ကျေးဇူပါ ချစ်သူ  

Posted by မိုးအိမ့်ဖြူ

အိမ်မက်ဆိုးတွေထားခဲ့ပြီ နောက်ဆုံးအိပ်ပျှော်သွားခဲ့တာ

ချစ်သူပါ….

အိမ်မက်ထဲမှာတော့ လိုက်ရှာရင်းနဲ့

ငါ့အတွက် ငရဲရှစ်ထပ်မှာတောင်

မြေတစ်ကွက်ရှိကောင်းပါရဲ့

ဒါပေမယ့် သံယောဇဉ်ဆိုတဲ့

ပိုက်ကွန်ထဲမှာချုပ်နှောင်မိလို့

ရုန်းထွက်မရခဲ့ပါဘူးကွာ..။sedih


ဘာပဲပြောပြောပေါ့ ချစ်သူရယ်

မင်းအဝေးကိုသွားပြီလို့ ထင်ရလောက်အောင်

မင်းရဲ့ စကားလုံးတစ်ချို့နဲ့ ငါ့ရင်ကို

တွန်းထိုးလှဲခဲ့တယ်

အရာအားလုံးခွင့်ပြုလိုက်လျှောနိုင်တဲ့

အရာတွေချည်းပါပဲ…doa


အခုတော့အလှမ်းဝေးလှတဲ့ ဟိုး……….အဝေးက

နေရာလေးတစ်ခုကို ငါတစ်ယောက်တည်းငေးနေမိတယ်…..။putuscinte

ဝေးကွာလွန်းလှတဲ့ ဟိုးတစ်နေရာဆီမှာ ဘာတွေများဖြစ်နေမလဲလို့ တွေးနေမိတယ်..။ မျက်ရည်တစ်ချို့နဲ့ ပြူလုပ်ထားတဲ့ အိမ်မက်လှလှလေး အခုရော မက်ခွင့်ရှိသေးလား…။ အဝေးကြီးမှာလား နီးနီးလေးမှာလား ခရီးဆိုတာက သွားသူအတွက်သာဖြစ်တယ်..။ မသေချာမှုတွေကတော့ ငါ့ရင်ကနေ တဖြည်းဖြည်းကြွေကျနေတယ်..။ အသက်ရှုကျပ်လာတယ် မျက်ဝန်းတွေထဲမှောင်မိုက်နေတယ်..။ အခုလို ပြောပြတဲ့စကား အတွက် သိပ်ကျေးဇူးတင်မိပါတယ်……။ ပြောပြခဲ့တဲ့ စကားအတွက် ဘာမှပြန်မပြောနိုင်ခဲ့ပေမယ့် အခုတော့ တစ်ယောက်တည်း …………………………..nangih



Moe Eaint Phyu

ကဗျာမှဟုတ်ရဲ့လား  

Posted by မိုးအိမ့်ဖြူ

အမြင့်ရောက်နေတဲ့ ငါ့အမြင်တွေနဲ့ ကြည့်ရင်
မျက်နှာစာ သနပ်ခါးအဖွေးသားနဲ့ 
ညှီစို့ စို့ ဝရန်တာအောက်မှာ
မှေင်ရိပ်ခိုနေတဲ့ ခိုတစ်ကောင်ကိုလည်းမြင်ရတယ်
အိမ်ကြိုအိမ်ကြား လျှောက်ပြေးနေတဲ့
ကြောင်တစ်ကောင်ကိုလည်း မြင်ရတယ်
အဆင့်မြင့်စားသောက်ဆိုင်တစ်ဆိုင်နောက်မှာ
တစ်ခါမှ ရေမလဲတဲ့ လက်ဆေးဇလုံကြီးကိုလည်းမြင်ရတယ်
လေဟုန်စီးနေတဲ့ အနိမ့်ပျံငှက်တွေ
အနိမ့်စီးဆင်းနေတဲ့ ဓါတ်ကြိုးတန်းတွေမြင်ရတယ်
လူအဖြူအမဲ လူရောင်စုံ
လမ်းတစ်လမ်းထဲမှာ ဆန့် ကျင်ဘက်အရောင်တွေ တွဲစပ်တွန်းထိုး
ပက်လက်လှန်ထားတဲ့ ပန်ချီကားတစ်ချပ် မြင်ရတယ်
မြေကြီးရဲ့ဆွဲအားဆီ ငုံ့ ကိုင်းဝင်တော့မယ့်
အဖိုးအိုတစ်ယောက်ရဲ့ တရွေ့ ရွေ့ ပုံမြင်ရတယ်


