ဘာသာစကားနဲ့ ကဗျာကိစ္စ  

Posted by မိုးအိမ့်ဖြူ

ကျွန်တော်လေ့လာဖတ်သားထားတဲ့အကြောင်းတွေဖြစ်ပါတယ် ဆက်တိုက်ဆက်ရေးဖို့ ကြိုးစားပါမယ်။


၁။ဘာသာစကားနဲ့ ကဗျာရေးကြတာဖြစ်တယ်။

၂။ကဗျာဆိုတာ အရေးအသား စာသားတစ်မျိုးဖြစ်တယ်။

၃။ကဗျာအရေးအသား ဘာသာစကားနဲ့ ကဗျာမဟုတ်ဘူးလို့ ပြောလို့ ရတဲ့အရေးအသားကွဲပြားမှုရှိလား။


( ဒါဟာဒီနေ့ မှာအငြင်းပွါးဖွယ်ရာတစ်ခုဖြစ်တယ်။ ကဗျာဘာသာစကား ၊poetic language ရယ်လို့ သက်သက်ရှိ။မရှိ.... ရှိတယ်လည်းပြောတယ်။ မရှိဘူးလည်းပြောတယ် )

ဥပမာ...သတင်းသုံးဘာသာစကားဟာ ကဗျာဘာသာစကားမဟုတ်ဘူးလို့ ပြောတယ်။ဒါပေမယ့် တင်စာသုံးဘာသာစကား အပိုင်းတစ်စကို ကဗျာထဲမှာထည့်သုံးရင်ကဗျာဘာသာစကားဖြစ်သွားတယ်။ ရည်ရွယ်ချက်ကိစ္စပြောမလား ၊သတင်းစာဘာသာစကားသတင်းအချက်အလက်ပေးဖို့ (၀ါဒဖြန့် ဖို့ ၊ဘက်လိုက်တင်ပြဖို့ ) ကဗျာဘာသာစကား ဟာခံစားမှုစိတ်ကူးဖြန့် ကျက်မှုကိုနှိုးဆွဖို့၊ ကျင့်သားရသိမှုတည်ဆောက်မှုကို ဆန်းကျယ်စွာလှုပ်နှိုးဖို့၊ စိတ်ရဲ့အလုပ်အားလုံးကိုကဗျာကကိုင်လှုပ်ဖို့ ၊ဒါဆိုရင်သတင်းအချက်အလက်ပေးဖို ရည်ရွယ်ချက်ဟာကဗျာထဲ ရောက်သွားရင်စာသားချင်းအတူတူ..ရည်ရွယ်ချက်တူပါဦးမလား..စဉ်းစားစရာ...။

Moe Eaint Phyu

အလိုအလျှောက် ရွေ့ရှားနေသော တင်ခဲ့သမျှ ပိုစ့်များ  

Posted by မိုးအိမ့်ဖြူ

အလိုအလျှောက် ရွေ့ရှားနေသော တင်ခဲ့သမျှ ပိုစ့်များ ကိုဖေါ်ပြခြင်းလေးပါ...။ ဒါလေးကတော့ ကိုယ်တင်ခဲ့တဲ့ပိုစ့်တွေကို အားလုံးမြင်အောင် ပြသတဲ့ပုံစံလေးပါ.....။


လုပ်ရမှာကတော့ အရင် ဆုံး Blog ကိုဝင်လိုက်ပါ ပြီးရင် Layout>>> Page Elements>>> Add a Gadget>>> HTML/Javascript ကို ရွေးပြီး အောက်က Code တွေကို ကူးပြီး Save မှတ်လိုက်ပါ ဒါဆိုရင် သင့် Blog မှာ အလိုအလျှောက် ရွေ့ရှားနေသော တင်ခဲ့သမျှ ပိုစ့်များ ကို သင် မြင်တွေ့ရပါလိမ့်မယ်...။


<script style="" src="http://sites.google.com/site/moeeaintphyu/Home/RecentPostsScrollerv3.js?attredirects=0"> </script><script style=""> var nMaxPosts = 15; var sBgColor; var nWidth; var nScrollDelay = 175; var sDirection="left"; var sOpenLinkLocation="N"; var sBulletChar="»»"; </script> <script style="" src="http://ဒီနေရာတွင် သင့်ရဲ့ Blog လင့်ကိုထည့်ပါ../feeds/posts/default?alt=json-in-script&amp;callback=RecentPostsScrollerv2"> </script>


