည်းက
မင်းဆီကပြန်ရဖို့ ဘာကိုမှ
မျော်လင့်မထားခဲ့ပါဘူး...။

ဒါပေမယ့်
ပြောင်းလဲလာမယ့် အခြေအနေတွေကိုတော့
ကြောက်ရွံစွာနဲ့ စောင့်မျှော်နေမိတယ်
ချစ်သူ.....

တွေးကြောက်မိပါတယ်  

Posted by မိုးအိမ့်ဖြူ



ချော်လဲရင်း ချောင်းဆိုးရင်း
မီးပွိုင့်မှာ စိတ်ပိုင်းဟာ
သုံးမရသော အတိတ်တွေထဲ နစ်မြုပ်နေတယ်
နေမှုထိုင်မှုတွေမလွဲရင် နေ့ ညတွေလွဲသွားတယ်
အဝေးရောက်ငတ်မွတ်မှု၊ ပုံရိပ်တွေ
ဖုံးဖိထားတဲ့ မိမိကိုယ် မိမိတို့ ရဲ့ အရိပ်တွေထဲ
ဟုတ်ဟုတ်မဟုတ်ဟုတ်/မှန်မှန်မှား မှား
ငါနဲ့ မဆိုင်တဲ့ မေးခွန်းတွေ
ဂဏ္ဍာန်းတွေလို ဘေးတိုက်တွားလို့ ။

မီးဘေးဒုက္ခသည် ထမင်းထုပ်လို
ငါ့ခရီးကို ဖြည်ကြည့်တယ်
ငြမ်းဆင်ခဲ့ဖူးတဲ့အရာလို
ဟိုးတောင်ကွယ်မှာ နေ၀င်နေပုံ
ငါ့ထိုင်ခုံလက်မှတ်သည်၎င်း
ငါ့မှတ်ပုံတင်နံပါတ်သည်၎င်း
ဖွဲ့ နေဆဲဇာတ်လမ်းရဲ့
အိတ်ကပ်ထဲပါမပါ
ဆိုလိုတာက
ငါဟာမလွယ်ပေါက်ကချောင်းကြည့်နေသူပါ
ငါဟာ ခွဲစိတ်ထားတဲ့မျက်လုံးကပတ် တီး
တရစ်ပြီးတရစ် ဖြည်ချနေသူပါ
ငါဟာမှန်ထဲမှာ မြင်ရတော့မယ့် ပုံရိပ်ကို
သူများတွေ ဘယ်လိုဆက်ဆံမလဲ
သွေးအေးအေးနဲ့ သိချင်နေသူပါ။

လဟာကြေးစားလူသတ်သမား
အကျွမ်းဝင်ဆုံးလက်နက်ဟာ
အိပ်စက်စေခြင်း
အိမ်မက်တွေနှိုက်လိုက်တာ
ပညာသားပါလွန်းတယ်
အလိုတူအလိုပါ လို့ တောင်ထင်မိ။

(မိမိကိုယ်မိမိသိပါ)
ဒါဟာသူ့ ရဲ့ စိတ်တွင်းဒိုင်ယာလော့(ဂ်)
သူဘယ်သူမှ အသိမပေးတဲ့ လဲလှယ်ခြင်း
တစ်ယောက်ယောက်ကစိတ်မနှံ့ အမြဲဖြစ်နေတယ်
မင်းကိုမတွေ့ ရမှာ ငါသေမလောက်ကြောက်တယ်
ချစ်သူ...

ဒီဂျေ ညီအစ်ကို မောင်နှမများ  

Posted by မိုးအိမ့်ဖြူ



APYTZ Search Engine

အဖြူရောင်သံစဉ်မှ ဒီဂျေညီအစ်ကို မောင်နှမများပုံရိပ်လေးတွေပါ .......။

Real Time Web Analytics