ဘယ်သူတွေ Comment အများဆုံးပေးကြလဲ ?  

Posted by မိုးအိမ့်ဖြူ

သင့်ရဲ့ ဘလော့ခ်မှာ Comment လာပေးသွားသူတွေ ဘယ်သူတွေအများဆုံးလာပေးသွားလဲ ဆိုတာကို သိချင်ရင် တော့ အောက်က Code တွေကို Copy ကူးပြီး Layout>>> Page Element>>> Add Gadget>>> Javascript/html ကိုရွေးပြီး သင် Copy ကုးထားသော Code တွေကိုသွင်းပြီး Save မှတ်လိုက်ရင် တော့ သင့်ဘလောခ့်မှာ ခင်မင်လို့လာပေးသွားတဲ့ သူငယ်ချင်းတွေရဲ့ နာမည်တွေကို သင်တွေ့ရပါလိမ့် မယ်....။ ဘယ်သူတွေက အများဆုံး Comment လာပေးသွားကြလဲဆိုတာကို သိချင်ရင်တော့ စမ်းကြည့်လိုက်ကြရအောင်........။


<script type="text/javascript">
function pipeCallback(obj) {
document.write('<ol>');
var i;
for (i = 0; i < obj.count ; i )
{
var href = "'" obj.value.items[i].link "'";
if(obj.value.items[i].link == "")
var item ="<li>" obj.value.items[i].title "</li>";
else
var item = "<li>" "<a href=" href ">" obj.value.items[i].title "</a> </li>";
document.write(item);
}
document.write('</ol>');
}
</script>
<script src="http://pipes.yahoo.com/pipes/pipe.run?_render=json&_callback=pipeCallback&_id=a08a1225cab99d71150697405dc19ed8&url=http%3A%2F%2Fသင့်ရဲ့ဘလောခ့်လိပ်စာကို ရန်ပါ http:// ထည့်ရန်မလိုပါ &num=10&filter=Moe%20Eaint%20Phyu" type="text/javascript"></script>



Moe Eaint Phyu

မူးရစ်ရီဝေ  

Posted by မိုးအိမ့်ဖြူ

စည်းချက် နည်းနည်းလျှော့ပါ
ခံစားချက်ပိုသိပ်သည်း ၊ပိုတူးပါ
ဘာကိုမှဈေးလျှော့မတွက်နဲ့ 
(အဲဒီဈေးဟာ အခုပေါက်ဈေးဘယ်လောက်လဲ)
သေစာရင်းနဲ့ စာရင်းသေလိုပေါ့

ငါဟာ ခံတပ်ကျခဲ့တဲ့ စစ်ပြေးတစ္ဆေပါ
နေ့ စဉ်ဘ၀ကို မွေးရတာလောက်
ပြဇာတ်ဆန်တာရှိနိုင်ဦးမလား..........။

တစ်ခါတစ်ရံနောင်တများ
အမှားမှာလာရောက်စုစည်းတော့
ပြိုင်ဘက်ကင်း ပြသ၁နာမှာ
ငါဟာ...ရွှံ့ မလူးလျှော်ထမ်းလို့ ပြေးနေချင်သေး.။

ပေးဆပ်ရလိမ့်မယ်.....