Moe Eaint Phyu

အလိုအလျှောက်ပိုစ့်ခေါက်နည်း  

Posted by မိုးအိမ့်ဖြူ

ပိုစ့်ခေါက်နည်းတွေကို အမျိုးမျိုးရေးကြပါတယ် ဒါကတော့ အလိုအလျှောက်ပိုစ့်ခေါက်တဲ့ ပုံစံလေးပါ....။ ကျွန်တော် အရင်တုန်း ကအလွယ်ဆုံးပိုစ့်ခေါက်နည်းလေးရေးခဲ့ဘူးတယ်နော်...။ အဲဒါလေးကတော့ စာရေးသူကိုယ်တိုင်က သတ်မှတ်ပေးရတာပါ..။ တခါတလေ သတိမေ့သွားရင် ကျွန်တော်တို့ပြန်ဝင် ပြန်ထည့်ရပါသေးတယ် ....။ ဒါကတော့ အဲဒီလိုလုပ်စရာမလိုပါဘူး အလိုအလျှောက် သူကိုယ်တိုင် ပိုစ်ခေါက်တဲ့နေရာကို သတ်မှတ်ပေးတာပါ ..။ ဒီတော့ စာဖတ်သူကိုယ်တိုင်လည်း ပြန်လည် ပြင်စရာမလိုတော့ဘူးပေါ့နော်......။ စိတ်ဝင်စားတယ်ဆိုရင်တော့ အရင်ဆုံး သင့်ရဲ့ Blog ထဲကိုဝင်လိုက်ပါ...။


ပထမဆုံး ဒီနေရာက လင့်ကို ဒေါင်းလုဒ် လုပ်လိုက်ပါ....။

ဒေါင်းလုပ်ယူထားတဲ့ လင့်ကို အောက်ကနေရာက တစ်ခုခုမှာ အကောင့်ဖွင့်ပြီး Upload တင်လိုက်ပါ...။


ပြီးလျှင်တော့ သင်ရဲ့ Blog ထဲက Layout -> Edit HTML ထဲက Expand Widget Templates ကို အမှန်ခြစ်ပေးလိုက်ပါ...။ အောက်က Code ကိုရှာလိုက်ပါ...။


</head>


အပေါ်က Code ကိုတွေ့ရင်တော့ အောက်က Code ကို အဲဒီ Code ရဲ့အောက်မှာ ကူးပြီးတင်လိုက်ပါ...။ အနီရောင်နဲ့ကာလာ ကတော့ သင်Uplod တင်ထားသော လင့်ကို ထည့်ရမှာပါ...။ ဒီအတိုင်းကူးထည့်လို့လဲရပါတယ် လူအသုံးများရင် လင့်ပျက်မှာဆိုးလို့ ပါ...။


<script type='text/javascript'>var thumbnail_mode = &quot;no-float&quot; ;
summary_noimg = 500;
summary_img = 450;
img_thumb_height = 100;
img_thumb_width = 120;
</script>
<script src='http://sites.google.com/site/moeeaintphyu/Home/read-more_auto.js?attredirects=0
' type='text/javascript'/>



ပြီးသွားရင် အောက်က Code ကိုရှာလိုက်ပါ....။


<data:post.body/>


အပေါ်က Code ကိုတွေ့ရင်တော့ အောက်က Code တွေကို အပေါ်က Code နေရာမှာ အစားထိုးလိုက်ပါ....။


<b:if cond='data:blog.pageType != &quot;item&quot;'> <div expr:id='&quot;summary&quot; data:post.id'><data:post.body/></div> <script type='text/javascript'>createSummaryAndThumb(&quot;summary<data:post.id/>&quot;);</script> <span class='rmlink' style='float:right;padding-top:20px;'><a expr:href='data:post.url'> ဆက်လက်ဖတ်ရှုရန်----->> &#8220;<data:post.title/>&#8221;</a></span> </b:if> <b:if cond='data:blog.pageType == &quot;item&quot;'><data:post.body/></b:if>


ပြီးသွားရင်တော့ Save မှတ်လိုက်ပါ....။ ပိုစ့်ကို ကိုယ် ကိုယ်တိုင်နေရာပြစရာမလိုပဲ အလိုအလျှောက် ပိုစ့်ခေါက်ပြီးသား ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်...။

