We are the world  

Posted by မိုးအိမ့်ဖြူ

ကျွန်တော့်အကြောင်းလေး  

Posted by မိုးအိမ့်ဖြူ

ကျွန်တော်ဒီနေ့ အလုပ်မှာ အားနေတုန်းလေပိုစ့်အသစ်တင်မယ်လို့ စဉ်းစားလိုက်တိုင်းစဥ်းစားခန်းမရောက်ဘူး ဟိုအလုပ်လုပ်လိုက် ဒီအလုပ်လုပ်လိုက်နဲ့လေ ကျွန်တော် တချို့တ၀က်ရေးမယ်ကြံတုန်ရှိသေးတယ် ဟော......... ခေါ်ပြန်ပြီ ဒီဘောစ့်က နားညည်းလိုက်တာ သူရှိရင် အလုပ်ကိုရှုပ်နေတာပဲ အလုပ်ထဲမှာတောင် ကောင်းကောင်း GTalk သုံးလို့မရဘူး...။ ဟိဟိ ကျွန်တော်ကတော့ အလုပ်လုပ်နေတယ်လို့တော့ သူထင်မှာပေါ့...။ တော်ကြာကျွန်တော့ ပိုစ့်မြင်ပြီး အလုပ်မခန့်ပဲနေကြဦးမယ်...။ အယ် ဘာတွေရေးနေပါလိမ့် ကိုယ့်အကြောင်းရေးမလို့ပါဆိုမှ ဟိုရောက် ဒီရောက်ဖြစ်ကုန်ပြီ...။ ဒီဘလောခ့်လေးကို စပြီးလုပ်ခဲ့တာကတော့ ကျွန်တော့ ချစ်သူရဲ့တောင်းဆိုမှုကြောင့် ( ဟိဟိ ကပ်ကြွားတယ်မထင်နဲ့နော် ) မအိပ်ပဲမနှစ်ရက်တိတိလုပ်ခဲ့တာပါ ချစ်တော့လဲ့ ပူဆာတော့လုပ်ပေးရတာပေါ့..။ စာရေးတုန်းလေး ဆူလိုက်ဦးမယ် ဒီစာဖတ်ပြီး လျှောက်ပူဆာမယ်ဆိုပြီး “ကျွန်မကိုချစ်ရင် မောင်ကြီးရယ် ၀ယ်ပေးပါလား” လို့တော့ မပူဆာနဲ့ ပိုက်ဆံဆိုတာ သစ်သီးဝလံ မဟုတ်ဘူး သိလား...။ အဟိ ဒီဘလော့ခ်မှာပဲပြောရဲတာ ကျွန်တော်ဆိုတဲ့ကောင်က အပြင်မှာအသံတောင် မထွက်ရဲဘူး အဲဒီလောက်ချစ်တာ...။

ကျွန်တော်က အရင် ကတည်းက ဘလောခ့် မူကြိုလို့ပြောရမယ့် မာလ်တီမှာ စပြီးလုပ်ခဲ့တာပါ...။ မာလ်တီမှာဆိုရင် ကျွန်တော့ အရင်းနှီးဆုံး ညီအစ်ကိုတွေလို နေခဲ့ကြတဲ့ လင်းထက် ( နွယ်ရိုး ) ကိုခမ်းကီး ( ခမ်းကီး ) ဇောင်း ၊ ကိုတိုးကြီး ၊ Intelligent Nay ၊ မာလ်တီက ဆရာဝန်လေး ၀င်းထိုက် ၊ ကို ဒင်းနစ် ဒါတွေကတော့ ကျွန်တော် အရင်းနှီးဆုံးညီအစ်ကို တွေပေါ့..။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မူကြို မာလ်တီလေးကို ဘယ်သူမှ မခွဲနိုင်ကြပါဘူး...။ ဘာလို့လဲဆိုတော့ ပျော်စရာတွေအများကြီးပဲလေ နောက်လိုက်ပြောင်လိုက်ပေါ့..။ ခုလဲ ဘလောခ့်ဂါ ဖြစ်သွားတော့လဲ အားလုံးနဲ့ ခင်ခင်မင်မင် ရင်းနှီးချင်ပါတယ်...။ လမ်းတွေ့ရင်ခေါ်ပေါ့ ( အယ် လူမှမမြင်ဘူးပဲ ခေါ်လို့ပြောလို့ မဖြစ်သေးဘူး ) ဟားဟား နောက်တာပါ ကျွန်တော်က အားလုံးကို ခင်မင်ချင်ပါတယ် ဗျာ...။ မေးလ်လိပ်စာလေးတွေတော့ ပေးခဲ့ကြပါဦးနော်...။ ခင်မင်ချင်လို့ပါဗျာ

မိတ်ဆက်ရရင် ကျွန်တော့ နာမည်ကိုတော့ လဂွန်းအိမ် ( အမှန်ကတော့ လဂွန်းအိန်ပါ ) လို့ခံယူပြီ စပြီးဘလော့ခ်တွေရေးခဲ့တာပါ..။ လဂွန်းအိန် ( လဂွန်းအိမ် )လို့ ဘာလို့ သုံးရတာလဲဆိုတော့ ကျွန်တော် ငယ်ငယ်လေး ကတည်းက သူရဲကောင်းတွေရဲ့ အကြောင်းကို စတင်ပြီးထိတွေ့ သိရှိခဲ့ချိန်မှာ မွန်သူရဲကောင်းလဂွန်းအိန် ရဲ့ အကြောင်းနဲ့ စသိပြီး သူရဲ့လုပ်ဆောင်ချက်တွေကို ကြိုက်လို့ ဒီနာမည်လေး ယူသုံးခဲ့တာပါ..။ အော် ကျန်သွားလို့ ကျွန်တော်သုံးတာကတော့ လဂွန်းအိမ်ပါ အမှန် ကျွန်တော်လေးစားတဲ့သူရဲကောင်းနာမည်က လဂွန်းအိန် ပါ...။ ဘာလို့လဲဆိုတော့ ခဏခဏ အမေးခံရတယ်လေ.. ဘာလို့အဲဒီလို အိန်တာလဲတဲ့ ဒါကတော့ မွန်တွေရဲ့ အသုံးအနှုန်းနဲ့မှည့်ထားတာပါ...။ ဟူး....... (ပြောရင်းနဲ့မောတောင်သွားပြီ ရေတိုက်ဦးဗျာ ရှင်းပြလိုက်ရလို့) ဒါနဲ့ပဲ ကျွန်တော်လေးစားတဲ့ သူရဲကောင်းနာမည်ကို လဂွန်းအိမ် လို့ယူပြီးပြောင်းသုံးလိုက်တယ် အဲဒီနောက်ပိုင်းဘယ်သူမှ မမေးတော့ဘူး ကောင်းရော ပြတ်ရော ကျွန်တော်လည်း လေးစားရတဲ့ သူရဲကောင်းလည်း နာမည်ပျက်ပါလေရောလား ...။ ကျွန်တော့် လက်ထက်ရောက်မှပဲ သူရဲကောင်းနာမည်လဲပျက်တော့တာပဲ..။ ဒါကတော့ ကျွန်တော့် ကိုယ်ပွားနာမည်လေးပါ နာမည် အရင်းအကြောင်းပြောရရင်တော့ ရေတအိုးလောက် ဘေးနားထားပြောမှပဲရမယ်...။ ဘာလို့လဲဆိုတော့ ကျွန်တော် အမြဲမေးခံရတာက ကျွန်တော့ရဲ့ ကိုယ်ပိုင်နာမည်ပါ..။ အလုပ်တစ်ခုခု သွားလျှောက်ရင် နာမည်ရဲ့ အကြောင်းကို ရှင်းပြလိုက်ရင် နောက်နေ့ အလုပ်ကဖုန်းဆက်ခေါ်တော့တာပဲ အလုပ်လာဆင်းပါတဲ့ ဘယ်လောက်မိုက်သလဲ ကိုယ့်နာမည်ကိုယ်တောင် လေးစားသွားတယ် ဟိဟိ... ( ကိုယ့်ဘာသာကိုယ်မြှောက်နေတာ )။

ဘာတွေရေးနေမှန်းလဲမသိဘူး တော်တော်တောင်များသွားပြီ...။ အယ် ဒါနဲ့ဒီဘလောခ့်လေးကို လုပ်တာ နှစ်ဦးပိုင်းလေးဆိုတော့ ကျွန်တော့ ချစ်သူအကြောင်းလေးလဲ ပြောရဦးမယ်...။ ကျွန်တော့ချစ်သူသုံးတဲ့ နာမည် နာမ်စားလေးက တော့ ချာတိတ်လေး ပါ..။ သူ့အကြောင်းကိုတော့ သူကိုပဲရေးခိုင်းရတော့မယ် ပြောတော့သာပြောတာပါ အားတောင်အားရဲ့လား မသိပါဘူး..။ အမြဲစောင့်ရတယ်လေ ဟိုသီချင်းလေးလိုပေါ့ “လာပါတော့ ခါခါမော့ မေလာတော့ မျှော်ပေါ့ လေးနာရီထိုးပြီ ထိုးပြီ ” ဟိဟိ ။ အယ် ပြတ်သွားပြန်ပြီ သီချင်း ရာဇ၀င်တစ်ခု .....။ တကယ်တော့ အလုပ်ရှုပ်နေသော ချစ်သူကို ပိုးစိုးပက်စက် စောင့်နေရပါသည်ဆိုတဲ့ Gtalk Msg စာသားလေးလိုပဲ သူအလုပ်ရှုပ်နေတာရယ် ၊ ပြီးတော့ မြန်မာလိုမရိုက်တတ်တာရယ်ကြောင့်ပါ..။ အခုတော့ ကျွန်တော်ပဲရေးပေါ့ အရင်ကတော့ သူရေးတာတွေလည်းရှိပါတယ် သူကတော့ပြောတယ်လေ ကျွန်တော့လောက်မရေးတတ်လို့တဲ့လေ...။ ကြည့်အခုစာဖတ်သူပဲသိမှာပါ ကျွန်တော် ဘာတွေရေးသလဲလို့ ဒီလိုပဲစိတ်ထဲရှိတာကို ချရေးရတာပဲလေ ဒီလိုနဲ့ နောက်တော့ တဖြည်းဖြည်းရေးတတ်သွားတာပါ..။ ( စိတ်ဆိုးနဲ့နော် ) ရေးခိုင်ကြည့်တာပါ နောက်တော့ တတ်သွားအောင်လို့ပါ..။ အော်ဒါနဲ့ ကျွန်တော်တို့ချစ်သူနှစ်ယောက်ရဲ့ အသံကိုတော့ ကြားလို့ရတယ်...။ ရုပ်ကိုတော့ပြလို့ရဘူး နာမည်ကြီးသွားမှာဆိုး အရမ်းခန့်ချောကြီးတွေမို့လို့ ဟားဟားဟား...။ အဖြူရောင်သံစဉ်မှာ နားထောင်လို့ရပါတယ် ကျွန်တော်တို့ အသံကို ဒီဂျေ လဂွန်းအိမ် ၊ ဒီဂျေချာတိတ်လေး ဆိုရင်မေးလိုက် အကုန်သိတယ် ဘာလို့လဲဆိုတော့ အကြွေးတွေနဲ့မို့လို့ ဟားဟားဟား ....။ နောက်တာပါဗျာ...။

ကဲဗျာ တော်တော်များများတောင်ရှည်နေပြီလားမသိဘူး...။ တော်လိုက်ဦးမယ်နောက်မှာဆက်ရေးတော့မယ်နော်....။ လုပ်စရာလေးရှိလို့ .........ဒီလိုပဲညာရတာ အမှန်တော့လက်ညောင်းလို့ ဟိဟိ။

မိုက်ကယ်ဂျက်ဆင်အကတွေထဲက Side Slide အကပါ  

Posted by မိုးအိမ့်ဖြူ


Famous Dance Moves: How To Pull Off The Michael Jackson Side Slide

မိုက်ကယ်ဂျက်ဆင်အကတွေထဲ Moon Walk အကပါ  

Posted by မိုးအိမ့်ဖြူ


Famous Dance Moves: How To Moon Walk
မိုက်ကယ်ရဲ့ လပေါ်လမ်းလျှောက်တဲ့ အကကိုတဆင့်ခြင်းဆီရှင်းပြပါမယ်...။

