ဖတ်မိဖတ်ရာ  

Posted by မိုးအိမ့်ဖြူ

ကျွန်တော့်မှာတစ်ခါတစ်လေ ချစ်စရာကောင်းတဲ့ သူငယ်ချင်းကလေး တစ်ချို့ ရှိပါတယ်။
အားလုံးလိုလို စာဖတ်ကြပါတယ လက်လှမ်းမှီရာများဖတ်ကြပါတယ်။ တစ်ခါတစ်ရံသူတို့ 
နှင့်ဆုံဖြစ်လျှင်သူတို့ ၏ ထူခြားသော၊ ထွင်းဖောက်သော၊ ပြောသမျှမယုံသော၊တွက်ချက်
တိုင်းတာချက်ကျလက် ကျပြောတတ်သောစရိုက်များရှိပါသည်။ Alternative ကိုဆရာတာက (အခြားတစ်ဖက်မှဆင်ခြင်ရန်အကြောင်းများ)လို့ ဖွင့်ဆိုခဲ့တာကိုဖတ်ဖူးပါသည်။ကျွန်တော့်လို အလွန်ဇောက်ထိုးမိုးမျှော် ဖြစ်နေသောကောင်နှင့်သူတို့ တွေနှင့်တစ်ခါတစ်ခါ ဆွေးနွေးငြင်းခုံလို့ ကောင်းပါသည်။ သမိုင်းအကြောင်းတစ်ချို့ ပြောဖြစ်တယ်။ပြသ၁နာက ဦးကုလား၏မဟာရာဇ၀င်ကြီးစာအုပ်
မှစတယ်လို့ ထင်ပါတယ်။ဖတ်ပြီးတော့ငြိမ်ငြိမ်မနေနိုင်သည့်အလျောက်တခြားတစ်ယောက်ကိုပေးဖတ်လိုက်၊ နောက်တစ်ယောက်..နောက်တစ်ယောက်နှင့်ခဏလေးလမ်းကြုံလို့ ဝင်ထိုင်မိသည့်ကျွန်တော်ပါ ပါသွားပါသည်။ `အဲဒီဦးကုလားကို မကျေလည်ဘူး` `ဘာလဲဟ....`တစ်ယောက်ကဖွပါသည်။ ကျွန်တော်ကတော့မဖွကြပါနဲ့ အားလုံးကိုလက်ခံဖို့ ဆိုတာကတော့ အင်း....ဘာမှတော့မပြောဖြစ်လိုက်ပါ။
နည်းနည်းတော့ဖတ်ဖြစ်လိုက်ပါတယ်။ စိတ်ဝင်စားစရာကောင်း တာလေးတွေတွေ့ ရပါတယ်။သက္ကရာဇ် ၃၂၆ ခုမှာ နန်းတက်တဲ့ဘုရင်က အနော်ရထာရဲ့အဖေ (ကွမ်းဆော်ကြောင်ဖြူမင်း)သူ့ရှေ့ကမင်းဆက်က (တောင်သူကြီးညောင်ဦးစော)၊ အဲဒီတောင်သူကြီးကလည်းခေသူမဟုတ်သူ့ တိုင်းပြည်ကဘုရင်(သိန်းဃိုဠ်မင်း)တောကစားထွက်ရင်းသူ့ ယာခင်းထဲရောက်လာပြီးရေငတ်လို့  သခွါးသီးခူးစား.. သူ့ ယာခင်းထဲမှာသူ့  ကိုခွင့်မတောင်းရကောင်းလားဆိုပြီးတူရွင်းနဲ့ ရိုက်သတ် (အဲဒီအချိန်မှာသူ့ ရဲ့ရဲမက်တွေ စောင့်အကြပ်တွေဘာလုပ်နေမယ်မသိဘူး)
ဘုရင်သတ် ဘုရင်ဖြစ်တယ်ဆိုတဲ့ စနစ်အရအဲဒီ တောင်သူကြီးကဘုရင်ဖြစ်....အင်းအဲဒီစနစ်သာ တရားဝင်ဖြစ်ထွန်းလာရင် ဘယ်နန်းရင်ပြင်မှသွေးခြောက်ချိန်ရှိလိမ့်မှာမဟုတ်ဘူး
လို့ နည်းနည်းတွေးမိပါတယ်။ အဲဒီတောင်သူကြီးဘုရင်မှာ မိဖုရားသုံးယောက်ရှိတယ်တဲ့၊ သူနန်းကျတော့`၀မ်း´မှာကကိုယ်ဝန်ကိုးလ`တူး`မှာကကိုယ်ဝန်ခြောက်လ၊`သရီး`မှာကိုယ်ဝန်မရှိ၊နောက်တတ်တဲ့ကွမ်းဆော်ကြောင်ဖြူမင်းက အဲဒီ`၀မ်း``တူး``သရီး`သုံးယောက်လုံးကိုဝိုင်းကြီးချုပ်နဲ့ ဇနီးလုပ်လိုက်တယ်တဲ့။ အဲဒီမှာ `သရီး`က အနော်ရထာ ကိုမွေးလာတယ်။ ဖအတူမအေကွဲညီအစ်ကိုနဲ့ သွေးမတော်သောညီအစ်ကိုဖြစ်နေကြတာပေါ့။ အသက်၂၂နှစ်လောက်ရှိပြီဖြစ်တဲ့`ကျည်စိုး`နဲ့ `စုက္ကတေး`တို့  ကကျောင်းကောင်းကောင်းဆောက်ပြီး အသက်၈၀ နန်းသက်၂၂ရှိတဲ့ဘုရင်မကြီး ကြောင်ဖြူရှင်ကို ကျောင်းသာဓုခေါ်ဖို့ အယုံသွင်းလို့ ရဟန်းဝတ်စေသတဲ့။ အနော်ရထာတို့ သားအမိသားအဖသုံးယောက် ကအဲဒီကျောင်းမှာ နေရတာပေါ့။`ကျည်စိုးမင်း`နန်းတက်ပြီး ခြေက်နှစ်အကြာ ၂၈ နှစ်မှာ သမင်လိုက်သွားရင်း ဘုရင်မှန်းမသိသမင်မှန်းမသိပစ်လိုက်တဲ့မုဆိုးရဲ့မြားချက်နဲ့ သေတယ်လို့ ဆိုတယ်။သူ့ ညီ`စုက္ကတေး`ကထီးနန်းဆက်ခံ။ စည်းစိမ်အပြည့်၊မောင်းမမိသ၁ံအပြည့်နဲ့ စံမြန်းနေရပါလျက်နဲ့  တစ်တိုင်းပြည်လုံးကလိုချင်တဲ့မိန်းမကို အချိန်အခါမရွေးလက်ညှိုးထိုးကောက်ယူလို့ ရပါလျက်....။ သွေးသားမတော်ဘူးပဲထား အသက်အ၀ါအရ ဒီမိန်းမကြီးဟာသူ့ မိထွေးလေ...၀ါစဉ်အရတော့ သူ့ အမေပဲမဟုတ်လား...၊ အသက်အရ ၊၀ါအရ၊လူမှုဘောင်အရအမေဖြစ်နေတာတောင် မယားလုပ်ချင်လောက် အောင်စိတ်ဓါတ်အောက်တန်းကျတာလား.....။အနော်ရထာကို`ညီသားနောင်မယ်`လို့ ခေါ်မိရာက စတာလို့ တွေ့ ရပါတယ်။ခမည်းတော်ဘုန်းကြီးက မင်းအမေကိုလိုချင်လို့ အဲသလိုခေါ်တာလို့ အနက်ဖွင့်ပေး အရိန္ဒမာလှံ၊ သီလ၀ံသဓား၊ သိကြားပေးတဲ့မြင်း အားလုံးကိုတောင်းပြီး နောင်တော်ကိုလုပ်ကြံမယ်ပေါ့။ `ချင်းမျှတည်း ခံတွင်းမှနို့ အစ်မှမစင်သေးဖြစ်သသူသည် ငါ့ကိုတိုက်မည်ဆိုသော်..အမတ်ဗိုလ်ပါတို့ ကြည့်သာနေစေ၊ငါနှင့် မြင်းတစ်စီးချင်းတိုက်မည် `သက်တော်ကိုးဆယ်နီး ပါးဖြစ်နေတဲ့ဖခမည်းတော် ဘုန်းကြီးကအဲဒီကလေးကိုနောင်တော်ကို လုပ်ကြံဖို့ လွှတ်ရက်တယ်လို့ မမြင်မိဘူးလား...။ ထင်မိပါသလား..။ ဖခင်တစ်ယောက်က ညီအစ်ကိုချင်းသတ်ခိုင်းလိုက်သိလို......။ အဲသလိုနဲ့ စုက္ကတေးသေတော့ အနော်ရထာ့အမေဟာ ရှင်မီးမပါ ၊ဘရာဇီယာမပါ၊ ဘာရင်ဝတ်မှမကပ်ဘဲ ပုတ္တလုလင်....ပုတ္တလုလင် လို့ အော်ဟစ်ပြေးလွှားနေသတဲ့ .....။အဘွားအိုတစ်ယောက်ရဲ့ ပဋာမြေလူးမြင်ကွင်းက လွမ်းစရာကောင်းပါ့မလား....။သမိုင်းထဲကအမေ အဲသလိုဖြစ်ခဲ့တာအမှန်ပဲလား ဆိုတဲ့အမေးကိုဘယ်သူ ဖြေပေးနိုင်မလဲ......မိန်းမတစ်ယောက်ရဲ့တန်ဖိုးက....မေးခွန်းများဖြင့် ရှုပ်ပွပေကျံ....ကြယ်မှုန်တွေနဲ့  လင်းတဲ့ကောင်းကင်ကိုမြင်ကြရင်ပြောပေးကြပါ.....။