ပေးဆပ်ရလိမ့်မယ်။


Moe Eaint Phyu

ဖတ်မိဖတ်ရာ  

Posted by မိုးအိမ့်ဖြူ

ကျွန်တော့်မှာတစ်ခါတစ်လေ ချစ်စရာကောင်းတဲ့ သူငယ်ချင်းကလေး တစ်ချို့ ရှိပါတယ်။
အားလုံးလိုလို စာဖတ်ကြပါတယ လက်လှမ်းမှီရာများဖတ်ကြပါတယ်။ တစ်ခါတစ်ရံသူတို့ 
နှင့်ဆုံဖြစ်လျှင်သူတို့ ၏ ထူခြားသော၊ ထွင်းဖောက်သော၊ ပြောသမျှမယုံသော၊တွက်ချက်
တိုင်းတာချက်ကျလက် ကျပြောတတ်သောစရိုက်များရှိပါသည်။ Alternative ကိုဆရာတာက (အခြားတစ်ဖက်မှဆင်ခြင်ရန်အကြောင်းများ)လို့ ဖွင့်ဆိုခဲ့တာကိုဖတ်ဖူးပါသည်။ကျွန်တော့်လို အလွန်ဇောက်ထိုးမိုးမျှော် ဖြစ်နေသောကောင်နှင့်သူတို့ တွေနှင့်တစ်ခါတစ်ခါ ဆွေးနွေးငြင်းခုံလို့ ကောင်းပါသည်။ သမိုင်းအကြောင်းတစ်ချို့ ပြောဖြစ်တယ်။ပြသ၁နာက ဦးကုလား၏မဟာရာဇ၀င်ကြီးစာအုပ်
မှစတယ်လို့ ထင်ပါတယ်။ဖတ်ပြီးတော့ငြိမ်ငြိမ်မနေနိုင်သည့်အလျောက်တခြားတစ်ယောက်ကိုပေးဖတ်လိုက်၊ နောက်တစ်ယောက်..နောက်တစ်ယောက်နှင့်ခဏလေးလမ်းကြုံလို့ ဝင်ထိုင်မိသည့်ကျွန်တော်ပါ ပါသွားပါသည်။ `အဲဒီဦးကုလားကို မကျေလည်ဘူး` `ဘာလဲဟ....`တစ်ယောက်ကဖွပါသည်။ ကျွန်တော်ကတော့မဖွကြပါနဲ့ အားလုံးကိုလက်ခံဖို့ ဆိုတာကတော့ အင်း....ဘာမှတော့မပြောဖြစ်လိုက်ပါ။
နည်းနည်းတော့ဖတ်ဖြစ်လိုက်ပါတယ်။ စိတ်ဝင်စားစရာကောင်း တာလေးတွေတွေ့ ရပါတယ်။သက္ကရာဇ် ၃၂၆ ခုမှာ နန်းတက်တဲ့ဘုရင်က အနော်ရထာရဲ့အဖေ (ကွမ်းဆော်ကြောင်ဖြူမင်း)သူ့ရှေ့ကမင်းဆက်က (တောင်သူကြီးညောင်ဦးစော)၊ အဲဒီတောင်သူကြီးကလည်းခေသူမဟုတ်သူ့ တိုင်းပြည်ကဘုရင်(သိန်းဃိုဠ်မင်း)တောကစားထွက်ရင်းသူ့ ယာခင်းထဲရောက်လာပြီးရေငတ်လို့  သခွါးသီးခူးစား.. သူ့ ယာခင်းထဲမှာသူ့  ကိုခွင့်မတောင်းရကောင်းလားဆိုပြီးတူရွင်းနဲ့ ရိုက်သတ် (အဲဒီအချိန်မှာသူ့ ရဲ့ရဲမက်တွေ စောင့်အကြပ်တွေဘာလုပ်နေမယ်မသိဘူး)
ဘုရင်သတ် ဘုရင်ဖြစ်တယ်ဆိုတဲ့ စနစ်အရအဲဒီ တောင်သူကြီးကဘုရင်ဖြစ်....အင်းအဲဒီစနစ်သာ တရားဝင်ဖြစ်ထွန်းလာရင် ဘယ်နန်းရင်ပြင်မှသွေးခြောက်ချိန်ရှိလိမ့်မှာမဟုတ်ဘူး