ငါ့စိတ်တွေလေလွင့်လို့နေတယ် 
ဘာကို တောင်းတနေလဲမသိ
ရင်ထဲမှာစို့လို့
မော့်ကြည့်လိုက်တော့
အားလုံးထက်ငါက ကောင်းကင်ကြီးနဲ့ ပိုနီးသလားပဲ
(ကောင်းကင်ကြီးကကော ငါ့ကိုဘယ်လိုမြင်နေမလဲ)


ငါရေးမိတဲ့ကဗျာမှဟုတ်ရဲ့လား ................



Moe Eaint Phyu

အဆုံးသတ်လိုက်ရ  

Posted by မိုးအိမ့်ဖြူ

ဘဝဘဝ ပြောသာပြောရ အားမရတဲ့ကိုယ့်ဘဝ
ရောင့်ရဲတင်းတိမ် စိတ်လောဘ
ဇီဝိန်ချုပ်မယ့်ခဏမှ အေးချမ်းမယ့်ဒီလောက
ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုး စမ်းသပ်ကာလုပ်ကြည့်နေတုန်း
သွေးပျက်စရာကောင်းလောက်ပေမယ့်
သွေးထွက်နေတဲ့ရင်ထဲကဒဏ်ရာကတော့
ထပ်ပြီးရင်းထပ်နာ အနာပေါ်တုတ်ကျ
မျက်နှာမှာဗြူတ်ထတဲ့ လူကမှပိုကံကောင်းပါတယ်
စုတ်ချက်တွေဟန်ချက်မညီပေမယ့်
မယိမ်းယိုင်အောင်ဘဝကိုတည်ဆောက်ရင်း
အဆုံးမသတ်ချင်တဲ့ဘဝမှာ အဆုံးသတ်လိုက်ရတာကတော့ဒီစာပါ. . . .


Moe Eaint Phyu

ညည်းဖြစ်တဲ့ သီချင်းများ ( Tag )  

Posted by မိုးအိမ့်ဖြူ

ဇောင်းကတော့ လုပ်ချလိုက်ပြန်ပြီ ဒုက္ခပါပဲ တော်တော်ချစ်တယ်ထင်ပါရဲ့...။ ဇောင်းရေ သီချင်းတွေက သိပ်မရဘူးဟ ဟိုနည်းနည်း ဒီနည်းနည်းပဲ ရတာလေ...။ ဒါကြောင့် ရတဲ့ သီချင်းလေးတွေ ညည်းဖြစ်တဲ့ သီချင်းလေးတွေကတော့ 
IPM အဖွဲ့ ဆိုထားတဲ့  ဒို့နှစ်ယောက်သီချင်းလေးပါ....။
တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်မခွာရက် ချစ်ခဲ့ပေမယ့်...
တစ်ယောက် က တစ်ယောက်ကိုပြန်တွေ့ဖို့ အခုတော့ခက်ခဲ..
တစ်ယောက်က ကြေကွဲရင် တစ်ယောက်တည်းဝမ်းနည်း နေခဲ့ ....
ဒီလိုသာ ပုံပြင်ဟောင်းလေးပဲ........
မိုးချုပ်ခဲ့အိမ်ပြန်ညလမ်းလေးတွေထက်
တစ်ယောက်နဲ့တစ်ယောက်လက်တွေကိုတွဲ အဝေးဆုံးကို ဖြတ် ..
တစ်ယောက်က တစ်ယောက်နားမှာ အချိန်တိုင်း အားပေးနေခဲ့
ဟိုအရင်က ဒီအတိတ်ဟောင်းလေးတွေပဲ...........  ဆိုတဲ့ ဒီသီချင်းလေးကိုတော့ အမြဲတမ်းလိုလိုတော့ ရွတ်မိပါတယ်...။ ဘာလို့လဲ ဆိုတော့ ဒီသီချင်းလေးကို တစ်ပုဒ်လုံးနီးပါးရလို့ပါ...။
နောက်တစ်ပုဒ်ကတော့  တေးရေး - အရိုး ၊ တေးဆို - ဓီရာမိုရ် ဆိုတဲ့ ငါ့တို့ရဲ့ အိမ်ပါ