Moe Eaint Phyu

ဖြေရှင်းချက်  

Posted by မိုးအိမ့်ဖြူ

တနင်္လာနေ့ က ဘာဖြစ်လို့ တနင်္ဂနွေမဖြစ်ရတာလဲဆိုတာ
မင်းရှင်းပြဖို့ မလိုဘူး
မင်းထိုင်ခုံမှာထိုင်ပြီး
ငါတို့ အတွက်တိတ်တိတ်နေပေးပါ။

`ကတ္တီပါလမ်းခွဲ´တွေဘာတွေလုပ်မနေပါနဲ့ 
ကိုယ်ယုံကြည်ရာ ယုံကြည်လို့ ရတဲ့အခွင့်ကိုတော့
မင်းလည်းကြိုက်တယ်မဟုတ်လား။

`ရိုးသားမှု´ ဆိုတာအပြောလွယ်သလောက်
အလုပ်ခက်တယ်၊
မဟုတ်တာ မဟုတ်တဲ့ အကြောင်းပုံစံရွှေ့ ပြ
ကိုယ့်တစ်ကိုယ်စာ လမ်းမှာ အံကြိတ်လျှောက်ရုံကလွဲလို့ 
မင်းကဘာတွေစောဒကတက်ချင်သေးလို့ လဲ။
(ရေနွေးကြမ်းပူလျှင် မှုတ်သောက်ပါ.)

ကိုယ့်မြို့ ထဲကိုယ်လမ်းပျောက်တဲ့
မျက်စေ့သူငယ်နဲ့ မြို့ သားဟာလည်း ငါပါပဲ
ကိုယ့်အကြောင်း သူများတွေမသိစေနဲ့ 
ထိန်းမနိုင် သိမ်းမရ အိမ်မက်တွေ
ဒလဟောပြုတ်ကျ..
မင်းစကားလုံးတွေ ကျန်းမာပါစ
အိပ်ချိန်စားချိန် နဲ့ ကစားချိန်တွေမှန်ပါစ
စကားတွေက သက်လုံကောင်းပြီး
နည်းစနစ်မှန်ဖို့ လို တယ်။

အမြစ်ကဆွဲအနုတ်ခံလိုက်ရတဲ့ညကိုထားရစ်တော့
အချိန်တန်ရင်တော့ ငါလည်းအိမ်ပြန်ရမှာပဲလေ...။