အဆင့် ၁။ ။ အရင်ဆုံးအနေနဲ့ သင်ရှုးဖိနပ်တစ်စုံကို အရင်ရှာရပါမယ် အဲဒီရှုးဖိနပ်ဟာ အောက်ခြေမျက်နှာပြင်ချောမွေ့သော ဖိနပ်ဖြစ်ရပါမယ်..။ ဒါပေမယ့် ပထမဆုံး သင်လေ့ကျင်မယ်ဆိုရင် ခြေအိပ်တစ်စုံနှင့် စတင်လေ့ကျင့်ရပါမယ်..။

အဆင့် ၂။ ။ စတင်လေ့ကျင့်ရမည် နေရာကိုရှာရပါမယ် ..။ ချောမွေ့ပြီ မျက်နှာပြင်ညီညာပြီ တွန်းကန်လှုပ်ရှားနိုင်သောနေရာဖြစ်ရပါမယ်...။

အဆင့် ၃။ ။ အရင်ဆုံးသင် သင့်စိတ်အာရုံကို အခြားတနေရာသို့ လွင့်ထားလိုက်ပါ...။ ပြီးလျှင် ခြေထောက်ကို ပူးကပ်စွာရပ်ပါ...။ ညာခြေဖျားကိုထောက်ပြီး အားပြုပြီး ဘယ်ခြေကိုဖွပြီ အနောက်သို့ရွေရှားလိုက်ပါ..။ ထိုပုံစံအတိုင်း ခဏခဏလုပ်ရှားပေးပါ...။

အဆင့် ၄။ ။ သင့်ရွေ့ရှားလိုက်သောဘယ်ခြေထောက်သည် ဘယ်တော့မှညာခြေထောက်အနောက်သို့ မရောက်စေရပါ...။ ရွေ့ရှားလိုက်သော ဘယ်ခြေထောက်သည် တည့်မတ်စွာသော နောက်သို့ရွေ့ရှားရမယ်...။

အဆင့် ၅။ ။ သင်ရွေ့ရှားလုပ်ရှားချိန်တွင် တွန်းပို့လိုက်သောညာခြေဘက်တွင်သာ သင့်ကိုယ်ခန္ဓာအလေးချိန်ကို ထားရှိနေပါစေ..။ ထောက်ပြီးတွန်းပို့လိုက်သောညာခြေအားပြန်ချပြီး ဘယ်ခြေကို ပြန်ကြွထောက်၍ ညာခြေကို ဖွ၍ ဘယ်ခြေ၏ တွန်းပို့မှုဖြင့် နောက်သို့ရွေ့လိုက်ပါ..။ ဒီလိုကြိမ်ဖန်များစွာလှုပ်ရှားပေးရင် သင် လှပသေသပ်လှတဲ့ မိုက်ကယ်ရဲ့ Moon Walk အက ကို ကျွမ်းကျင်တက်မြောက်သွားပါလိမ့်မယ်...။

မိုက်ကယ်ဂျက်ဆင်တွေထဲက Circle Slide အကပါ  

Posted by မိုးအိမ့်ဖြူ


Famous Dance Moves: How To Pull Off The Michael Jackson Circle Slide

လင်းလက်ကြယ်တစင်း မြေသို့ခ  

Posted by မိုးအိမ့်ဖြူ

King of Pop ဆိုတဲ့နာမည်နဲ့ နှစ်ပေါင်းများစွာကို ခံယူခဲ့သူ ကမ္ဘာကျော်အဆိုတော်မိုက်ကယ်ဂျက်စင် တစ်ယောက် ၂၆.၆.၀၉ သန်းခေါင်ကျော် ၂း၂၆ မိနစ်မှာ ကွယ်လွန်သွားရှာခဲ့ပါတယ်...။ သူသေဆုံးခဲချိန်မှာတော့ သူ့အသက် က ၅၀ အရွယ်ပဲရှိပါသေးတယ်...။ သိပ်ဝမ်းနည်းတာကတော့ ကျွန်တော် သိပ်ကြိုက်ခဲ့ရတဲ့ သူ့ရဲ့သီချင်းလေးတွေက အသစ်ဆိုတာ မရှိတော့ဘူးလေ...။ ကျွန်တော် ငယ်ငယ်လေးထဲက နားဆင်ခဲ့ရဘူးတဲ့ သူ့သီချင်း သူ့အက လေးတွေကဘယ်တော့များမှ ပျောက်ပျက်သွားမယ်လို့ တော့ မထင်မိပါဘူး...။ မိုက်ကယ်တစ်ယောက် ကောင်းရာဘုံဘ၀သို့ရောက်ရှိနိုင်ပါစေ...။ ကျွန်တော် သိပ်ကြိုက်ခဲ့ရတဲ့ မိုက်ကယ်ရဲ့ သီချင်းလေးပါ....။
Do You Remember
When We Fell In Love
We Were Young
And Innocent Then
Do You Remember
How It All Began
It Just Seemed Like Heaven
So Why Did It End?

Do You Remember
Back In The Fall
We'd Be Together
All Day Long
Do You Remember
Us Holding Hands
In Each Other's Eyes
We'd Stare
(Tell Me)

Do You Remember The Time
When We Fell In Love
Do You Remember The Time
When We First Met
Do You Remember The Time
When We Fell In Love
Do You Remember The Time

Do You Remember
How We Used To Talk
(Ya Know)
We'd Stay On The Phone
At Night Till Dawn
Do You Remember
All The Things We Said Like
I Love You So
I'll Never Let You Go

Do You Remember
Back In The Spring
Every Morning Birds Would Sing
Do You Remember
Those Special Times
They'll Just Go On And On
In The Back Of My Mind

Do You Remember The Time
When We Fell In Love
Do You Remember The Time
When We First Met Girl
Do You Remember The Time
When We Fell In Love
Do You Remember The Time
Those Sweet Memories
Will Always Be Dear To Me
And Girl No Matter What Was Said
I Will Never Forget What We Had
Now Baby

Do You Remember The Time
When We Fell In Love
Do You Remember The Time
When We First Met
Do You Remember The Time
When We Fell In Love
Do You Remember The Time

Do You Remember The Time
When We Fell In Love
Do You Remember The Time
When We First Met
Do You Remember The Time
When We Fell In Love
Do You Remember The Time

Remember The Times
Ooh
Remember The Times
Do You Remember Girl
Remember The Times
On The Phone You And Me
Remember The Times
Till Dawn, Two Or Three
What About Us Girl

Remember The Times
Do You. Do You, Do You,
Do You, Do You
Remember The Times
In The Park, On The Beach
Remember The Times
You And Me In Spain
Remember The Times
What About, What About...

Remember The Times
Ooh... In The Park
Remember The Times
After Dark..., Do You, Do You, Do You
Remember The Times
Do You, Do You, Do You, Do You
Remember The Times
Yeah Yeah
Remember The Times

ကြွားချက်  

Posted by မိုးအိမ့်ဖြူ

မုဆိုးသုံးယောက်အရက်ဘားတွင်ထိုင်ပြီးမိမိတို့၏အောင်မြင်မှုအကြောင်းကို
ပြောနေကြသည်။ပထမလူကပြောသည်။
``ကျွန်တော့်ဆီကို ကြံ့ကြီးတစ်ကောင်ပြေးလာတယ်။သုံးကိုက်အကွာအထိ
ဒီကောင်ကျွန်တော့်အနား ပြေးလာခွင့်ပြုပြီးမှ ကျွန်တော် မောင်းကိုဖြုတ်ချလိုက်တယ်။ပွဲခြင်းပြီးသေပါလေရော။´´
ဒုတိယလူကပြောသည်။
``ကျွန်တော်ဆင်တွေကိုလိုက်တုံးကဆင်ရိုင်းတစ်ကောင်ကို၂ကိုက်အထိ
အနားကပ်ခွင့်ပြုလိုက်ပြီးမှ ကျည်တစ်တောင့်တည်းနဲ့ဒီကောင့်ကို ဘုန်းကနဲ
လဲအောင်လုပ်လိုက်နိုင်တယ်။´´
တတိယလူကပြောသည်။
``ကျွန်တော့်ကျတော့ကျွဲရိုင်းဗျ ဒီကောင်ကျွန်တော့်ကိုဝှေ့ဖို့အတင်းပြေးလာ
တယ်။၁ကိုက်အကွာမှာ ဒီကောင့်ကိုကျွန်တော်ပစ်ချလိုက်တယ်။´´
ဘေးစားပွဲတွင်ထိုင်နေသောလူကြီးတစ်ယောက်က၀င်ပြောသည်။
``ခင်ဗျားတို့ပြောတာဘာဟုတ်သေးလဲ ကျွန်တော့်အဖြစ်ကိုပြောပြမယ်။ခြင်္သေ့ကကျွန်တော့်ကိုမကျေမနပ်ဟိန်းတယ်။
ကျွန်တော်ဒီကောင့်အနားကိုကိုက်ဝက်လောက်ထိကပ်သွားတယ်။ ဘာလက်နက်မှလဲမပါဘူး။ဒီကောင့်အပေါ် ကျွန်တော်ရှူးရှူးပေါက်ချလိုက်တယ်´´
မုဆိုးသုံးယောက်စလုံးအံ့သြသံဖြင့်ဝိုင်းမေးကြသည်။
´´အဲ့ဒီတော့ဘာဖြစ်သွားသေးလဲဗျ´´
´´ဘာဖြစ်ရမလဲ၊ တိရစ္ဆာန်ရုံဝန်ထမ်းတွေကျုပ်ကိုလက်သီးစာကျွေးပစ်လိုက်တာပေါ့´

ကူညီပါရစေ  

Posted by မိုးအိမ့်ဖြူ

မော်ဒယ်အမျိုးသမီးကိုဓာတ်ပုံဆရာကပြောသည်။
``ကိုင်းအခုလေးလေးနက်နက်စဉ်းစားနေတဲ့ပုံလေးလုပ်လိုက်ပါ။မဟုတ်ဘူး။ဒီလိုမဟုတ်ဘူး၊
ခက်ခက်ခဲခဲတွေးနေရတဲ့
မျက်နှာ အမူအရာဗျာ၊ဟာ ဒီလိုလဲမဟုတ်သေးဘူး၊ကိုင်း ခင်ဗျားကို ကျွန်တော်ကူညီမယ်။ရှစ်ကိုးလီဘယ်လောက်လဲဗျာ၊ပြောစမ်း....ကဲ။´´

ဖြေနိုင်တာကိုး  

Posted by မိုးအိမ့်ဖြူ

ဆရာကတပည့်ကိုမေးသည်။
``တပည့်ရဲ့နာမည်ဘယ်လို´´
``မောင်မြပါ´´
ကျောင်းသားကကျေနပ်ပြီးပြုံးသည်။
``ဘာဖြစ်လို့ပြုံးတာလဲ´´
``ပထမမေးခွန်းကို ဖြေလိုက်နိုင်လို့ပါ။´´

မေမေကူပါ  

Posted by မိုးအိမ့်ဖြူ

ပီတာလေးကန်လိုက်သောဘောလုံးအိမ်နီးချင်းပြူတင်းပေါက်ကိုထိပြီးမှန်ကွဲသွားသည်။အမေဖြစ်သူက ပီတာလေးကိုခြောက်လှန့်သည်။
``မင်းအဖေ မှန်အသစ်မယူလာမချင်းပေါက်နေတဲ့အပေါက်ကိုမင်းရဲ့ဖင်ပြောင်နဲ့ပိတ်ပေးရမှာပဲ၊နားလည်ထား။´´ ပီတာလေးမျက်ရည်များကြားကပြောသည်။
``ကျွန်တော်ထမင်းစားချိန်မှာ ကျွန်တော့် အစားမေမေ ပိတ်ပေးနော်။´´

