ဖုန်းမှားလို့တဲ့  

Posted by မိုးအိမ့်ဖြူ

ဖုံးသံမြည်လာတယ်
"ဟယ်လို...မိန်းမလား"
"ရှင်.........."
"မိန်းမလား.........လို့....."
"မဟုတ်ပါဘူးရှင်...ကျွန်မကဒီအိမ်ကအိမ်ဖော်ပါ"

"သြော်...အေးအေး...မင်းမမလေးကော....ရှိလား"
"ဟုတ်..."
"ခေါ်ပေးကွာအရေးကြီးလို့"
"..ရှင်...မမလေးကသူ့အမျိုးသားနဲ့အိပ်နေတယ်..မခေါ်ပေးရဲဘူး"
"ဘာ.....သူ.ယောင်္ကျားနဲ့ဟုတ်လား..."
"အင်းလေ..ဟုတ်ဘူးလား"
"ဒီမှာငါကမှ..သူ.ယောင်္ကျား...မှတ်ထား.
ကောင်မကတော်တော်လင်ပေါနေတယ်မှတ်တယ်...
ခုလင်ငယ်နဲ့အိပ်နေတယ်ပေါ့.........
တောက်...သေမယ့်သာမှတ်...
ဟေ့...ဟေ့..ဒီမှာ...မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး..ကောင်မကိုကော
အကောင်ကိုကော..သတ်ပစ်စမ်းကွာ.."
အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ.....
"ရှင်..!!!! ...မ...မ..လုပ်ပါရစေနဲ့ရှင်"
"တောက်...နင်ပါသေချင်လို့လား...ငါအခုပြန်လာလိုက်ရ..၃ လောင်းပြိုင်ဖြစ်သွားမယ်...နားလည်လား..သွားစမ်း သွားစမ်းအံဆွဲထဲမှာသေနတ်ရှိတယ်...နှစ်ယောက်စလုံးကိုပစ်သတ်..ကြားလား...ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း"
"ဟို... ဟိုလေ......."
"ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေချင်လို့လား"
"မဟုတ်ပါဘူးရှင်....သ.သ..သွားပါ့မယ်.........."

ခဏအကြာ....ဒိုင်းခနဲသေနတ်သံနှစ်ချက်ကြားလိုက်ရသည်။

"ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်....."
"အေး...ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး...အိမ်ရှေ့ယူလာခဲ့
ပြီးရင်ပြော.."
အနည်းငယ်ကြာပြီးနောက်.....
"ပြီးပြီ...ဆက်ပြော..."
"ပြီးရင်....အိမ်ရှေ့ကရေကန်ထဲခဏချထား...ငါပြန်လာမယ်...ကြားလား"
"ရှင်...ဘာကြီး.........."
"ရေကန်ဟေ့...ရေကန်...နားလေးနေလား..ငါဒေါသထွက်နေရတဲ့အထဲ"
"ဟို..ဟိုလေ...အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်"
"ဘာ...ဟုတ်လို့လား"
"ဟုတ်....ဟုတ်..."
"ဒါ..ဒါဖြင့်.phone နံပါတ်ကကော..ဟင်..."
"55555 လေ...."
"ဗျာ......အဟင်း..ဘယ်လိုပြောရမလဲ.....sorry ပေါ့နော်..အဟင်း
ဟို..ဟိုလေ...
phone မှားသွားလို့..သိလား...ဒါပဲနော်"

Moe Eaint Phyu

NOBODY  

Posted by မိုးအိမ့်ဖြူ


သီချင်းကြိုက်သူများ အတွက် ကိုရီးယား အဆိုတော်မလေး ၅ ယောက်ရဲ့ သီချင်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ...။ အဖွဲ့အမည်ကတော့ Wonder Girls အဖွဲ့လေးပါ ...။ ဒီအဖွဲ့လေးဟာ ကိုရီးယားနိုင်ငံ ၂၀၀၈ခုနှစ် အကောင်းဆုံး သီချင်းနဲ့အဖွဲ့လိုက် အကောင်းဆုံးကို ဒီသီချင်းလေးနဲ့ရရှိခဲ့တာပါ......။ သီချင်းလေးကို ခံစားနားဆင်လို့ရအောင် ပါတင်ပေးလိုက်ပါတယ်..။ MP3 အနေနဲ့လိုချင်ရင်တော့ version ၂ ခု ပါ ... ကိုရီးယား နဲ့ အင်္ဂလိပ် version ပါ... ကြိုက်နှစ်သက်တယ် ဆိုရင်တော့ ဒေါင်းလုပ် လုပ်ပြီး ယူနိုင်ပါတယ်.....။