အိမ်ခေါင်မိုးက မိုးမလုံလည်း … ငါတို့လုံးဝ စိတ်မကုန်ပါ …
ရေခံခွက်အောက် မိုးစက်တပေါက်ပေါက် ကျသံ … တွံတေးကြီး တေးသံလား …
အမေဆင်မြန်းတဲ့ နန်းဆောင်အို ကိုရွှေသကြားမင်း ဗိမာန်မို့ …
စင်တင်ဇာတ်ထုတ်ထဲက အကောင်းစားတိုက်အိမ် … တစ်လုံးနဲ့ မလဲပါဗျို့ …
ရွှေမြေအိုးမည်း နှုတ်ခမ်းရယ်တို … ဆာနေကြတဲ့ ၀မ်းတွေစို …
အခုရထားတဲ့ လောကစည်းစိမ် … နတ်ပြည်နဲ့ မလဲဘူး …
ဒီသီချင်းလေးကိုတော့ သိပ်မရပေမယ့် သတိရရင် ရသလိုလေးဆိုဖြစ်ပါတယ်...။
နောက်ထပ်ညည်းဖြစ်တဲ့ သီချင်းလေးကတော့ Big Bag ရဲ့ လက်ခံထားဆဲ ဆိုတဲ့ သီချင်းလေးပါ ..။
ညနေစောင်းတိုင်း ငုတ်တုတ်ထိုင်ပြီး
ဓာတ်တိုင်အောက် ရောက်ခါ ဒဏ်ရာတွေ 
ထွေးထုတ်လိုက် ၀ါးစားလိုက် စကားများလိုက်
တစ်ယောက်တည်းအလုပ်ရှုပ်နေ၏..........
အခုချိန်မျိုးရောက်ရင် ရက်ကွက်ဟာ ချောင်းမြောင်းကာကြည့်
ငါ့ကို သနားတဲ့လူတစ်ချို့က ဟားလို့နေပြီး 
ကလေးတွေက အရူးဆိုပြီး ခဲနဲ့ လှမ်းပေါက်ကာကြည့်  ( ရှိပါစေတော့ )
ဒါပေမယ့် သူ့ကိုတော့ မထိနဲ့ကွာ သူနှိုးသွားမှာ ဆိုးလို့ပါ .....
မင်းမမြင်နိုင်ပေမယ့် ငါ့ရဲ့ နံဘေးနားသူရှိတုန်းပါ... သနားဖို့မကောင်းဘူးလား
ငါ့ကြင်နာသူလေး ငါ့ရဲ့နံဘေးမှာ အိပ်နေလိုက်တာ အိုးအေး.... အို

ဒီသီချင်းလေးကိုလဲ အမြဲတမ်းလိုလို ညည်းဆိုမိပါတယ်...။ အခုသီချင်းလေးတွေကို ပဲ ရွတ်မိပါတယ်... ကျန်တာကတော့ သီချင်းတွေ့ကို ကြိုက်ပေမယ့် လုံးဝအလွတ်မရတော့ ရေးဖို့ ခက်နေတယ်လေ ဒါကြောင့် ရတာလေးကိုပဲ ရေးလိုက်ရတာပါ....။ ဇောင်း က မTag ဘူးထင်နေတာ အခုတော့ ဇောင်းရဲ့ Tag ကိုရေးလိုက်တယ်နော်...။ သီချင်းတွေက သိပ်မရတော့ ရေးရတာ အဆင်မပြေတော့ ဒီလောက်နဲ့ တော့ ကျေနပ်မယ်လို့ ထင်မီပါတယ်..။ နောက်လူတွေကို ဆက်ပြီး Tag ချင်ပေမယ့် Tag ကိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်တော့မယ် ....။ ညီရေ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ် ကွာ


Moe Eaint Phyu

Real Time Web Analytics