လို့ နည်းနည်းတွေးမိပါတယ်။ အဲဒီတောင်သူကြီးဘုရင်မှာ မိဖုရားသုံးယောက်ရှိတယ်တဲ့၊ သူနန်းကျတော့`၀မ်း´မှာကကိုယ်ဝန်ကိုးလ`တူး`မှာကကိုယ်ဝန်ခြောက်လ၊`သရီး`မှာကိုယ်ဝန်မရှိ၊နောက်တတ်တဲ့ကွမ်းဆော်ကြောင်ဖြူမင်းက အဲဒီ`၀မ်း``တူး``သရီး`သုံးယောက်လုံးကိုဝိုင်းကြီးချုပ်နဲ့ ဇနီးလုပ်လိုက်တယ်တဲ့။ အဲဒီမှာ `သရီး`က အနော်ရထာ ကိုမွေးလာတယ်။ ဖအတူမအေကွဲညီအစ်ကိုနဲ့ သွေးမတော်သောညီအစ်ကိုဖြစ်နေကြတာပေါ့။ အသက်၂၂နှစ်လောက်ရှိပြီဖြစ်တဲ့`ကျည်စိုး`နဲ့ `စုက္ကတေး`တို့  ကကျောင်းကောင်းကောင်းဆောက်ပြီး အသက်၈၀ နန်းသက်၂၂ရှိတဲ့ဘုရင်မကြီး ကြောင်ဖြူရှင်ကို ကျောင်းသာဓုခေါ်ဖို့ အယုံသွင်းလို့ ရဟန်းဝတ်စေသတဲ့။ အနော်ရထာတို့ သားအမိသားအဖသုံးယောက် ကအဲဒီကျောင်းမှာ နေရတာပေါ့။`ကျည်စိုးမင်း`နန်းတက်ပြီး ခြေက်နှစ်အကြာ ၂၈ နှစ်မှာ သမင်လိုက်သွားရင်း ဘုရင်မှန်းမသိသမင်မှန်းမသိပစ်လိုက်တဲ့မုဆိုးရဲ့မြားချက်နဲ့ သေတယ်လို့ ဆိုတယ်။သူ့ ညီ`စုက္ကတေး`ကထီးနန်းဆက်ခံ။ စည်းစိမ်အပြည့်၊မောင်းမမိသ၁ံအပြည့်နဲ့ စံမြန်းနေရပါလျက်နဲ့  တစ်တိုင်းပြည်လုံးကလိုချင်တဲ့မိန်းမကို အချိန်အခါမရွေးလက်ညှိုးထိုးကောက်ယူလို့ ရပါလျက်....။ သွေးသားမတော်ဘူးပဲထား အသက်အ၀ါအရ ဒီမိန်းမကြီးဟာသူ့ မိထွေးလေ...၀ါစဉ်အရတော့ သူ့ အမေပဲမဟုတ်လား...၊ အသက်အရ ၊၀ါအရ၊လူမှုဘောင်အရအမေဖြစ်နေတာတောင် မယားလုပ်ချင်လောက် အောင်စိတ်ဓါတ်အောက်တန်းကျတာလား.....။အနော်ရထာကို`ညီသားနောင်မယ်`လို့ ခေါ်မိရာက စတာလို့ တွေ့ ရပါတယ်။ခမည်းတော်ဘုန်းကြီးက မင်းအမေကိုလိုချင်လို့ အဲသလိုခေါ်တာလို့ အနက်ဖွင့်ပေး အရိန္ဒမာလှံ၊ သီလ၀ံသဓား၊ သိကြားပေးတဲ့မြင်း အားလုံးကိုတောင်းပြီး နောင်တော်ကိုလုပ်ကြံမယ်ပေါ့။ `ချင်းမျှတည်း ခံတွင်းမှနို့ အစ်မှမစင်သေးဖြစ်သသူသည် ငါ့ကိုတိုက်မည်ဆိုသော်..အမတ်ဗိုလ်ပါတို့ ကြည့်သာနေစေ၊ငါနှင့် မြင်းတစ်စီးချင်းတိုက်မည် `သက်တော်ကိုးဆယ်နီး ပါးဖြစ်နေတဲ့ဖခမည်းတော် ဘုန်းကြီးကအဲဒီကလေးကိုနောင်တော်ကို လုပ်ကြံဖို့ လွှတ်ရက်တယ်လို့ မမြင်မိဘူးလား...။ ထင်မိပါသလား..။ ဖခင်တစ်ယောက်က ညီအစ်ကိုချင်းသတ်ခိုင်းလိုက်သိလို......။ အဲသလိုနဲ့ စုက္ကတေးသေတော့ အနော်ရထာ့အမေဟာ ရှင်မီးမပါ ၊ဘရာဇီယာမပါ၊ ဘာရင်ဝတ်မှမကပ်ဘဲ ပုတ္တလုလင်....ပုတ္တလုလင် လို့ အော်ဟစ်ပြေးလွှားနေသတဲ့ .....။အဘွားအိုတစ်ယောက်ရဲ့ ပဋာမြေလူးမြင်ကွင်းက လွမ်းစရာကောင်းပါ့မလား....။သမိုင်းထဲကအမေ အဲသလိုဖြစ်ခဲ့တာအမှန်ပဲလား ဆိုတဲ့အမေးကိုဘယ်သူ ဖြေပေးနိုင်မလဲ......မိန်းမတစ်ယောက်ရဲ့တန်ဖိုးက....မေးခွန်းများဖြင့် ရှုပ်ပွပေကျံ....ကြယ်မှုန်တွေနဲ့  လင်းတဲ့ကောင်းကင်ကိုမြင်ကြရင်ပြောပေးကြပါ.....။