Moe Eaint Phyu

အတိတ်က ဇာတ်လမ်း  

Posted by မိုးအိမ့်ဖြူ

အတိတ်ကအကြောင်းတွေ နာကျင်လို့ ဘဝရဲ့ စာမျက်နှာ တစ်ဖက်မှာ ထားခဲ့ချင်ပေးမယ့်..။ အခုတော့ Tag ခံလိုက်ရတယ်ဗျာ ....။ ဘယ်လို စပြီးရေးရမှန်း မသိလို့ အတော်စဉ်းစားရတယ်ဗျာ...။ ဒါပေမယ့် ရေးရတော့မှာပေါ့ ဗျာ ...။ ဒါကတော့ ကျွန်တော့်ရဲ့ ဆယ်တန်းအောင် ခါစအချိန် နောက်ပိုင်းကို ပဲ ပြောရမှာပေါ့...။ ကျွန်တော် စာမေးပွဲ အောင်တော့ ကျွန်တော်တို့ ခေတ်တုန်းက ခေတ်စားနေတဲ့ အင်ဂျင်နီယာကို ကျွန်တော် သိပ်ဖြစ်ချင်ခဲ့တာ ဒါပေမယ့် ......... ကျွန်တော်တို့ ခေတ်က GTI ကို တက်ဖို့အတွက် အင်္ဂလိပ် ၊ သချာင်္ ကိုပေါင်းပြီး မှ ရမှတ်ကို ကြည့်ယူ တာ ဒါကို ကျွန်တော်က ၂ မှတ်အလိုနဲ့ တက်ခွင့်မရခဲဘူး...။

ဒီလိုနဲ့ စိတ်လေပြီး ဘာမှ မလုပ်ဖြစ်ပါဘူး...။ အိမ်ကကျွန်တော့် ကို သင်တန်းတစ်ခု တက်စေခဲ့တယ် ဒါကတော့ IDCS ( International Diploma Computer Studies ) ကျွန်တော် အဲဒိသင်တန်းကို တက်ရင်းနဲ့ နောက်ပိုင်းမှာ စိတ်ဝင်စားလာခဲ့တယ်..။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် အဲဒီသင်တန်းမှာ ကောင်မလေး တစ်ယောက်နဲ့ ပထမဦးဆုံးခင်မင်ခွင့်ရခဲ့တယ်...။ ဒီလိုနဲ့သူနဲ့ ကျွန်တော့် ကြားမှာ သူငယ်ချင်းအဖြစ်ကနေ ဒုတိယနှစ်( IADCS ) စအတတ်မှာ ကျွန်တော်တို့ ချစ်သူတွေဖြစ်ခဲ့ကြတယ်လေ နောက်တော့ ဒုတိယနှစ်အောင်လို့ အောင်စရင်း ထွက်တဲ့နေမှာပဲ သူ့အိမ်က သိသွားကြတယ်....။ သူမိဘတွေက ကျွန်တော့်ကို တော်တော်လေးကို ရက်ရက်စက်စက်ပြောခဲ့တယ်...။

အဲဒီနေ့တွေက ကျွန်တော် အိမ်ကို တော်တော်နဲ့ ပြန်မရောက်ခဲ့ဘူး ...။ အိမ်အပြန်ခြေလှမ်းတွေ လေးလံခဲ့ရတယ်...။ ဒါကို သိတဲ့ အမေ က ကျွန်တော့်ကို မေးတယ်လေ ကျွန်တော် ဘာမှ မပြောပဲ အိပ်ပစ်လိုက်တယ်...။ နောက်နှစ်ရက် နေတော့ သူ့ကို သူ့အိမ်က UK မှာ နောက်ဆုံးနှစ်သွားတက်ဖို့ လုပ်နေတယ်ဆိုတာ သိလိုက်ရတယ် ..။ အဲဒါကို သိအောင်လို့ ဖုန်းဆက်ပြောတာပါတဲ့ .. ဘာမှတောင်သိပ်မပြောဖြစ်ဘူး သူ့ဘက်ကဖုန်းကျသွားတယ်... ကျွန်တော်လည်း ဘာမှမသိတော့ သလို ကြောင်တောင်တောင် နဲ့ ဖြစ်နေတာကို အမေက လာမေးပြန်တယ် ဘယ်သူလဲတဲ့ အမှန်တော့ အမေ သိနေခဲ့တယ်ဗျ...။ ကျွန်တော် နောက်ဆုံးနှစ်ကို ဆက်မတတ်ဖြစ်ပဲ အလုပ်ဝင်လုပ်ခဲ့တယ် သင်တန်း ဆရာလေး အဖြစ်နဲ့ ၀င်လုပ်ပြီး အလုပ်ထဲမှာ စိတ်နှစ်နေခဲ့တယ်..။ ဒီလိုနဲ့ နောက် ၆လလောက်မှာ ဂျပန်ကို ပညာတော်သင် အနေနဲ့ ၆လ သွားတတ်ခဲ့ရတယ်....။

