လဲရင် ပြန်ထ ဒါဘ၀  

Posted by မိုးအိမ့်ဖြူ

ဒီVideo လေးကို တွေ့ပြီး ကျွန်တော် တော်တော်လေး ကိုယ့်ကိုယ်ကို အားမလို အားမရဖြစ်မိတယ်လေ...။ ဘာလို့လဲဆိုတော့ လူတိုင်းမှာ ဘ၀ရဲ့ပန်းတိုင်ဆိုတာရှိကြတယ် မျှော်လင့်ချက်ပေါ့..။ လူဖြစ်လာရင်တော့ မျှော်လင့်ချက်ဆိုတဲ့ အရာကို ဆုတ်ကိုင်ပြီး ကျွန်တော်တို့ ဘ၀ကို ကြိုးစားရုန်းကန်နေကြရတယ်...။ အဲဒီ မဖြစ်လာခင်အတော အတွင်းလေးမှာ အခက်အခဲအမျိုးမျိုး ဒုက္ခ အမျိုးမျိုး ကို တနည်းနည်းနဲ့ ကျော်ဖြတ်ခဲ့ရတယ်..။ ဘ၀တွေလဲ အကြိမ်ကြိမ်ပြိုလဲခဲ့ရတယ် ဒါပေမယ့် ကျွန်တော်တို့မှာ လက်နှစ်ဖက် ခြေနှစ်ဖက် ရှိနေပါရဲ့နဲ့ ဘာလို့ ချက်ချင်းပြန်မထနိုင်ရမှာလဲ...။ မျှော်လင့်ချက်ဆိုတဲ့ အရာကို ဒီတစ်ကြိမ်လဲ ကျမှုမှာ အရှုံးပေးလိုက်ရမှာလား....။ မြန်မာ စကားပုံလေး တစ်ခုလိုပေါ့ ငယ်ငယ်က အဲဒီစာလေးကို မြင်တော့ စာချိုးလေး တစ်ခုအနေနဲ့ ဖတ်ခဲ့ရတယ်လေ...။ ဒါဟာဘာလဲ ဆိုတော့ “လဲရင် ပြန်ထ ဒါဘ၀” ဆိုတဲ့ စာသားလေးပါ..။ ငယ်ငယ်က ဒီစာလေးကို ကဗျာလိုလို စာချိုးလိုလို ဖတ်ခဲ့မိတယ်လေ တကယ်တမ်း တွေ့ကြုံလာခဲ့ချိန်မှာတော့ ဒီစာသားလေးဟာ တဖြည်းဖြည်းစိတ်ထဲမှာ ထင်ရှားလာခဲ့ရတယ်..။ ဒါပေမယ့် အခု Video လေးထဲက လူတစ်ယောက် တောင် သူရဲ့ လက်မရှိ ခြေမရှိ တဲ့ ဘ၀နဲ့ လောကမှာရပ်တည်နိုင်သေးရင် ကျွန်တော်တို့လို လူတွေအတွက်ရော မလုပ်နိုင်ဘူးဆိုတာ မရှိတော့ပါဘူး...။ စာဖတ်သူများလဲ သူလို လူမျိုးကို အတုယူပြီး ဘ၀ရဲ့ မျှော်လင့်ချက် ပန်းတိုင် တိုင်းကို လျှောက်လှမ်းနိုင်ကြပါစေ...။




when u fell down u felt like u don't have a string to back up/ do u think u have hope??/ because i want to tell u >> i'm down here/i have no hands no legs/ it should be impossible for me to back up>> but it's not/ u see i was trying hundreds time to get up and if i felt one hundred times/ if i fail and i give up / do u think that i'm begin to get up? no but if i felt like try again and again and again / but i just want u to know ,this is not the end
it matter how you are going to finish Are you going to finish strong? u would find that straight to get back up / like this!

This entry was posted on 00:44 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

4 comments

သူ့အကြောင်းတွေဖတ်ဖူးတယ်

ဘ၀ကို အရှုံးမပေးတဲ့ လူစွမ်းကောင်းပါပဲ

ရေးကူးတတ် ဂေါက်ရိုက်တတ် နိင်ငံတွေလှည့်ပြီး စိတ်ဓါတ်စွမ်းအားမြှင့်ပေးတဲ့ ဟောပြောပွဲတွေတောင် လုပ်သေးတယ် ။ကိုယ်တောင် အခုထိ သူ့လောက် မစွမ်း ဆောင်နိင်သေးပါလား :)

ဘ၀ပေးအခြေအနေက အလွန်ဆိုးရွားခဲ့ပေမယ့် လက်မလျော့ အရှုံးမပေးခဲ့တာ လူတိုင်းက ချီးကျူး ကြတာပါပဲ။

အတုယူသင့်ပါတယ် ။

အဲလိုမျိုးတွေ မြင်ရ တွေ့ရရင် ကိုယ့်ကိုယ်ကို အားငယ်လို့ ကြည့်ပါဘူးဆို ခုတော့ ကြည့်ဖြစ်သွားပြန်ပြီ....
အတုယူဖွယ်ပေါ့နော်....

မငုံ  

လဲကျပြီးရင် ပြန်ထနိုင်ရပါ့မယ်။ လူတွေရဲ့ နှိမ့်ချမှု့ကြောင့် လဲကျသွားရင်ဖြစ်ဖြစ် ဘာကြောင့်လဲကျကျ ပြန်မထခဲ့ရင် ပိုရှုံးတယ်လို့ အမြဲတွေးတယ်

Real Time Web Analytics