Moe Eaint Phyu

ဖြေရှင်းချက်  

Posted by မိုးအိမ့်ဖြူ

တနင်္လာနေ့ က ဘာဖြစ်လို့ တနင်္ဂနွေမဖြစ်ရတာလဲဆိုတာ
မင်းရှင်းပြဖို့ မလိုဘူး
မင်းထိုင်ခုံမှာထိုင်ပြီး
ငါတို့ အတွက်တိတ်တိတ်နေပေးပါ။

`ကတ္တီပါလမ်းခွဲ´တွေဘာတွေလုပ်မနေပါနဲ့ 
ကိုယ်ယုံကြည်ရာ ယုံကြည်လို့ ရတဲ့အခွင့်ကိုတော့
မင်းလည်းကြိုက်တယ်မဟုတ်လား။

`ရိုးသားမှု´ ဆိုတာအပြောလွယ်သလောက်
အလုပ်ခက်တယ်၊
မဟုတ်တာ မဟုတ်တဲ့ အကြောင်းပုံစံရွှေ့ ပြ
ကိုယ့်တစ်ကိုယ်စာ လမ်းမှာ အံကြိတ်လျှောက်ရုံကလွဲလို့ 
မင်းကဘာတွေစောဒကတက်ချင်သေးလို့ လဲ။
(ရေနွေးကြမ်းပူလျှင် မှုတ်သောက်ပါ.)

ကိုယ့်မြို့ ထဲကိုယ်လမ်းပျောက်တဲ့
မျက်စေ့သူငယ်နဲ့ မြို့ သားဟာလည်း ငါပါပဲ
ကိုယ့်အကြောင်း သူများတွေမသိစေနဲ့ 
ထိန်းမနိုင် သိမ်းမရ အိမ်မက်တွေ
ဒလဟောပြုတ်ကျ..
မင်းစကားလုံးတွေ ကျန်းမာပါစ
အိပ်ချိန်စားချိန် နဲ့ ကစားချိန်တွေမှန်ပါစ
စကားတွေက သက်လုံကောင်းပြီး
နည်းစနစ်မှန်ဖို့ လို တယ်။

အမြစ်ကဆွဲအနုတ်ခံလိုက်ရတဲ့ညကိုထားရစ်တော့
အချိန်တန်ရင်တော့ ငါလည်းအိမ်ပြန်ရမှာပဲလေ...။


Moe Eaint Phyu

Real Time Web Analytics