မှားပြီ  

Posted by မိုးအိမ့်ဖြူ

အမျိုးသမီး - လမ်းတစ်လျှောက်လုံး ရှင်ဘာဖြစ်လို့ကျွန်မနောက်လိုက်နေရတာလဲရှင့်။
အမျိုးသား - အခုခင်ဗျားကျွန်တော့်ဘက်လှည့်ပြီးပြောလိုက်တော့မှအဲ့ဒီမေးခွန်းကို ကျွန်တော့်ကိုယ်ကျွန်တော်မေးမိတယ်ဗျာ။

အလှဆုံးမိန်းမ  

Posted by မိုးအိမ့်ဖြူ

ယောကျာ်းဖြစ်သူအရက်မူးပြီးပြန်လာသည်။မိန်းမကတံခါးမဇွင့်ပေးချေ။ယောကျာ်းတံခါးကိုထုသည်။
မိန်းမကတင်းခံနေသည်။ တံခါးကထုနေရင်းယောကျာ်းကပြောသည်။
``မိန်းမရေ ငါပါကွ။တံခါးဖွင့်စမ်းပါ၊ကမ္ဘာပေါ်မှာအချော အလှဆုံးအမျိုးသမီးအတွက် နှင်းဆီပန်းတွေ ယူလာတယ်ကွ။´´ မိန်းမဖြစ်သူကတံခါးဖွင့်ပေးလိုက်သည်။
``ဘယ်မှာလဲနှင်းဆီပန်း``
``ဘယ်မှာလဲအချောဆုံးမိန်းမ။´´

မစိုးရိမ်ပါနဲ့  

Posted by မိုးအိမ့်ဖြူ

ဆရာဝန်ကလူနာကိုပြောသည်။
``ခွဲစိတ်မှုမအောင်မြင်ရင်ဘာဖြစ်မယ်လို့ခင်ဗျားကျုပ်ကိုမေးတယ်။လုံးဝစိတ်မပူပါနဲ့၊
ခင်ဗျားဘာမှသတိထားမိမှာမဟုတ်ဘူး။´´

လွဲတုန်းပဲ  

Posted by မိုးအိမ့်ဖြူ

မုဆိုးတစ်ယောက်ကအခြားတစ်ယောက်ကိုပြောသည်။ ``ကျွန်တော့်ခွေးဟာအင်မတန်ထူးဆန်းတဲ့ခွေး၊ကျွန်တော်ပစ်လိုက်တိုင်းမြေပေါ်လှဲချပြီး
ဟက်ဟက်ပက်ပက်ရယ်တယ်ဗျ။´´
``ခင်ဗျား ပစ်တာထိတဲ့အခါ ဒီကောင်ဘာလုပ်လဲဗျ´´
``မသိဘူး။ဒီကောင် ကျွန်တော့်ဆီရောက်တာ သုံးနှစ်ပဲရှိသေးတယ်။´´

အဆန်းမှမဟုတ်ပဲ  

Posted by မိုးအိမ့်ဖြူ

ဇီဝဗေဒဘာသာရပ်ကိုဆရာမပို့ချနေသည်။ခေါင်းစဉ်မှာမျောက်တို့အကြောင်းဖြစ်သည်။
အတန်းသူ အတန်းသားအားလုံး နားထောင်သူကနားထောင် မှတ်စုရေးသူကရေးကြသည်။ပီတာလေးတစ်ယောက်ပဲဘာမှနားမထောင် ဘာမှမရေးဘဲဆော့နေသည်။နောက်ဆုံးတွင်ဆရာမကိုပါကျောခိုင်းကာနောက်တန်းက
ထိုင်နေသူများကိုအနှောင့်အယှက်ပေးသည်။ ဆရာမကအသံမာမာဖြင့်ပြောသည်။
``ပီတာမင်းဘာဖြစ်နေလဲ ဘာဖြစ်လို့ဆရာမကိုမကြည့်ရတာလဲ။´´
ပီတာလေးခပ်အေးအေးပြန်ပြောသည်။
``ဆရာမကိုဘာကြည့်ဖို့လိုလို့လဲ၊ကျွန်တော်မျောက်တွေကိုမမြင်ဖူးတာမှ မဟုတ်တာ။´´

မ၀ယ်မနေရ  

Posted by မိုးအိမ့်ဖြူ

``ဟေ့လူ ကျုပ်ဆီက ခြောက်လုံးပြူးကိုဝယ်ပါ။´´
``ဟာ ခြောက်လုံးပြူးကို ကျွန်တော်ဘာလုပ်ရမှာလဲ။´´
``၀ယ်စမ်းပါ၊ ဒါရှိသင့်တဲ့ပစ္စည်း ပြီးတော့အသစ်ကြီး ကျုပ်နှစ်ခါပဲပစ်ရသေးတယ် ဒုတိယတစ်ခါကလဲ သေချာအောင်ထပ်ပစ်ခဲ့ရတာ ၀ယ်ပါ၊ခင်ဗျားကိုကျုပ်အကောင်းပြောတာ´´
``ဟာ မ၀ယ်ချင်ပါဘူးဗျာ၊သေနတ်ရှိနေရင်ပစ်ချင်တဲ့စိတ်ပေါ်တတ်တယ်ဗျ။´´
``၀ယ်ပါလို့ကျုပ် ခင်ဗျားကိုထပ်ပြီးအကြံပေးတယ်။နို့မဟုတ်ရင်ကျုပ်တတိယအကြိမ်ပစ်မိလိမ့်မယ်၊ သိလား။´´

ရှက်စရာမလိုပါဘူး  

Posted by မိုးအိမ့်ဖြူ

ဝလွန်းသဖြင့် ဘယ်ကိုမှမထွက်ရဲအောင်ဖြစ်နေရသော မိမိ၏ဒုက္ခကို မေရီက
မိမိ၏ သူငယ်ချင်းဖြစ်သူစန္ဒာကိုပြောသည်။
``အိုင်လေ ရေတောင်သွားမကူးရဲဘူး။လူတွေဝိုင်းရယ်မှာစိုးလို့´´
သူငယ်ချင်းကနှစ်သိမ့်သည်။
``ဂရုမစိုက်စမ်းပါနဲ့။ဘာလဲ ဝေလငါးက ယူ့ထက်ပိုပိန်လို့လား...ဟင်း´´

ခွေးမဟုတ်ပါ  

Posted by မိုးအိမ့်ဖြူ

ပီတာတို့မိသားစု ညစာစားနေကြသည်။သုံးဦးစလုံးငြိမ်သက်စွာစားနေကြသည်။
ရုတ်တရက်ပီတာ့အမေကပြောသည်။
``သားအရိုးကိုကိုက်မနေနဲ့လေ၊သားဟာခွေးမဟုတ်ဘူးကွဲ့၊ဖေဖေ့ကိုပေးလိုက်။´´

ရှက်လို့  

Posted by မိုးအိမ့်ဖြူ

``ခင်ဗျားလက် ကျုပ်အိတ်ထောင်ထဲ ဘာလုပ်နေတာလဲ´´
``မီးခြစ်ရှာနေတာပါ။´´
``တောင်းရင်ပေးမှာပေါ့ဗျ။´´
``တောင်းရမှာရှက်လို့ဗျ။´´

လူမထွက်ဘူး  

Posted by မိုးအိမ့်ဖြူ

ဒကာမတစ်ယောက်သည် သူကိုးကွယ်ရာ ဘုန်းကြီးကျောင်းသို့ ရောက်လာပြီး
ဆရာတော်းး ဟဲ့ ဒကာမ... ဘယ်ဖြစ်လို့ လာသတုံး
ဒကာမးး အရှင်ဘုရား လူထွက်မယ် ကြားလို့ပါဘုရား
ဆရာတော်းး ဟေ... ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာကမှ မရှိဘူးဟ၊ ဒါနဲ့ တနေ့က
လာအပ်တဲ့ ကလေးနှစ်ယောက်က ဘယ်သူက မွေးတာတုန်းဟ
ဒကာမးး တပည့်တော်မက မွေးတာပါဘုရား
ဆရာတော်းး အိမ်း... တစ်သက်လုံးမှတ်ထား ၊ ဒကာမကမှ လူထွက်သဟ၊

တိုက်ခန်းသစ်မှာနေတဲ့ကိုချူချာ  

Posted by မိုးအိမ့်ဖြူ

ကိုချူချာတိုက်ခန်းသစ်ရသည်။နယ်မှရောက်လာသော ဆွေမျိုးများကိုလိုက်ပြသည်။ကြွားသည်။
ရေဆွဲအိမ်သာကိုရောက်လာသည်။ ဆွေမျိုးများကမေးသည်။
``အဲ့ဒါဘာခေါ်သလဲ ဘာအတွက်သုံးသလဲ´´ ``ကျွန်တော်လည်းမသိဘူး၊ဟောဒီကြိုးကိုဆွဲလိုက်ရင်ရေကျလာတယ်။လက်ဆေးဖို့အချိန်ရတယ်၊
အဲ..မျက်နှာသစ်ဖို့တော့အချိန် မမှီဘူး။´´

စိတ်ချမ်းသာတယ်လေ  

Posted by မိုးအိမ့်ဖြူ

ခင်ဗျားတို့အရပ်ကလူတွေ ကျန်းမာရေးကောင်းတယ်နော်
စိတ်ချမ်းသာကြတယ်လေ
စိတ်ချမ်းသာတယ်သာဆိုတာ ကျွန်တော်မေးကြည့်တော့လည်း လူတိုင်းနီးပါး အကြွေးတွေနဲ့
စိတ်မညစ်တာ အံ့ဩဖို့ကောင်းတယ်
အံ့ဩဖို့မလိုပါဘူးဆရာရယ်၊ ရမယ့်သူသာစိတ်ညစ်နေမှာပါ

မှာသည့်အတိုင်းဆောင်ရွက်သူ  

Posted by မိုးအိမ့်ဖြူ

သန်ြးွကယ်သူဌေးကြီး တစ်ဦးသည် ကွယ်လွန်ခါနီးတွင် စိတ်ကူးတစ်မျိုးပေါက်၍
သူ့ဆွေမျိုးများထဲမှ တူသားတော်စပ်သူ ဆရာဝန်၊ ရှေ့နေနှင့်
သင်းအုပ်ဆရာသုံးဦးတို့ကို တစ်ယောက်လျှင် ဒေါ်လာငါးသောင်းစီ ပေးသွားခဲ့သည်။ ゞင်းက
၎င်းငွေများကို သူကွယ်လွန်လျှင် အတူယူသွားမည်ဖြစ်ကြောင့် အသုဘခေါင်းအတွင်းသို့
လာရောက်ထည့်ရန်ပါ မှာကြားသွားသည်။ အဘိုးကြီး ကွယ်လွန်သွားချိန်တွင် အသုဘအခမ်းအနားသို့ ထိုလူသုံးဦးစလုံး ရောက်လာခဲ့သည်။ မီးသဂြိုလ် ပြီးစီးသွားချိန်တွင်...

ဆရာဝန် ။ ။ ငါတော့ ငါ့အပြစ်ကို ဝန်ခံလိုက်အုံးမယ်။ အခေါင်းထဲကို စာအိတ်
အလွတ်တစ်လုံးပဲ ထည့်လိုက်မယ်။ အဘိုးကြီးငွေတွေကို အခမဲ့ ဆေးခန်း တစ်ခုထောင်ဖို့
အသုံးပြုလိုက်ရတယ်လေ။

သင်းအုပ်။ ။ ငါလည်း အတူတူပါပဲ။ အဲဒီငွေတွေကို လူငယ် ကယ်ဆယ်ရေးဂေဟာ တစ်ခုအတွက်
အသုံးပြုလိုက်ရတယ်။

ရှေ့နေ။ ။ ဟာ ခင်ဗျားတို့ တော်တော်ဆိုးတဲ့လူတွေပဲ။ ခင်ဗျားတို့ စကားကြားရတာ
မယုံနိုင်စရာပါပဲလား။

ဆရာဝန် + သင်းအုပ် ။ ။ ဟေ့လူ ခင်ဗျားကရော အခေါင်းထဲကို ဒေါ်လာငါးသောင်း တကယ်
ပြန်ထည့်လိုက်လို့လား ။

ရှေ့နေ ။ ။ ထည့်လိုက်တာပေါ့ ။ ကျွန်တော် အသေအချာကို ကိုယ်ပိုင်
ချက်လက်မှတ်တစ်စောင် ရေးပြီး ထည့်ပေးလိုက်တာ ။

ကွန်ပြူတာသုံးသူတိုင်း သိထားသင့်တဲ့ အကြောင်း  

Posted by မိုးအိမ့်ဖြူ

For everyone who works daily on a computer. The mistakes  daily mouse and keyboard usage will result in Carpal Tunnel Syndrome! Use the mouse and keyboard correctly. View below for the surgery of a patient suffering from Carpal Tunnel Syndrome followed by the
RIGHT TECHNIQUES for usage....