Moe Eaint Phyu

 

Posted by မိုးအိမ့်ဖြူ

အဝေးတစ်နေရာမှာ ချစ်သူတစ်ယောက်
အဖော်မပါ မကျန်းမာကာ
ခွဲစိတ်ခန်းဝင် သတ္တိတွေမွေးလို့
ဖြူရဲ့ချစ်ခြင်း မောင့်သတ္တိအဖြစ်အသွင်ပြောင်းကာ
မောင် ကျန်းကျန်းမာမာရှိပါစေစ။

Moe Eaint Phyu

အကြိမ်ကြိမ်မှားယွင်းခြင်းရဲ့လမ်းစ  

Posted by မိုးအိမ့်ဖြူ

အခုအကြောင်းလေးကိုတော့ ကျွန်တော့် ကိုငယ်စဉ်က အဖေပြောပြဖူးတာလေးပါ...။ ဘ၀မှာအောင်မြင်ဖို့ဆိုရင် အရှုံးကိုအရင် ရင်ဆိုင်ရဲမယ်တဲ့ လေ .... အဲဒီအကြောင်းလေးကို အဖေသာဓကလေးနဲ့ ပြောပြခဲ့တယ်..။ အဲဒါကတော့ ရုရှားသိပ္ပံပညာရှင်နဲ့ အမေရိကန် သိပ္ပံပညာရှင်ရဲ့ အကြောင်းလေးနဲ့ ရှင်းပြခဲ့ဘူးပါတယ်....။ အဲဒီတုန်းက စစ်လက်နက်အတွက် ဒုံးပျံကို အပြိုင်အဆိုင် စတင်တီထွင် နေချိန်ပါ...။ အမေရိကန် သိပ္ပံပညာရှင် ဟာ စမ်းသပ်မှုသုံးကြိမ် ပြုလုပ်ခဲ့ယုံမျှနဲ့ ဒုံးပျံ ဂြိုလ်တုတို့ရဲ့ ဖခင်ပြောနိုင်မယ် V2 ဒုံးကျည်ကို တီထွင်နိုင်ခဲ့ပါတယ်....။ ထိုနောက်မှာ အမေရိကန်တွေကြီးစိုးလာခဲ့ကြပါတယ်...။ ဒါကို သိတဲ့ရုရှားကအကြီးအကဲတွေဟာ ရုရှားသိပ္ပံပညာရှင် ကိုခေါ်ယူတွေဆုံခဲ့ကြပါတယ်...။ အဲဒီတွေဆုံမှု မတိုင်မိမှာ ရုရှားသိပ္ပံပညာရှင်ဟာ ဒုံးပျံအတွက် အမှားပေါင်း တစ်သောင်းကျော်ကို မှားယွင်းခဲ့ပါတယ်..။ ရုရှားအကြီးအကဲတွေက သူအား ဖိအားပေးတောင်းဆိုလာခဲ့ကြချိန်မှာ ရုရှားသိပ္ပံပညာရှင်ဟာ အေးအေးလေးပဲ ပြောဆိုခဲ့ပါတယ် ...။ " အမှားတစ်ခုတွေ့ချင်ဟာ အမှန်တော့ကောင်းမွန် ပြီးပြည်စုံတဲ့ အရာကို ပိုင်ဆိုင်နိုင်ဖို့ပါ" လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်...။ နောက်တော့ ရုရှားသိပ္ပံပညာရှင်ဟာ ရုရှားနိုင်ငံအတွက် ဒုံးကျည်ကို ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်..။ အဲဒီအချိန်မှာတော့ အမေရိကန်သိပ္ပံပညာရှင်ဟာ သူ့အမှားများကြောင့် စစ်သုံးစရိတ် ဖြန်းတီးမှုနဲ့ ထောင်ကျသွားပါတယ်...။ ရုရှားသိပ္ပံပညာရှင် ကတော့ သူရဲ့အောင်မြင်မှုကြောင့် ရုရှားနိုင်ငံရဲ့ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ၀န်ကြီးဖြစ်လာပါတော့တယ်..။


ဘာကိုရည်ညွန်းလဲဆိုတာကို နားလည် သဘောပေါက်လိမ့်မယ် လို့ထင်ပါတယ်...။ ကျွန်တော်ပြောတာ နားမလည်ရင်တော့ ဒါဟာ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့်ပါ



Real Time Web Analytics