Moe Eaint Phyu

ငါတို့ရဲ့အိမ်  

Posted by မိုးအိမ့်ဖြူ

ဒီသီချင်းလေးကို အများနားထောင်စေချင်လို့တင်လိုက်တာပါ...။ ကောင်းတယ်လို့ ယူဆလို့ပါ ...။

တေးရေး - အရိုး

တေးဆို - ဓီရာမိုရ်

အိမ်ခေါင်မိုးက မိုးမလုံလည်း … ငါတို့လုံးဝ စိတ်မကုန်ပါ …
ရေခံခွက်အောက် မိုးစက်တပေါက်ပေါက် ကျသံ … တွံတေးကြီး တေးသံလား …
အမေဆင်မြန်းတဲ့ နန်းဆောင်အို ကိုရွှေသကြားမင်း ဗိမာန်မို့ …
စင်တင်ဇာတ်ထုတ်ထဲက အကောင်းစားတိုက်အိမ် … တစ်လုံးနဲ့ မလဲပါဗျို့ …
ရွှေမြေအိုးမည်း နှုတ်ခမ်းရယ်တို … ဆာနေကြတဲ့ ၀မ်းတွေစို …
အခုရထားတဲ့ လောကစည်းစိမ် … နတ်ပြည်နဲ့ မလဲဘူး …

အမေ ကောက်ညှင်းဆန် လက်တစ်ဆုပ်ပေါင်း နှမ်းထောင်းရင် …
နတ်ပေးတဲ့ သြသဓဆေး … အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ …
တို့ အိမ်က မခွဲကြေး … ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ …
ကောင်းချီးသြဘာပေး … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် …
တစ်ခေါက်လောက် မင်းလာကြည့်တော့ … သူငယ်ချင်း …

မဟာဂေါဏ ဘို့လည်ထောင် … စူဠဂေါဏ နောက်အငယ်ကောင် …
အတူတစ်ကျင်းထဲစားတဲ့ တို့ရဲ့နွားနှစ်ကောင် … အမေ့ရဲ့ သားတော်မောင် …
မဟာအန္ဓအစ်ကို့နာမည် … စူဠအန္ဓ ကျွန်တော့်နာမည် …
အနှိမ်ခံ တောသားကျောမွဲ ဦးနှောက်နည်းလည်း … အမေ့ရဲ့ အားတွေပဲ …
ညီမလေးက နှီးထိုင်ဖြာ … အဘက ဆေးတစ်ဆုံဖွာ …
မှောင်ရီလရိပ်အောက်က တိတ်တဆိတ်ညတွေမှာ …
အမေ့ရဲ့ တရားသံနာ … လူဟာဘယ်လောက်ထိ အသက်ရှင်လဲ …
ဘယ်လောက်အများဆုံး ရနိုင်လဲ … အခုရထားတဲ့ လောကစည်းစိမ်တွေ …
ဘယ်လောက် ကြာကြာ မြဲမလဲ …

လူဟာ လောဘတရားနဲ့ ငရဲလမ်းသွားတဲ့ … ဒုက္ခယက်ကောင်များ …
အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ … တင်းတိမ်ရောင့်ရဲကြ …
ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ …
နှာခေါင်းရှုံ့ လက်ခါမလား … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် …
တစ်ခေါက်လောက် မင်းလာကြည့်တော့ သူငယ်ချင်း …


သီချင်းလေးကို ဒီနေရာကနေဒေါင်းလိုက်ပါ .....။

Moe Eaint Phyu

ရောင်းကုန်အသစ်  

Posted by မိုးအိမ့်ဖြူ

ကဗျာစာအုပ်ထဲသို့ ကျားသစ်တစ်ကောင်ဝင်လာနေသည်

ထောင့်ကျဉ်းများကိုမြင်တွေ့ ကတည်းက ဂျီသြမေတြီ ဘာသာရပ်ကို မဖြေဆိုတော့ရန်

ကျွန်တော်ဆုံးဖြတ်လိုက်ပါသည်။

တစ်ခါတစ်ရံ သိပ်အထီးကျန်ဆန်နေတယ် မထင်ဘူးလား

မှန်ထဲမှာလို လူတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် ပြုံးကြည့်၊မဲ့ကြည့်၊ပဋိဇီဝစကားပြောကြည့်