Correct way to work on the Computer





Hand Exercises for Carpal Tunnel Syndrome


လက်ထက်လက်စွပ်ကိုဘာလို့ လက်သူကြွယ်မှာဝတ်ရတာလဲ  

Posted by မိုးအိမ့်ဖြူ

My RIng Pictures, Images and Photos



ကဲ…အားလုံး… လက်နှစ်ဖက်ကို ဘုရားရှိခိုးတဲ့ပုံစံကိုပြုလုပ်လိုက်ပါ။ လက်ခလယ်ကိုခေါက်လိုက်ပြီး လက်ခလည်ရဲ့ကြောချင်းကြောထိအောင် ခေါက်ကွေးထားဖို့လိုမယ်နော်။ ကျန်တဲ့လက်ချောင်းများက ထိပ်ချင်းထိပ်ထိနေပါစေ။

ဒီကစားနည်းကို မကစားခင်မှာ လက်ငါးချောင်းက ဘာကိုရည်ညွှန်းတယ်ဆိုတာကို ပြောပြပါမယ်။

လက်မထိပ်ကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ။ လက်မဆိုတာ မိဘကိုဆိုလိုတာပါ။ လက်မကိုခွါလို့ ရပါတယ်။ လူတိုင်းမှာ အိုနာသေရမယ်ဆိုတာရှိတယ် ဒါကြောင့် ခွါလို့ရတာပါ။

နောက်လက်မကိုပြန်ထိလိုက်ပြီး လက်ညှိုးကို ခွါကြည့်ပါ။ လက်ညှိုးကတော့ ညီအကိုမောင်နှမပါ။ သူတို့တွေလည်းကိုယ့်အိမ်ထောင်နဲ့ သူဖြစ်သွားရင် သင့်ကို ခွဲသွားမှာပဲ။

နောက်လက်ညှိုးကိုထိပ်တွေပြန်ထိထားပြီး လက်သန်းလေးကို ထပ်ခွါကြည့်ပါ။ ဒါကတော့ သားသမီးတွေပါ။ သူတို့လည်း ခွဲခွါကြမှာပါ။

ဒါဖြင့် နောက်ဆုံးလက်သူကြွယ်ကို ခွါကြည့်ပါ။ ခွါလို့မရပါဘူး။ ဒါဟာ တစ်သက်တာထာဝရလက်တွဲဖော်ပါ။ ဆေးပညာအရ အကြောတွေကအရမ်းကပ်နေလို့ ဆိုပြီး သူငယ်ချင်းတွေ ပြောကြတယ်။ ဒါပေမဲ့ ဒီလို လက်ထက်လက်စွပ်ကို လက်သူကြွယ်မှာ စွပ်ရတယ်ဆိုတာကကော ဆေးပညာကသတ်မှတ်ထားတာလား။ တိုက်ဆိုင်လို့များလား။ ဘာပဲဖြစ်ဖြစ်ပါ….. အချစ်စစ်ဆိုတာ ခွဲလို့မရပါဘူး။

ဒီစာလေးကတော့ Forward Mail တစ်ခုကရတာပါ.. ကြိုက်လွန်းလို့တင်လိုက်တာပါ...။

သူ့လက်ရာ  

Posted by မိုးအိမ့်ဖြူ

ဒီနေ့ကျွန်မချက်ကျွေးတဲ့ဟင်းကဘယ်လိုနေလဲ

ကောင်းတယ်မိန်းမရာချိုပြီးဆိမ့်နေတာပဲ

မဟုတ်သေးပါဘူးတော် ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ
ချဉ်စပ်လို့ရေးထားတယ်ရှင့်

ခံနေလို့ဖြစ်မလား  

Posted by မိုးအိမ့်ဖြူ

ရုပ်ရှင်ရုံအ၀င်ဝမှာအမျိုးသမီးကြီးတစ်ဦးက
လက်မှတ်စစ်ကိုရိုက်လိုက်လို့

ဘာဖြစ်လို့ရိုက်ရတာလဲ

မိုက်ရိုင်းလို့ပါ..ကျွန်မ၀ယ်လာတဲ့
လက်မှတ်ကိုယူပြီးဆွဲဆုတ်ပစ်တယ်လေ..။ ။

Brilliant Boy  

Posted by မိုးအိမ့်ဖြူ

First-grade teacher, Ms Blue (Age 28) was having trouble with one of her students
The teacher asked, "Boy what is your problem?

Boy answered, "I'm too smart for the first-grade. My sister is in the third-grade and I'm smarter than she is! I think I should be in the third-grade too!

Ms Blue had enough. She took Boy to the Principal's office.

The principal told Ms Neelam he would give the boy a test and if he failed to answer any of his questions he was to go back to the first-grade and behave. She agreed.

Boy was brought in and the conditions were explained to him and he agreed to take the test.

Principal: "What is 3x3?"

Boy: "9"

Principal: "What is 6x6?"

Boy: "36"
And so it went with every question the principal thought a third-grade should know. The principal looks at Ms Blue and tells her, "I think the Boy can go to the third-grade."

Ms Blue says to the principal, "I have some of my own questions. Can I ask him?" The principal and Boy both agree.

Ms Blue asks: "What does a cow have four of that I have only two of?

Boy, after a moment: "Legs"!

Ms Blue: "What is in your pants that you have but I do not have?"

Boy: "Pockets"!

Ms Blue: "What starts with a C and ends with a T, is hairy, oval, delicious and contains thin whitish liquid?"

Boy: Coconut

Ms Blue: "What goes in hard and pink then comes out soft and sticky?"

The Principal's eyes open really wide and before he could stop the answer, Boy was taking charge.

Boy: Bubblegum

Ms Blue: "What does a man do standing up, a woman does sitting down and a dog does on three legs?" The Principal's eyes open really wide and before he could stop the answer...

Boy: Shake hands

Ms Blue: "Now I will ask some "Who am I" sort of questions, okay?"

Boy: "Yep"

Ms Blue: "You stick! Your poles inside me. You tie me down to get me up.. I get wet before you do."

Boy: "Tent"

Ms Blue: "A finger goes in me. You fiddle with me when you're bored. The best man always has me first."

The Principal was looking restless, a bit tense and took one large Patiala Vodka peg.

Boy: "Wedding Ring"

Ms Blue: "I come in many sizes. When I'm not well, I drip. When you blow me, you feel good."

Boy: "Nose"

Ms Blue: "I have a stiff shaft. My tip penetrates. I come with a quiver."

Boy: "Arrow"

Ms Blue: "What word starts with a 'F' and ends in 'K' that means lot of heat and excitement?"

Boy: "Firetruck"

Ms Blue: "What word starts with a 'F' and ends in 'K' & if u don't get it u have to use your hand"

Boy: "Fork"

Ms Blue: "What is it that all men have one of it's longer on some men than on others, the pope doesn't use his and a man gives it to his wife after! They're married?"

Boy: "SURNAME"

Ms Blue: "What part of the man has no bone but has muscles, has lots of veins, like pumping, & is responsible for making love?"

Boy: "HEART"

The principal breathed a sigh of relief and said to the teacher, "Send this Boy to University, I got the last ten questions wrong myself!"

ပျော်ရွှင်ခြင်းကို ရွေးချယ်ပါ  

Posted by မိုးအိမ့်ဖြူ

Selma လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းနဲ့ အဖော်ပြုပြီး သဲကန္တာရတစ်ခုမှာရှိတဲ့ ကြည်းတပ် လေ့ကျင့်ရေးစခန်းကို လိုက်ပါသွားခဲ့ရတယ်။

ခင်ပွန်းဖြစ်သူ စစ်ရေးလေ့ကျင့်နေချိန်မှာ သူတစ်ယောက်တည်း သံထည်တွေနဲ့ဆောက်ထားတဲ့ တဲအိမ်ငယ်မှာ ကျန်ရစ်ခဲ့ရတယ်။

ရှားစောင်းပင်အရိပ်အောက်မှာတောင် ၅ဝံC ကျော်တဲ့ အပူချိန်ကို သူမခံနိုင်ခဲ့ဘူး။

သူ့ပတ်ဝန်းကျင်မှာလည်း အင်္ဂလိပ်စကားမတတ်တဲ့ မက်စီကိုနဲ့ အင်းဒီးယမ်းလူမျိုးတွေပဲ ရှိတာကြောင့် သူအဖော်မဲ့နေခဲ့တယ်။

ဒီလိုအပူဒဏ်နဲ့အထီးကျန်မှုကို မခံနိုင်တဲ့အဆုံး အရာအားလုံးကို စွန့်ပြီးသူပြန်ခဲ့မယ့်အကြောင်း ဖခင်ဆီSelmaစာရေးလိုက်တယ်။

စာပို့ပြီး မကြာဘူးဖခင်ဆီက ပြန်စာကို သူလက်ခံရခဲ့တယ်။ စာက တိုတိုလေးပဲ ရေးထားတယ်။

"တဲအိမ်ပြတင်းပေါက်ကနေ အပြင်ကို လှမ်းမျှော်ကြည့်တဲ့ လူနှစ်ယောက်..တစ်ယောက်က ရွံ့တွေမြင်ခဲ့တယ်။

ကျန်တစ်ယောက်က ကြယ်လေးတွေကို မြင်ခဲ့တယ်"ဖခင်ရဲ့စာကို ဖတ်ပြီး သူအရမ်းရှက်ရွံ့မိတယ်။ သဲကန္တာရမှာ "ကြယ်" တွေကိုရှာဖို့ သူဆုံးဖြတ်လိုက်တယ်။

နယ်ခံလူတွေနဲ့ ရင်းနှီးအောင် သူစပြီးမိတ်ဆွေဖွဲ့တယ်။ သူတို့ရဲ့ ယက်ကန်းလုပ်ငန်း၊ အိုးလုပ်ငန်းတွေကို Selmaစိတ်ဝင်စားလာခဲ့တယ်။

သဲကန္တာရမှာ ပေါက်ရောက်နိုင်တဲ့ ရှားစောင်းပင်နဲ့အခြားအပင်တွေကို သူလေ့လာခဲ့တယ်။

နေဝင်ဆည်းဆာ အလှတွေကို ကြည့်ရှုခံစားပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သဲကန္တရ ပင်လယ်ဖြစ်စဉ် ကျန်ခဲ့တဲ့ခရုသင်းခွံတွေကိုပါ သူစိတ်ဝင်စားလာခဲ့တယ်။

အထီးကျန်ပြီး အနေခက်တဲ့ နေရာလေးက ခုတော့ Selma အတွက် စိတ်ဝင်စားစရာ၊အထူးအဆန်းတွေနဲ့ ပြည့်နှက်လို့ နေခဲ့ပါတယ်။

ဒီပျော်ရွှင်မှုအတွက် အမှတ်တရခရီးသွားစာအုပ်အဖြစ် "Happy Palace" ဆိုတဲ့ စာအုပ်တစ်အုပ်ကိုသူရေးသားထုတ်ဝေခဲ့တယ်။

ဘယ်အရာတွေက Selma ကို ပြောင်းလဲစေခဲ့သလဲ?

