စည်းချက် နည်းနည်းလျှော့ပါ
ခံစားချက်ပိုသိပ်သည်း ၊ပိုတူးပါ
ဘာကိုမှဈေးလျှော့မတွက်နဲ့ 
(အဲဒီဈေးဟာ အခုပေါက်ဈေးဘယ်လောက်လဲ)
သေစာရင်းနဲ့ စာရင်းသေလိုပေါ့
ငါဟာ ခံတပ်ကျခဲ့တဲ့ စစ်ပြေးတစ္ဆေပါ
နေ့ စဉ်ဘ၀ကို မွေးရတာလောက်
ပြဇာတ်ဆန်တာရှိနိုင်ဦးမလား..........။
တစ်ခါတစ်ရံနောင်တများ
အမှားမှာလာရောက်စုစည်းတော့
ပြိုင်ဘက်ကင်း ပြသ၁နာမှာ
ငါဟာ...ရွှံ့ မလူးလျှော်ထမ်းလို့ ပြေးနေချင်သေး.။
ပေးဆပ်ရလိမ့်မယ်.....
ပေးဆပ်ရလိမ့်မယ်။
This entry was posted
on 01:12
and is filed under
Poem
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
0 comments