ဂျပန်ကပြန်လာလို့ ၂ပတ်လောက်မှာပဲ ကျွန်တော့်ကို MICT Park ကို ပြောင်းဖို့အတွက် ဖြစ်လာခဲ့တယ်...။ ဒိလိုနဲ့ တိုက်တိုက်ဆိုင်ဆိုင် MICT Park ရဲ့ ပထမဆုံးသော ပြပွဲ တစ်ခုမှာ သူ့ကို အမှတ်မထင်မြင်တွေ့လိုက်ရတယ်...။ သူကလဲ ကျွန်တော့်ကို ပြုံးပဲ ပြသွားတယ် ...။ နှုတ်ဆက်ဖို့ကလည်း သူမိဘတွေနဲ့ ဆိုတော့ ကျွန်တော် ခေါ်တောင် မခေါ်ရဲဘူး သူ့မိဘတွေက ကျွန်တော့် မသိရှာပါဘူး....။ အဲင်္ဒီနေ့က တော်တော်ပျော်ခဲ့တယ်ဗျာ.. ဘာကြောင့်လဲဆိုတော့ ကျွန်တော် သူနဲ့ပြန်တွေ့ရတော့မှာ မို့လို့ပါ...။ ဒီလိုနဲ့ သူ့ဆိက ဆက်သွယ်မှုတွေပြန်ရခဲ့တယ် .. သူနဲ့ အပြင်မှာတွေ့ပြီး စကားတွေအများကြီး ပြောဖြစ်ကြတယ်...။ သူကတော့ ဘာမှသိပ်မပြောပဲ ကျွန်တော်ပြောသမျှကိုပဲ နားထောင်ခဲ့တယ်....။ နောက် ၃ ခါလောက်ပဲ တွေ့ပြီး သူမ ကျွန်တော့်ကို ဘာမှ မပြောပဲ ပြန်ပျောက်သွား ပြန်တယ်...။

ကျွန်တော့်ကို အိမ်က အဝေးသင်တက္ကသိုလ်ကို ကျောင်းတက်ဖို့အတွက် ကျွန်တော်မသိအောင် လျှောက်ထားခဲ့တယ်...။ ငယ်ငယ်ကတည်းက မီဘတွေကို ဘာမှ မပြောခဲ့တဲ့ ကျွန်တော် ၊ အိမ်ရဲ့ စိတ်တိုင်းကျ ကျွန်တော် ကျောင်းတတ် ခဲ့ရပြန်တယ် ..။ တစ်နှစ်ပြီးတော့ နောက်တနှစ် ဒုတိယ နှစ်မှာ ကျွန်တော့် အမှတ်မထင် သူမနဲ့ ထပ်ပြန်ဆုံပြန်တယ် ...။ အဲဒီတော့မှ သူမပြောတာကို မယုံကြည်နိုင်အောင်ကြားခဲ့ရတယ် ..။ သူအိမ်ထောင်ပြုလိုက်ရပြီတဲ့လေ... စာဖတ်သူတို့အနေနဲ့ ပဲ စဉ်းစားကြည့်ပါ....။ ကျွန်တော်စောင့်လာခဲ့တဲ့ သုံးနှစ်ကျော် ကာလမှာ ကျွန်တော့်ဘက်က ဘာမှမပြောင်းလဲခဲ့ပေမယ့် သူမကတော့ အပြောင်းလဲကြီး ပြောင်းလဲသွားရတယ်......။

ကဲ Tag ကိုကောင်းကောင်းကြီး လာပေးသွားတဲ့ အစ်မ လသာည ရေ ကျေနပ် လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်..။ ပြဿနာတက်လို့ကတော့ အစ်မရှင်းပေးရမယ်နော်....။ :P

Moe Eaint Phyu

Real Time Web Analytics