သဲကန္တာရက သူ့ကို မပြောင်းလဲခဲ့သလို နယ်ခံ အင်းဒီးယမ်းတွေလည်း သူ့ကိုမပြောင်းလဲစေခဲ့ပါဘူး။

သူ့ကိုပြောင်းလဲစေခဲ့တာက သူ့ရဲ့စိတ်နေသဘောထားတွေပဲဖြစ်တယ်။

တခဏတွင်းမှာပဲ ပျင်းရိပူပြင်းတဲ့ ပတ်ဝန်းကျင်က သူ့အတွက်ပျော်စရာနဲ့ အဓိပ္ပါယ်ရှိတဲ့ နေရာဖြစ်သွားခဲ့တယ်။

နောက်ဆုံးမှာသူ့ကိုယ်ပိုင် "ကြယ်လေး" တွေကို Selma ရှာတွေ့ခဲ့တယ်။

ပျော်ရွှင်ခြင်းနဲ့ စိတ်ဆင်းရဲခြင်းက အမွှာညီအစ်ကိုတွေ ဖြစ်တယ်။

မတူတာကကိုယ့်ရွေးချယ်မှုပဲဖြစ်တယ်။

နွေနဲ့ဆောင်းလို့ပဲ... တကယ်လို့ နွေရာသီကိုကိုယ်နှစ်သက်တယ်ဆိုရင် ကိုယ့်အတွက် ပျော်ရွှင်ခြင်းတွေကို နွေကသယ်ဆောင်လာလိမ့်မယ်လို့ ထင်တတ်ကြတယ်။

ဆောင်းရောက်ရင်ရော? ဆောင်းကကိုယ့်အတွက် နာကျင်ဝမ်းနည်းခြင်း သယ်ဆောင်မလာပါဘူး။

ဒါပေမယ့် နွေကိုပိုနှစ်သက်မိတဲ့အတွက် ဆောင်းကို လျှစ်လျှူရှူမိတတ်ကြတယ်။

ဒါကြောင့်ဆောင်းရောက်တိုင်း နာကျင် ဝမ်းနည်းမှုတွေကို ခံစားရတယ်။ နွေနဲ့ဆောင်းကိုမျှခံစားကြည့်မှ မတူတဲ့ရာသီတွေမှာလည်း ပျော်ရွှင်ခြင်းတွေရှိကြောင်းကျွန်မတို့ သိနိုင်မှာဖြစ်တယ်။

လောကကြီးမှာ မတူတဲ့ရှုထောင့်၊ အမြင်တွေကြောင့် အကောင်း၊ အဆိုးနဲ့ပိုင်းဖြတ်လို့မရတဲ့ အရာတွေ အများကြီးရှိတတ်ကြတယ်။

ဒါကြောင့်ကိစ္စရပ်တစ်ခုခုနဲ့ ကြုံကြိုက်တဲ့အချိန် ပျော်ရွှင်ခြင်းကို သိမ်းဆည်းပြီးစိတ်ဆင်းရဲခြင်းကို ဘယ်လိုကွေ့ရှောင်သွားမယ်ဆိုတာ သိဖို့ပိုအရေးကြီးပါတယ်။

၁၉ရာစုမှာ ဂျာမဏီစိတ်ပညာရှင် Arthur Schopenhauer က"အရာဝတ္ထုတွေက လူတွေကိုအကျိုးမသက်ရောက်စေဘူး။

အရာဝတ္ထုကို ကြည့်တဲ့ လူတွေရဲ့အကြည့်တွေကသာသူတို့ကို ပြန်အကျိုးသက်ရောက်စေတာ ဖြစ်တယ်" လို့ ပြောခဲ့တယ်။

ဘဝက အနုပညာပါ။ ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းကကိုယ့်ရွေးချယ်မှုပေါ်မှာပဲ မှုတည်ခဲ့ပါတယ်။ သေးမွှားတဲ့စိတ်ဆင်းရဲခြင်းတွေနဲ့ ကိုယ့်မျက်လုံးအစုံကို မဖုံးအုပ်ထားရင်...

နာကျည်းခြင်းတွေနဲ့ ကိုယ့်စိတ်ဝိညာဉ်ကို မဖိထားရင် ...

ပျော်ရွှင်ခြင်းတွေက ကောင်းကင်ပေါ် ပက်ကြဲထားတဲ့ ကြယ်လေးတွေလို့ကျွန်မတို့ရဲ့ ဘဝထောင့်ချိုးတိုင်းမှာ လင်းလက်နေတယ်ဆိုတာတွေ့ရပါလိမ့်မယ်။

ဖခင်ရဲ့စာထဲကနေ သူစိတ်ဆင်းရဲရတဲ့ရင်းမြစ်ကို Selma ရှာတွေ့ခဲ့တယ်။

စိတ်ဆင်းရဲတာတွေကို ဘယ်လိုစိတ်ထားနဲ့ ကိုယ်ရင်ဆိုင်ဖြေရှင်းမလဲ?

ကိုယ့်စိတ်ထား၊ ရွေးချယ်မှုနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ပျော်ရွှင်တဲ့စိတ်ထားနဲ့ရင်ဆိုင်ဖြေရှင်းရင် ပျော်ရွှင်ခြင်းကို ကိုယ်ရမယ်။

မရင်ဆိုင်နိုင်ခဲ့ရင်စိတ်ဆင်းရဲခြင်းပေါ် စိတ်ဆင်းရဲခြင်းထပ်ပြီး ကိုယ်ပိုခံစားရလိမ့်မယ်။

ပျော်ရွှင်ခြင်းကို ယူမလား? လက်လွတ်မလား? ကိုယ့်ရွေးချယ်မှုနဲ့ပဲ ဆိုင်ပါတော့တယ်။

ကဗျာလို့သတ်မှတ်ပေးကြပါ  

Posted by မိုးအိမ့်ဖြူ



ဒီလိုနဲ့ပဲ အရာရာကို

နည်းနည်းခြင်းဆီ စုထားခဲ့တယ်

ဟိုဟာနည်းနည်း

ဒီဟာနည်းနည်းပေါ့

ဒီလိုနဲ့ပဲ အိပ်ရေးတွေပျက်ပြီ

ကျန်းမာရေးချို့တဲ့လာခဲ့တယ်..။

အချိန်မတူဘူးလေ

သူအိပ်နေချိန်မှာ ဒီဘက်မှာကညနေဘက်

ကွာခြားချက်ကလဲ များလိုက်တာ

တွေ့ရချိန်လေးကို သိပ်တန်ဖိုးထားခဲ့တယ်..။

ဒါကြောင့်အရာတိုင်းကို နည်းနည်းခြင်းဆီစုယူထားခဲ့တယ်

နောက်ဆုံးမှာ

ချစ်သူ မင်းပဲစိတ်ဆင်းရဲရလိမ့်မယ်........

ကျွန်တော်အခုတလောအမြဲလိုလို ခေါင်းမူးနေတယ်

လုံးလည်လိုက်နေပါတယ်

အာရုံကြောရောဂါရချင်သလိုလိုဖြစ်နေတယ်။

P.S ။ ။ ဘယ်အချိန်အထိ တစ်ယောက်တည်း အထီးကျန်နေရမလဲ

ငါ့ဘေးနားမှာ မင်းရှိနေဖို့ ဘယ်လိုလုပ်ရမလဲ

မျက်လုံးတွေ မှိတ်ထားပေမယ့်လဲ

မင်းကိုမြင်ယောင်နေတယ်လေ.....။

ငါဟာလူညံ့  

Posted by မိုးအိမ့်ဖြူ



အိမ်မက်တွေကတော့ ကောင်းပါရဲ့

ထီပေါက်၊စာမေးပွဲအောင် ၊ချစ်သူနဲ တွေ့တဲ့

ဒါပေမယ့်ဒါတွေကို

ကာယကံရှင်သိအောင် ရှင်းမပြနိုင်ခဲ့ဘူး

အိမ်မက်တွေထဲမှာ

အနုပညာဆိုတဲ့ နတ်သမီးတစ်ပါးနဲ့ တွေ့ ဆုံလေ့ရှိတဲ့အကြောင်း

တခြားသူတွေ လက်ခံနားလည်လာအောင် မပြောတတ်ဘူး

လူတစ်ယောက်ရဲ့ အားနည်းချက်ဆိုတာ

ဘ၀ပေးအခြေအနေကိုခေါ်တာမဟုတ်လား.........။

ငါအနားကပ်ပြီး တိုးတိုးလေးလာပြောသွားတဲ့

လူတစ်ယောက်ရဲ့ စကားကို သိရက်နဲ့

ဘာလို့လက်ခံနိုင်ရတာလဲ......။

နားလည်သိမ်ငယ်စွာ နှုတ်ဆိတ်သွားတဲ့ ငါ့အသံတွေမှာ

စိတ်နယ်လွန်ဆန်နေတဲ့ စိတ်ကူးယဉ်ဆန်နေတဲ့အပြင်

နာကျင်လွန်းလှလို့ ရင်ထဲမှာငိုကြွေးနေတယ်....။

ငါ့အိမ်မက်တွေမှာ အမြဲပါနေတဲ့သူ

သိအောင်တော့ပြောပြချင်ပါတယ် (ချစ်သူ)

အိမ်မက်တွေကတော့ ကောင်းပါရဲ့

ငါဟာ လူညံ့တစ်ယောက်ဖြစ်တယ်ဆို တဲ့

အိမ်မက်ကလွဲရင်ပေါ့။

P.S ။ ။ ဘယ်နေ့ဟာ အဆုံးသတ်နေ့လဲ ဟင်....။ အဲဒီနေ့ကို မရောက်အောင် ခဏလောက်တော့ ရက်တန့်ထားချင် တယ်...။ နာရီ ၊ အချိန်တွေသာ ပိုင်ဆိုင်ခွင့်ရရင် သိပ်ကောင်းမှာပဲ..။ အများကြီးမဟုတ်ရင်တောင် နည်းနည်းလေးတော့ ပိုင်ဆိုင်ချင်သေးတယ်...။ ( စိတ်ညစ်လို့ ၊ ခေါင်းတွေအရမ်းရှုပ်နေလို့ )

