ဘာသာစကားနဲ့ ကဗျာကိစ္စ  

Posted by မိုးအိမ့်ဖြူ

ကျွန်တော်လေ့လာဖတ်သားထားတဲ့အကြောင်းတွေဖြစ်ပါတယ် ဆက်တိုက်ဆက်ရေးဖို့ ကြိုးစားပါမယ်။


၁။ဘာသာစကားနဲ့ ကဗျာရေးကြတာဖြစ်တယ်။

၂။ကဗျာဆိုတာ အရေးအသား စာသားတစ်မျိုးဖြစ်တယ်။

၃။ကဗျာအရေးအသား ဘာသာစကားနဲ့ ကဗျာမဟုတ်ဘူးလို့ ပြောလို့ ရတဲ့အရေးအသားကွဲပြားမှုရှိလား။


( ဒါဟာဒီနေ့ မှာအငြင်းပွါးဖွယ်ရာတစ်ခုဖြစ်တယ်။ ကဗျာဘာသာစကား ၊poetic language ရယ်လို့ သက်သက်ရှိ။မရှိ.... ရှိတယ်လည်းပြောတယ်။ မရှိဘူးလည်းပြောတယ် )

ဥပမာ...သတင်းသုံးဘာသာစကားဟာ ကဗျာဘာသာစကားမဟုတ်ဘူးလို့ ပြောတယ်။ဒါပေမယ့် တင်စာသုံးဘာသာစကား အပိုင်းတစ်စကို ကဗျာထဲမှာထည့်သုံးရင်ကဗျာဘာသာစကားဖြစ်သွားတယ်။ ရည်ရွယ်ချက်ကိစ္စပြောမလား ၊သတင်းစာဘာသာစကားသတင်းအချက်အလက်ပေးဖို့ (၀ါဒဖြန့် ဖို့ ၊ဘက်လိုက်တင်ပြဖို့ ) ကဗျာဘာသာစကား ဟာခံစားမှုစိတ်ကူးဖြန့် ကျက်မှုကိုနှိုးဆွဖို့၊ ကျင့်သားရသိမှုတည်ဆောက်မှုကို ဆန်းကျယ်စွာလှုပ်နှိုးဖို့၊ စိတ်ရဲ့အလုပ်အားလုံးကိုကဗျာကကိုင်လှုပ်ဖို့ ၊ဒါဆိုရင်သတင်းအချက်အလက်ပေးဖို ရည်ရွယ်ချက်ဟာကဗျာထဲ ရောက်သွားရင်စာသားချင်းအတူတူ..ရည်ရွယ်ချက်တူပါဦးမလား..စဉ်းစားစရာ...။

Moe Eaint Phyu

This entry was posted on 09:34 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments

Real Time Web Analytics