အကြိမ်ကြိမ်မှားယွင်းခြင်းရဲ့လမ်းစ  

Posted by မိုးအိမ့်ဖြူ

အခုအကြောင်းလေးကိုတော့ ကျွန်တော့် ကိုငယ်စဉ်က အဖေပြောပြဖူးတာလေးပါ...။ ဘ၀မှာအောင်မြင်ဖို့ဆိုရင် အရှုံးကိုအရင် ရင်ဆိုင်ရဲမယ်တဲ့ လေ .... အဲဒီအကြောင်းလေးကို အဖေသာဓကလေးနဲ့ ပြောပြခဲ့တယ်..။ အဲဒါကတော့ ရုရှားသိပ္ပံပညာရှင်နဲ့ အမေရိကန် သိပ္ပံပညာရှင်ရဲ့ အကြောင်းလေးနဲ့ ရှင်းပြခဲ့ဘူးပါတယ်....။ အဲဒီတုန်းက စစ်လက်နက်အတွက် ဒုံးပျံကို အပြိုင်အဆိုင် စတင်တီထွင် နေချိန်ပါ...။ အမေရိကန် သိပ္ပံပညာရှင် ဟာ စမ်းသပ်မှုသုံးကြိမ် ပြုလုပ်ခဲ့ယုံမျှနဲ့ ဒုံးပျံ ဂြိုလ်တုတို့ရဲ့ ဖခင်ပြောနိုင်မယ် V2 ဒုံးကျည်ကို တီထွင်နိုင်ခဲ့ပါတယ်....။ ထိုနောက်မှာ အမေရိကန်တွေကြီးစိုးလာခဲ့ကြပါတယ်...။ ဒါကို သိတဲ့ရုရှားကအကြီးအကဲတွေဟာ ရုရှားသိပ္ပံပညာရှင် ကိုခေါ်ယူတွေဆုံခဲ့ကြပါတယ်...။ အဲဒီတွေဆုံမှု မတိုင်မိမှာ ရုရှားသိပ္ပံပညာရှင်ဟာ ဒုံးပျံအတွက် အမှားပေါင်း တစ်သောင်းကျော်ကို မှားယွင်းခဲ့ပါတယ်..။ ရုရှားအကြီးအကဲတွေက သူအား ဖိအားပေးတောင်းဆိုလာခဲ့ကြချိန်မှာ ရုရှားသိပ္ပံပညာရှင်ဟာ အေးအေးလေးပဲ ပြောဆိုခဲ့ပါတယ် ...။ " အမှားတစ်ခုတွေ့ချင်ဟာ အမှန်တော့ကောင်းမွန် ပြီးပြည်စုံတဲ့ အရာကို ပိုင်ဆိုင်နိုင်ဖို့ပါ" လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်...။ နောက်တော့ ရုရှားသိပ္ပံပညာရှင်ဟာ ရုရှားနိုင်ငံအတွက် ဒုံးကျည်ကို ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်..။ အဲဒီအချိန်မှာတော့ အမေရိကန်သိပ္ပံပညာရှင်ဟာ သူ့အမှားများကြောင့် စစ်သုံးစရိတ် ဖြန်းတီးမှုနဲ့ ထောင်ကျသွားပါတယ်...။ ရုရှားသိပ္ပံပညာရှင် ကတော့ သူရဲ့အောင်မြင်မှုကြောင့် ရုရှားနိုင်ငံရဲ့ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ၀န်ကြီးဖြစ်လာပါတော့တယ်..။


ဘာကိုရည်ညွန်းလဲဆိုတာကို နားလည် သဘောပေါက်လိမ့်မယ် လို့ထင်ပါတယ်...။ ကျွန်တော်ပြောတာ နားမလည်ရင်တော့ ဒါဟာ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့်ပါ



This entry was posted on 22:34 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

1 comments

River  

ဇတ်လမ်းလေးကအရမ်းကောင်းတယ်အစ်ကို

Real Time Web Analytics