ခေါင်းစဉ်မဲ့  

Posted by မိုးအိမ့်ဖြူ













ချောချောမွေ့ မွေ့ ပြောချင်ပေမယ့် အချိန်ကတိုပြီး ငြီးငွေ့ ခြင်းကရှည်လျား
ပြောဖို့ ကြိုးစားနေရင်းက လိုရင်းစကားလုံးတွေ အစေးမကပ်ကွာကျသွား
လက်ကအပေါက်မှာကပ်နေတာကိုလက်ပေါက်ကပ်တယ်လို့ ပြောချင်ပြော
အဲဒီအပေါက်ကိုပဲဖြည့်ဖြည့်နေတာ မသိစိတ်ထဲမှာတစ်ခုခုဖာနေတာလား
အရှေ့အနောက်တောင်မြောက်ထောင့်တိုင်းမှာအတောင့်သားဒေါသတွေ
စိတ်ဟာဝါကျကွဲပြား
ငါ့ခံစားချက်တွေကိုငါမြင်တယ်ဆိုတာ အမှောင်ထဲပစ်ခံရတဲ့
လောက်စာလုံးတွေပါပဲ....။
နာတယ်ဟေ့ နာတယ်...နာတယ်ဟ...၊
ဟေ့..ဘယ်ကောင်လဲကွ။
ငါခံစားရတာကငါခံစားရတာပဲ အဲဒါမုသားမဟုတ်ဘူး၊အလင်္ကာ..
မသေချာရင်နေပလေ့စေကဗျာဆန်ချင်တာမဟုတ်ဘူး၊မချောမွေ့ လည်းနေ
နေနေရပြီး ကြည့်ကြည့်ပြောကြည့်နေရတာပဲမဟုတ်လား...
အိပ်ပစ်ချင်လိုက်တာ...။
အလှတရားဟာ ကြည့်သူမျက်လုံးထဲမှာရှိတယ်ဆိုတော့
အဲဒီမျက်လုံးကိုဖောက်လိုက်ရင် အလှတရားကို
အရှင်ရမလား....အသေရမလား။
ဒါကဗျာမဟုတ်ဘူး၊ကဗျာဆိုတာ ငါတို့ နဲ့ ဝေးရာမှာ....
ထင်မိထင်ရာ၊ကျင်မိကျင်ရာ၊နင်မိနင်ရာမှာရှင်မိနေတာ အဆန်းလား
အရေပြားတွေလျော့ရဲလာ၊အကြောတွေပေါ်လာအရိုးတွေဟာ
အရိုးကိုဖြစ်လာနေတဲ့အဆောက်အအုံမှာ
နေအကြိမ်ကြိမ်စား မာနမွဲခြောက်နဲ့ 
ခေါင်းမကောင်းတော့တဲ့ စဉ်စားတွေးခေါ်နေထိုင်နည်းတွေရဲ့ဆင်ခြင်တုံတရားနဲ့ 
(ဘာတရားလည်းပြော၊တရားတိုင်းတရားတယ်လို့ မထင်နဲ့ )
အဲသလို... အရိပ်မဲကြီးရဲ့ သဒ္ဒါစနစ်ထဲမှာ ငါလိုချင်တာ...
ဘာမှမရှိပါလား၊ငါဟာဖွဲ့ ထုံးထဲမှာ
`အောက်ကမြစ်`လောက်ပေါ့
ခေါင်းမော့်နိုင်သလောက်လေးမော့်ပြီးတော့သာ....
ငါဟာ ငါမဟုတ်တော့ဘူးဆိုတာလည်း..
လုပ်ကြံခံရတာတွေကို ငါတောက်ကြည့် တိုက်ကြည့်ရင်း..။
ဟုတ်ကဲ့ပါခင်ဗျာ...
ကျွန်တော့်ကဗျာများဟာ မကြာမီအချိန်အတွင်း
ခက်ခဲသော အနက်များ၊စိတ်အနှောင့်အယှက်ပေးသောအရေးအသားများ
မကြုံစဖူးသောအသုံးအနှုန်းများ၊ဘောင်မ၀င်သောအရေးအသားများ
အသေအချာဆိုင်းထိုးပြီး သက်ဆိုင်ရာရဲ့လက်ထဲရိုသေစွာအပ်နှံပေးလိုက်ကြပါရန်
`ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်နိုင်ပါသည်`
စာတန်းဟာ ဆေးလိပ်ဘူးခွံဘေးမှာ ဆေးလိပ်အမည်လောက်မကြီးဘူးဆိုတာ
ဘာကြောင့်လဲ....သတိပြုပါ.....။
အဲသလိုပဲ
အကောင်ဟာ အထည်မပေါ်တာတွေပေါ့
ကိုယ့်မှာဆေးလိပ်တစ်လိပ်ရလိုက်ပြီး
လက်ဝယ်မီးခြစ်မရှိဘူး.....။

ကျွန်တော် နှင့် ကျွန်တော့်ချစ်သူရဲ့ ဇာတ်လမ်းလေးပါ  

Posted by မိုးအိမ့်ဖြူ

ချစ်သူနှင့် ကျွန်တော်ရဲ့ ဇာတ်လမ်းပမာလေးပါ..။ ကျွန်တော်တို့နှစ်ယောက် ပါဝင်အသံသွင်းထားကြတာပါ..။ ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူဇာတ်လမ်းလေးကို နားထောင်ကြည့်လိုက်နော်... ဇာတ်လမ်းလေးရဲ့ အစမှာ ကျွန်တော်ကနိုင်ငံခြားမှာပညာတော်သင်သွားတာပါ..။ တနေ့တော့ ကောင်မလေးတစ်ယောက်နဲ့ ကျောင်းတစ်ကျောင်းရဲ့ ထောင့်ချိုးတကွေ့မှာတိုက်မိရာကနေ ဇာတ်လမ်း လေးဖြစ်လာတာပါ သိချင်ရင်တော့ ဆက်ပြီးနားထောင်လိုက်နော်....။ ဘာလိုတွေ ဆက်ဖြစ်မလဲလို့.........


MusicPlaylist
Music Playlist at MixPod.com

နာဂစ်နှစ်ပတ်လည် ဇာတ်လမ်းလေးပါ  

Posted by မိုးအိမ့်ဖြူ

ချစ်သူကိုယ်တိုင်ပါဝင်အသံသွင်းထားတဲ့ နာဂစ်နှစ်ပတ်လည် ဇတ်လမ်းလေးပါ..။ နာဂစ်မုန်တိုင်းကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာလူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်..။ ပြီးတော့ လူပေါင်းများစွာလဲ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်..။ ၀မ်းနည်းစရာ အဲဒီအဖြစ်အပျက်လေးကို အမြဲအမှတ်ရစေအောင်လို့ ဇာတ်လမ်းပုံစံလေး နားထောင်လို့ရအောင်တင်ပေးလိုက်ပါတယ်...။

ဒီနေရာကိုနှိပ်၍နားထောင်နိုင်ပါတယ်......။

အခြားတစ်ဖက်မှဆင်ခြင်ရန် (ဆရာတာ)  

Posted by မိုးအိမ့်ဖြူ






















ကိုယ်နဲ့ သူနဲ့ ခြားနားတာကို သိမှ ချစ်ခြင်း တဲ့

ကိုယ်ချစ်မြတ်နိုးသူရဲ့ တစ်သီးပုဂ္ဂလဖြစ်မှုကိုသိပါတဲ့

ထိုဟာကိုလေးစားပါတဲ့

မလေးစားတတ်ရင် ချစ်ခြင်းမမည်ဘူး တဲ့

ကိုယ့်ကိုယ်ကိုယ်ပဲ အချစ်လွန်တဲ့သူကို (NARCISSIT) လို့ ခေါ်တယ်။

နီးကပ်နေခြင်း၌ပင် အလပ်အဟာ အကွာအဝေးရှိပါစေ

နှစ်ယောက်အကြားမှာ ကောင်းကင်ဘုံမှ လေများကပါစေ

တစ်ယောက်ကိုတစ်ယောက်ချစ်လေ သို့ တစေ

အချစ်နှင့်ချည်နှောင်ထားခြင်းကိုကား မပြုအပ်ပေ

ချစ်သူဝိညာဉ်ကမ်းပါးနှစ်ခုအကြား လှုပ်ရှားနေသော ပင်လယ်ရှိပစေ။

တစ်ဦးခွက်အား တစ်ဦးဖြည့်ပါ

တစ်ခွက်တည်းမှကား မသောက်လေနှင့်

တစ်ဦးကိုတစ်ဦးကား ပေါင်မုန့် ပေးရန်(ကြိုက်နှစ်သက်ရာ)

ပေါင်မုန့် တစ်လုံးတည်းကိုကား မစားလေနှင့်။

အတူတကွသီချင်းဆိုလေ ကခုန်ပျော်ရွှင်လေ

သို့ တစေ တစ်ယောက်တည်းနေဖို့ လည်း အခွင့်ရှိပါစေ

ဂီတတစ်ခုတည်းအတွက် တုန်ခါသော စောင်းကြိုးများပင်

တစ်ချောင်းခြင်းဖြစ်ကြသလေ

နှလုံးသားကိုပေးပါ သို့ သော် တစ်ဦးကိုတစ်ဦးကားမသိမ်းပိုက်နှင့်

`ဘ၀ဟူသောလက်မောင်း´ အတွင်း၌သာ သင်တို့် ၏ နှလုံးသားများကိုသိမ်းထားနိုင်သမို့ ပါ။

အတူတကွ မတ်မတ်ရပ်ပါ အလွန်တော့မနီးစေနှင့်

ပထိုး၏ထောက်တိုင်များပင် မနီးမဝေးမှာထားရတာ

ဝက်သစ်ချပင်များ၊စိုက်ပရပ်(စ်)ပင်များ၊တစ်ပင်အရိပ်အောက်မှာတစ်ပင်မပေါက်ကြသလို။

အချူပ်အားဖြင့်ပြောရရင်တော့ ချစ်ခြင်းဆိုတာက တယောက်နဲ့တစ်ယောက်မှီခိုနေချင်ပါပဲ.....။

ကိုယ်ပျောက်ဝတ်စုံ  

Posted by မိုးအိမ့်ဖြူ
















လူတွေကြားမှာ ကျွန်တော်သွားလာနေပေမယ့် ကျွန်တော့်ကိုဘယ်သူမှမမြင်ကြဘူး

ဘယ်သူမှလည်းသတိမထားမိကြဘူး

လူတွေကမိုးမမြင် လေမမြင် နေကာမျက်မှန်တွေတပ်လို့ 

ဟန်ရေးပြ လက်ကိုင်ဖုန်းတွေကိုင်လို့ 

အမှောင်ချထားတဲ့ မှန်အနက်တွေတင်ပြီး အကုသိုလ် မော်တော်ကားတွေစီးလို့ 

လူတွေကကျွန်တော့်ကိုမမြင်ဘဲ ကျွန်တော့်အိတ်ထဲက ပိုက်ဆံကိုသာ

စိတ်ဝင်တစားကြည့်နေကြ

တီရှပ်တွေမှာ လိင်သင်္ကေတဒီဇိုင်းနဲ့ 

ရေပေါ်ဆီထည့်မောင်းရတဲ့ ဆိုင်ကယ်နဲ့  အပေါင်းအသင်းတစ်စု

ဝံပုလွေအမွှေးပွထည်နဲ့  တသွေးတမွေးဖြစ်နေတဲ့ မိတ်ဆွေတစ်စု

အားလုံးဟာ ကျွန်တော့်ကို တစ္ဆေ တစ်ကောင်လို တွန်းတိုက်ဖြတ်ကျော်သွားကြ

ကျွန်တော့်အိမ်မက် ကျွန်တော့်ခြေလှမ်းနဲ့  ကျွန်တော့်မျက်ရည်တွေ

ဘယ်သူမှလှည့်ကြည့်ဖော်မရ မြင်ပုံမရဘဲ အားလုံးဖြတ်ကျော်သွားကြ

ဗလာစာအုပ်ပေါ် ရေးချထားတဲ့ ကဗျာတွေဟာ

ကျွန်တော်တည်ရှိနေကြောင်း အမှတ်အသားဖြစ်မလားဘဲ

ကိုယ်ပြန်ပေါ်လာမယ့်နေ့ ကို ကျွန်တော်မမျှော်လင့်ပါဘူး

ကိုယ်ပျောက်အဆိပ်ငွေ့ ထိထားတဲ့ ကျွန်တော့် အနုပညာဝတ်စုံလေးနဲ့ 

နေသားကျနေပြီလေ။

အဖြူရောင်သံစဉ်ရေဒီယို Blog မှာထည့်မယ်  

Posted by မိုးအိမ့်ဖြူ

အဖြူရောင် သံစဉ်ရေဒီယို ကို မိမိ ဘလောခ့်မှာ သွင်းချင်သူများအတွက် ပါ...။ ပေးထားတဲ့ ကုတ်လေးကို ဘလောခ့်ထဲက Layout ==> Page Elements ==> Add a Gadget ==> HTML /Javascript ကိုရွေးပြီး အောက်ကဒေါင်းလုဒ်လုပ်ထားတဲ့ Notepad ထဲကကုတ်ကို Copy ကူးယူပြီး Save မှတ်လိုက်ရင် အဖြူရောင် သံစဉ်ရေဒီယိုလေးကို မိမိ ဘလော့ခ်ပေါ်မှာ တွေ့မြင်ကြရပါလိမ့်မယ်...။

ဒီနေရာ ကနေယူလိုက်ပါ...။ ကျွန်တော် Codeview နဲ့တင်တာမရလို့ ဒေါင်းလုဒ်လင့်လေးကိုပေးလိုက်ပါတယ်....။