အမည်ကတော့ .....မေးတော့မှဖြေပါ။

ကျွန်တော် တမင်ခက်ခဲအောင်လုပ်နေတယ်ဆိုတာ မဟုတ်ပါဘူး

ဒီမှာကြည့် ကျွန်တော့်လက်တွေ ဘယ်သူ့ ကိုမဆို ဘယ်သူနဲ့ မဆို

လက်ဆွဲနှုတ်ဆက် ဖက်လှည်းတကင်း ရင်းနှီးဆက်ဆံချင်သူပါ

ခက်တာကကျွန်တော့်မှာ အချက်အလက်တွေလည်းမပြည့်စုံ

ရှိသမျှကလည်း ကို့ ယို့ ကားယား ၊ဒီကြားထဲမှားတွဲချိတ်

ကိုယ့်အချက်အလက်နဲ့ ကိုယ်ပက်လက်လန်၊အလယ်အလတ်လမ်းစဉ်မှာ

အကြိမ်ကြိမ် ခလုတ်တိုက်....။

ဘာသာစကားနဲ့ ကာလတရားဆုံဆည်းကြတဲ့ စိတ်ပြင်မှာ

ဘာသာစကားနဲ့ ကာလတရား ကိုယ့်ကိုထွန်ယက်သွားကြတာ

သစ်ခက်နဲ့ ပွင့်ရွက်လို ကိုယ့်ကို ယှက်ဖွဲ့ သွားကြတာ...။

ရောင်းကုန်ရဲ့ လူ့ တန်ဖိုး ကို စွဲလန်းခြင်းဝေဒနာနဲ့ လက်ကျန်လက်ကိုင်အမှန်တရား

တမြိုမြို.....တစို့ စို့ .......။

ပုံသေမရှိတဲ့ သေပုံသေနည်းအမျိုးမျိုး တို့ ရဲ့ကကြိုးအောက်မှာဘယ်ဟာနဲ့ ဈေးတည့်မလဲ..။

”ထီထိုးတာ လူပေါက်သွားတယ်” လို့ ကြားတယ်

မနှဲလေးဖြစ်ဖြစ်၊အဘဘိုးမင်းခေါင်ဖြစ်ဖြစ်၊မင်းကြီးမင်းလေးနဲ့ ဖြစ်ဖြစ်၊ကိုကြီးကျော်နဲ့ ဖြစ်ဖြစ်..........ဖြစ်ဖြစ်

ဈေးမဆစ်နဲ့ .....တောင်းရင်ပေးလိုက်...။

ငွေကြေးလား၊ကြင်နာမှုလား၊ရောဂါလား

အဲဒီထဲမှာ အတုဖြစ်ဖြစ် အချစ်ကလေး နည်းနည်းမပါဘူးလား

မိုးသားများညို့ လာခိုက်....။

တံခါးဟင်းလင်းပွင့်ကျန်ခဲ့သည်လား စေ့စေ့တင်းပိတ်ကျန်ရစ်သည်လား

မမှတ်မိတော့ပါ...။

ကျကျနနထိုင်နေမိတဲ့ ထိုခဏဟာလည်း ဆည်းဆာအိုအို

ဖြစ်နေတတ်ပြန်ရဲ့...။

လည်ညောင်းအောင်မော့်ကြည့်မှ မြင်နေကျကောင်းကင်တစ်စကို

စနိုးစနောင့်ငေးကြောင်မိပြန်......။

ဟောင်းမြည့်နေတဲ့ သက္ကရာဇ်တွေ ၊ပေါက်ပြဲနေတဲ့ရာသီဥတုတွေ

ဝါကျင့်နွမ်းရော်နေတဲ့ သံစဉ်တွေ

ထိုင်းမှိုင်းလေးလံနေတဲ့ စာသားတွေ....။


Moe Eaint Phyu

Real Time Web Analytics