နှင်းဆီဖွင့်သော သော့  

Posted by မိုးအိမ့်ဖြူ

thinking Pictures, Images and Photos



တံခါးပေါက်ကိုအသေအချာလုံခြုံစွာပိတ်ခဲ့သည်မှန်သော်လည်း ပိတ်ပြီးသည်၏ခဏတွင်တံခါးသည်ပြန်ပြီး
ပွင့်သွား၏။ အမှန်စင်စစ်တံခါးပေါက်၏သဘောသဘာဝ အရလောကမှာဘယ်တံခါးပေါက်မှမလုံခြုံပါ။
လုံခြုံသည်ဟုစိတ်ကိုအကြိမ်ကြိမ်အဖန်ဖန် လှည့်စားပါသော်လည်းမလုံခြုံခြင်းအဖြစ်ကို ၀မ်းနည်းပက်လက်
သိနေပါသောကြောင့်ကြံရာမရ ဆောက်တည်ရာမရဖြစ်သည်အဆုံးတွင် မျက်စိများကိုမှိတ်ထားလိုက်
ပါသည်။
နေရောင်ခြည်ရောယှက်ထားသောမိုးငွေ့ မှုန်များ ကျဆင်းနေသည့်တညနေခင်းသူမပြန်သွားကတည်းက
ထိုငြင်းပယ်မှုကိုကျွန်တော်စွန့် လွှတ်သင့်ပါလျက်မစွန့်
့လွှတ်မိသောအမှားဒဏ်ကို ယခုတိုင်ခံနေရဆဲဖြစ်သည်။
ပင်ပန်းလွန်းလှပါတယ်ကွာဟု ကျွန်တော့်ခေါင်းပေါ်မှပြောသံကြားရ၏။ ကျွန်တော်ရှက်ရွံ့ မလုံမလဲဖြစ်ကာ
ကျွန်တော့်ရင်ထဲမှာသိမ်းဆည်းထားသော ဆာရီရယ်လစ် ပန်းချီကားတစ်ချပ်ကိုထုတ်ပေးလိုက်ရသည်။
ရင်ထဲမှာထိုပန်းချီကားမရှိတော့သောအခါ ပိုပြီးလေးလံမွန်းကျပ်လာ၏။ ဘ၀အဆက်ဆက်သံသရာကပါခဲ့
သောအညစ်အကြေးဝန်ထုပ်ကြီးကျန်ရှိနေသေး ကြောင်းကျွန်တော်သိသင့်ပါလျက်ကျွန်တော်မသိ။
သိသည်ဟုထင်နေသူကသိသမျှဟုတ်မှန်သည်။ သူမသိသောအရာများမဟုတ်မမှန်ဟု အာပေါင်အာရင်း
သန်စွာပြောနေ၏။ အမျှ......အမျှ။
နောက်ထက်ကြိုးစားပါဦး။ မိမိလိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေဘ၀တစ်ခုကိုရပြီးသည့် နောက်
ဆက်လက်တာဝန်ယူရလိမ့်မည်ဟု လူတတ်လုပ်ပြီးပြောဖို့ကြံရွယ်သောအခါ ကျွန်တော့်ခေါင်းပေါ်ကလူက
ချောင်းတစ်ချက်ဟန့် ၏။ ဘာမှမပြောလိုက်။ ပြောလို့ လည်းရမည်မဟုတ်ပါ။ လမ်းဆိုသည်မှာလိုရာအရပ်ကို
မယိမ်းမယိုင်ဆက်သွယ်ပို့ ဆောင်သည်ချည်းဖြစ်၏။ ယိမ်းယိုင်တတ်သည်မှာလမ်းမဟုတ် ခြေလှမ်းများသာ
ဖြစ်သည်။ ကျွန်တော့်ခြေလှမ်းများယိမ်းယိုင်နေသည်မှာ အနည်းဆုံးကိုးနှစ် ၊အများဆုံးတစ်ဘ၀ရှိပါပြီ။
ခရီးဆုံးအောင်သွားရမည်လား။ အဆုံးဆိုသည်မှာဘာလဲ။ တစ်ခါတစ်ရံမစမီကဆုံးတတ်သည်။
ကျွန်တော်ရှေ့ခရီးကိုစပြီးပြီလား။ ဘယ်တော့ဆုံးမည်လဲ။ အဆုံးကိုမျှော်မှန်းစဉ်းစားသောအခါမောလာ၏။
ဘ၀အမောတွေပြေလျော့ သန့် စင်ဖို့ ကွမ်းတစ်ယာနှင့်ဆေးတစ်အိုးပေးကြပါ။
ကျေးဇူပြု ပြီးမုန့် အချိုတစ်ခု့ လည်းပါပါစေ။ ကျွန်တော်သေသွားပြီ။ မည်သူကျွန်တော့်ကိုသတိရမည်နည်း။
သေခြင်းဆိုသည်မှာအစလား၊အဆုံးလား၊ အစဉ်၏အစိတ်အပိုင်းလား၊ ကျွန်တော်သေလျှင်သူမငိုမည်လား
သတိရခြင်း၊မေ့လျော့ခြင်း၊ ချစ်ခင်ခြင်း၊မုန်းတီးခြင်းတို့  အတွက်အရေးထားသတိပြုမိစရာ အကြောင်းအရင်း
ဖြစ်သောကျွန်တော်၏ဖြစ်တည်မှုတစ်ခုသည် ကန့် သတ်ချက်အတိုင်းအတာကုန်လွန်သွားခြင်းသာ
ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင်လူသန်းပေါင်းများစွာကျန်သေး၏။ သေဆုံးသွားသူတစ်ယောက်အတွက်ဘာမှမဖြစ်ပါ။
ရှင်ကျန်ရစ်သူများကိုသာ ထမင်း၀၀ ကျွေး၊ ကလေးများကိုကျောင်းထားပေးကြပါလေ...။

အဖေများနေ့ပါ  

Posted by မိုးအိမ့်ဖြူ




ဒီနေ့လေး ဟာ အဖေများနေ့လေးပါ....။ ဒီနေ့လေးကိုတော့ အားလုံးမေ့နေလောက်တယ်လို့ ထင်ပါလိမ့်မယ်..။ ဘာလို့လဲ ဆိုတော့ တစ်ခုခုဆို အမေ့ကိုပဲ သတိရကြတယ်လေ...။ ကျွန်တော်တို့တွေက အမေကိုပဲ ပိုမြတ်နိုးလို့ အမေများနေ့ကိုပဲ သတိရကြပါတယ် အဖေများနေ့လေးကိုတော့ မေ့နေပါလိမ့်မယ်..။ အမှန်တော့ မိဘ ဆိုတာက အမိပြီးတော့မှ အဘပါ ဒါကိုကျွန်တော်တို့လက်ခံထားကြရပါလိမ့်မယ်...။ အဘ ဆိုတာကိုတော့ မေ့ထားလို့မသင့်ပါဘူးဗျာ...။ ငယ်ငယ်က ကဗျာလေးကိုတောင်ပြေးသတိရမိတယ်ဗျာ...။ အဖေဆိုတာ ဒီလိုလူလား မြောက်လာဖို့ အတွက် ရှေ့ဆောင်လမ်းပြ သွန်သင်ဆုံးမပေးခဲ့ပါတယ်..။ အိမ်ရဲ့ လိုအပ်ချက် ငယ်စဉ်အခါမှာ လိုချင်တာပူဆာရင် ၀ယ်ပေးတတ်တဲ့ အဖေ ၊ သားသမီးကို အမြဲ သူများထက်သာအောင် ဖြစ်စေချင်တဲ့ အဖေ ၊ ဒါတွေကို ကြည့်ရင် ကျွန်တော်တို့ ရဲ့ အဖေဟာ အမြဲတမ်း သားသမီးတွေရဲ့ ရှေ့မှာ မားမားမတ်မတ် ရှိနေခဲ့ပါတယ်...။ အဖေ သား အဖေ့ကို သိပ်သတိရတာပဲဗျာ..။ တနေ့တနေ့မှာ သားလဲ အဖေ့လိုနေရာကို ပိုင်ဆိုင်ရမှာပါ..။ ဒါပေမယ့် သားတို့အပေါ်မှာ တာဝန်ကျေခဲ့တဲ့ အဖေလို သားလည်း နောင်မှဖြစ်လာမယ့် အဖေ့ နေရာမှာ တာဝန်ကျေပါရစေ အဖေရယ်...။ ဒီနေ့အဖေများနေ့မှာ သားဒီနေရာလေးကနေ အဖေကို ကန်တော့ပါရစေနော်....။

အဖြူရောင်သံစဉ် နှင့် မိတ်ဆက်  

Posted by မိုးအိမ့်ဖြူ

အင်တာနက်မှ တဆင့် ၂၄ နာရီပတ်လုံး မြန်မာသီချင်းများထုတ်လွင့်ပေးလျှက်ရှိသော အွန်လိုင်းရေဒီယိုလေးနှင့် အားလုံးကိုမိတ်ဆက်ပေးပါ့ရစေ…

ရေဒီယိုနားထောင်မယ်ဆိုရင်တော့ အောက်ပါလင့်ခ့်ထဲက တစ်ခုကို နှိပ်ပြီး သီချင်းများကိုနားဆင်နိုင်ပါတယ်..။
http://radio.apytz.net (သို့မဟုတ်) http://89.238.146.148/APYTZ
အဲဒီမှတဆင့် သီချင်းများနားထောင်နိုင်သလို သီချင်းလည်း တောင်းနိုင်ပါတယ်။ သီချင်း တောင်းချင်တယ်ဆိုရင်တော့ …
Gtalk မှတဆင့် အဖြူရောင်သံစဉ် ရေဒီယိုဒီဂျေ apytz.dj@apytz.net ( သို့မဟုတ် ) apytz.dj2@apytz.net ကို invite လုပ်ရပါမယ်။ လက်ရှိသီချင်းနားထောင်သူဦးရေများပြားလာမှုကြောင့် သီချင်းတောင်းဆိုမှုလွယ်ကူစေရန် အကောင့် နှစ်ခု သုံးထားပါတယ်...။ apytz.dj2@apytz.net ယခုနောက်ပိုင်း တွင်သီချင်းတောင်းဆိုရန်လက်ခံသော အကောင့်ပဲဖြစ်ပါတယ်...။ apytz.dj@apytz.net တွင်အကောင့်များလက်ခံခြင်းမရှိတော့ပါ...။ ထိုကြောင့် apytz.dj2@apytz.net ကိုသာ invite လုပ်ရပါမယ်။
ဒီဂျေက ကိုယ့်account ကို လက်ခံလိုက်ပြီဆိုရင်တော့ ကိုယ်လိုချင်တဲ့ သီချင်းကို ဒီဂျေဆီမှာ တောင်းဆိုနိုင်ပါပြီ။

အဖြူရောင်သံစဉ် ရေဒီယိုကို ကိုယ်တိုင်ဝင်ရောက်လေ့လာချင်တယ်ဆိုရင်တော့…
http://www.apytz.net မှာလေ့လာနိုင်ပါတယ်

အဖြူရောင် သံစဉ်များ နိုင်ငံအရပ်ရပ်မှ သူငယ်ချင်းများနှင့် ချက်တင် ပြောချင်တယ်ဆိုရင်တော့......
http://www.chatapytz.com/chat/cgi-bin/chat.pl?id=&language=&css=&proxy=&proxy=1
ကိုလာရောက်လေ့လာနိုင်ဖို့အားလုံးကို ဖိတ်ခေါ်အပ်ပါတယ်...။

အိမ်လွမ်းလို့  

Posted by မိုးအိမ့်ဖြူ

;lwantal;


တ၀က်မျို သိပ်ခံရတဲ့
နုပျိုမှုတွေ.......

ဘ၀မှာဘာမှအများကြီး မလိုပါဘူး
နှစ်ခုပဲ လိုတယ်
ချစ်သူစစ်စစ်နဲ့ 
ရန်သူစစ်စစ်
ဒီနှစ်ခုပဲ.....

အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
နေ့ စဉ် ခုန်ခုန်ချနေရတဲ့ဘ၀ခရီး
အခမဲ့ညတွေ သိပ်ပြီးသိပ်သည်းလွန်းလှ
အမေရယ်..
ကျွန်တော် ဘယ်လောက်မှားယွင်းမိလို့ လဲ.....

ထမင်းစစ်စစ် စားချင်တယ်
အိမ်နံ့ မွှေးတဲ့ အိပ်ယာစစ်စစ်မှာ အိပ်ချင်တယ်
ပြီးတော
အမေ့မျက်လုံးအရောင်ကို မွတ်သိပ်မိပါတယ်
တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
ဂရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ

အမေ ကျွန်တော်ရိုးသားခဲ့ပါတယ်။

ဘာလိုလိုနဲ့  

Posted by မိုးအိမ့်ဖြူ

My hearth Pictures, Images and Photos

တွေ့ စကတည်းကအဲဒီစိတ်(အရိပ်)ထဲ

ငါလဲကျခဲ့တယ်

ဒါဟာလည်းရင်းနှီးပြီးသားထင်ရတဲ့ သူစိမ်းဆန်မှုတွေပေါ့။

မကြီးမငယ်နဲ့ လေးလေးနက်နက်မေးရရင်

`ဒါဟာအချစ်လား`

ရင်ခုန်သံကို ဘယ်လောက်ဟန်ဆောင်မှုမှာကြားရသလဲ။

`ကြုံမှသိ` နဲ့ `ထိမှနာ`ဟာ

ကြောင်းကျိုးဆက်နွယ်မှုလား။

ငါ့ရဲ့အတွင်းကိုသိမ်းပြီး ငါ့ရဲ့အပြင်ကိုပိုက်မယ်လို့ များ

မင်းထင်ယောင်ထင်မှားကျိန်ခဲ့သလားကွယ်။

ရှုတဲ့လေမတူတော့၊တူတဲ့လေရှုဦးမတဲ့လား။

ဒီအချစ်ဆိုတဲ့ပရောဂျက်မှာ

အိတ်စပါယာရီဒိတ် ပါခဲ့သလား။

နို့ နေပါဦး..

ငါ့နှလုံးသားရဲ့ ဘယ်အရပ်ဒေသတွေအထိ

မင်းနောက်ဆုံးကိုဝင်ရောက်ခဲ့သလဲ........ ချစ်သူ။

မိုး  

Posted by မိုးအိမ့်ဖြူ





မိုး
လွမ်းအောင်လုပ်တတ်တယ်နော်
ပျော်ရွှင်အောင်လဲ ဖန်တီးပေးတယ်......
သူ့ကြောင့် လွမ်းဆွေးသတိရစရာ ဇာတ်လမ်းလေးတွေဖြစ်လာသလို
အပြစ်ကင်းတဲ့ကလေးလေးတွေ မိုးရွာချရင် အိမ်ရှေ့ထွက်ပြီးကစားတတ်ကြတယ်
မိုးရွာချလို့လူတွေအပြစ်တင်ကြသလို မိုးအကြောင်းကဗျာလေးတွေဖွဲ့ပြီးခံစားကြသေးတယ်

မိုးဘာကြောင့်သည်းပြီး
မိုးဘာကြောင့်စဲလည်းဆိုတာ ပညာရှင်တွေသိနိုင်သလို
မိုးကိုယ်တိုင်လည်း သိနေရပါတယ်...........................။

ကရောင်  

Posted by မိုးအိမ့်ဖြူ


ညနေအလင်းသည် ကျဲရာမှစုဝပ်လာသည်။ လေအတိုက်ပါးသောကြောင့်အရာရာသည်
ဆိတ်ငြိမ်သလိုဖြစ်နေ၏။ပွင့်ချပ် သိမ်းဆည်းသောပန်းတွေငိုက်တွဲကျစ ပြုပြီ။
နွေးခိုက်ပူခိုက်တွင်ထတတ်သောမြူ တွေကိုမမြင်ရ။တောအုပ်ဟိုဘက်အထိသွားကြမယ်လေ...
အခုအထိညနေကဘာမှမဖြစ်သေးသည်ကိုကြ ည့်ရင်းအနည်းငယ်အံ့သြနေခဲ့ သည်။
တကယ်ဆိုတစ်ခုခုတော့ဖြစ်ဖို့ ကောင်းလွန်းနေတာပေါ့။
ကျွန်တော့်မျက်နှာမှကျွတ်ကျသောမျက်မှန်ကို ကျွန်တော်တက်နင်းမိ၏(မတော်တဆထင် ပါရဲ့)
ထိုအချိန်ကစပြီးကျွန်တော်ကြည့်ေ လသမျှ အရာအားလုံးမှုန်ဝါးနေလေသည်။
ပြက္ခဒိန်ပေါ်ကရက်စွဲများလည်းမှုန် ၀ါးဝါး၊မိုးကုတ်စက်ဝိုင်းသည်လည်းမှုန်ဝါးဝါး၊
သမိုင်းစာအုပ်အဖုံးအပေါ်မှ နပိုလီယံရုပ်ပုံသည်လည်းမှုန်ဝါးဝါး၊ဟောဟိုကအနီရောင်အစက်
များသည်နှင်းဆီပွင့်များဖြစ်ကော င်းဖြစ်လိမ့်မည်။
သင်ဒီနေ့ သွားကိုက်မနေဘူးမဟုတ်လား၊တော်ေ တ်ာပျော်စရာကောင်းပါသည်။
ရေချိုးပြီးရောပေါ့။တိမ်ဖြူဖြူေ တွကိုလည်းမော့ကြည့်ပါဦး၊သင်ဘယ် နေရာမှာပဲရောက်နေနေ
သင့်နားတွင် ပန်းကလေးတစ်ပွင့်တော့ရှိနေနိုင် ပါသည်။သင်ကဂရုတစိုက်ရှာဖွေ ဖို့ ပဲလိုပါသည်။
ကမ္ဘာကြီးမှာပန်းတွေအလွန်ပေါပါသည်။
လမ်းထိပ်ကကော်ဖီဆိုင်ကလေးမှာထို င်ပါ၊အဲဒီမှာသီချင်းသုံးပုဒ်လော က်နားထောင်နိုင်ပါသည်။
တင်ဇာမော်ကိုမကြိုက်ဘူးလား..။ခင်ဗျားလည်းလူတစ်ယောက်ပါပဲ လေကိုဝအောင်ရှုပါ။
ရုပ်ကိုရေနဲ့ ဆေးကြောသလိုနာမ်ကိုလေနဲ့ ဆေးကြောတဲ့နည်းကို ဘုရားပေးခဲ့ဖူးပါတယ်..။
အဲဆရာလုပ်နေပြန်ပါပြီ..။တိတ်တိတ်နေ.....။
ကျွန်တော့်အမည်က............... ........ဖြစ်သည်။
နှစ်သက်သလိုခေါ်နိုင်အောင်ကွက်လပ်ချန်ထား၏။လောလောဆယ်တွင်ကျွန်တော့်ပတ်ဝန်းကျင်
တွင်တောင်တန်း၊ပင်လယ်တွေမရှိ။
လ၏ချောင်းဆိုးသံကို ကြားချင်နေ၏။ တိမ်တိုက်တွေချောင်းဆိုးသံကိုကြားချင်နေ၏။
မည်သူပြောသောအသံကနှစ်လိုဖွယ်ကော င်းပြီးမည်သူပြောသည့်အသံကမုန်းတီးချင်စရာဖြစ်သနည်း။
ကျွန်တော့်တွင်ရွေးချယ်စရာ များများမရှိပါ။အရာဝတ္ထုတွေကလှည့် ဖျားဖို့ ကြိုးစားနေကြ၏။
ဝတ္ထုတစ်ပုဒ်ကိုဖတ်ကြည့်သောအခါစကားလုံးတွေကတစ်ခုခုကိုဖုံးကွယ်ထားဖို့ ကြိုးစားနေကြသည်။
ဘယ်ဝတ္ထုကိုနှစ်သက်ပါသလဲ........ .....
ဝတ္ထုတစ်ပုဒ်လိုဖြစ်ချင်လိုက်တာဟုဘယ်သူကပြောလဲ.....။
ကျွန်တော်ဘာတစ်ခုမှ ခံစားလို့ မရတာတော့ညံ့ပါသည်။
စာကြွင်း......
ကျွန်တော်ကဗျာရေးဖြစ်တာ
ကျွန်တော့်ကိုယ်ကျွန်တော်သိဖို့ 
ကျွန်တော်နဲ့ အနာတူရှာတာ
ပိတ်မိနေတဲ့ စကားလုံးတွေကို ဖော်ထုတ်ဖို့ ကြိုးစားတာ
ဖြစ်ပါတယ်။


စည်းရိုး  

Posted by မိုးအိမ့်ဖြူ


ငါ့ဘ၀မှာ ရှည်လျား ထွေပြားခဲ့ပြီ

မင်းတည့်တည့်လာနေတာကို
ငါဘေးတိုက်လက်ခံလိုက်တာလား
မကြာခင်မှာတံတားကို ငါဖျက်ရတော့မယ်။
ကောင်သေသားကို လှီးဖြတ်ဖို့  ဓားရှည်တွေ
အဲဒီလမ်းကို ငါမလျှောက်ခဲ့ဘူး
ကိုယ့်ကိုကိုယ်တောင်မကယ်တင်နိုင်တာ
(ငါဟာတစ်ခါသုံးသူရဲကောင်းလား)
ပါးစပ်ကဖွင့်ဟမထွက်တဲ့ မေခွန်းရဲ့အစပ်မှာ
လာကြည့်စမ်းပါ..။လလေးသာနေတ ယ်။
ဝါကျတစ်ကြောင်းသာဆိုရင်
ဒီနေရာမှာ ပုဒ်မ ချလို့ မရဘူး

ဝင်ကြေး  

Posted by မိုးအိမ့်ဖြူ


ဘ၀ဆိုတဲ့လမ်းမကြီးပေါ် ငါလျှောက်လာရင်း ရင်ခုန်ခြင်းတွေ ခြံစည်းရိုးခတ်ထားတဲ့
မက်မောစရာပန်းခြံလေး တစ်ခုတွေ့တယ်....။
တန်ဖိုးကြီးလွန်းတဲ့ ၀င်ကြေးကိုတောင် ဂရုမစိုက်ပဲ ငါဦးနှောက်ကအဆင်ခြင်မဲ့စွာ ၀င်သွားမီတယ်
အရမ်းလှတဲ့ပန်းတွေ ငါခူးယူပြီး နမ်းရှိုက်တယ်
ပန်းနာမည်က ကြင်နာမှုတဲ့........။
နီရဲနေတဲ့အသီးတွေ့တယ် ခွင့်မတောင်းပဲ ခူးစားလိုက်တယ်
အသီးနာမည်က အချစ်တဲ့.........။
ငါပျော်ရွှင်နေတုန်း စွန့်ပစ်ခြင်း လေညှင်းက ငါ့အနားကိုတိုးဝှေ့သွားတယ်
ငါအသက်ရှု ကျပ်လာတယ် ဘာကြောင့်လဲ ငါစဉ်းစားတယ်
ငါနမ်းရှိုက်လိုက်တဲ့ ပန်းထဲမှာ ကြင်နာခြင်းဆိုတဲ့ အဆိပ်တွေရှိတယ်
င့ါတစ်ကိုယ်လုံး တဆစ်ဆစ်နဲ့ နာကျင်လာတယ် ဘာကြောင့်လဲ
ငါစားလိုက်တဲ့အသီးထဲမှာ လွမ်းဆွေးခြင်းဗီတာမင် အပြည့်နဲ့
ငါနောင်တနဲ့ပြန်ထွက်ဖို့ ကြိုးစားတော့မျက်စီနဲ့ မမြင်ရတဲ့သံယောဇဉ်နွယ်ရှင် တွေက
င့ါခြေထောက်တွေနဲ့ ငါ့တစ်ကိုလုံးရစ်ပတ်ထားတယ် ....။
ငါကြိုးစားပြီရုန်းထွက် လာခဲ့တယ် ဒါပေမယ့်
ပန်းခြံထဲကျကျန်ခဲ့တဲ့ ငါ့ဘ၀ရဲ့ အချိန်တွေကို
ဝင်ကြေးအဖြစ်ပေးခဲ့ရတယ်... ။
တစ်ခုတည်းသော ငါ့နှလုံးသားက ဘာနဲ့မှ
ပြန်အစားထိုးလို့မရနိုင်တော့ဘူး လေ....................... ..... ........။

Real Time Web Analytics