အမြင့်ရောက်နေတဲ့ ငါ့အမြင်တွေနဲ့ ကြည့်ရင်
မျက်နှာစာ သနပ်ခါးအဖွေးသားနဲ့ 
ညှီစို့ စို့ ဝရန်တာအောက်မှာ
မှေင်ရိပ်ခိုနေတဲ့ ခိုတစ်ကောင်ကိုလည်းမြင်ရတယ်
အိမ်ကြိုအိမ်ကြား လျှောက်ပြေးနေတဲ့
ကြောင်တစ်ကောင်ကိုလည်း မြင်ရတယ်
အဆင့်မြင့်စားသောက်ဆိုင်တစ်ဆိုင်နောက်မှာ
တစ်ခါမှ ရေမလဲတဲ့ လက်ဆေးဇလုံကြီးကိုလည်းမြင်ရတယ်
လေဟုန်စီးနေတဲ့ အနိမ့်ပျံငှက်တွေ
အနိမ့်စီးဆင်းနေတဲ့ ဓါတ်ကြိုးတန်းတွေမြင်ရတယ်
လူအဖြူအမဲ လူရောင်စုံ
လမ်းတစ်လမ်းထဲမှာ ဆန့် ကျင်ဘက်အရောင်တွေ တွဲစပ်တွန်းထိုး
ပက်လက်လှန်ထားတဲ့ ပန်ချီကားတစ်ချပ် မြင်ရတယ်
မြေကြီးရဲ့ဆွဲအားဆီ ငုံ့ ကိုင်းဝင်တော့မယ့်
အဖိုးအိုတစ်ယောက်ရဲ့ တရွေ့ ရွေ့ ပုံမြင်ရတယ်
ငါ့စိတ်တွေလေလွင့်လို့နေတယ်
ဘာကို တောင်းတနေလဲမသိ
ရင်ထဲမှာစို့လို့
မော့်ကြည့်လိုက်တော့
အားလုံးထက်ငါက ကောင်းကင်ကြီးနဲ့ ပိုနီးသလားပဲ
(ကောင်းကင်ကြီးကကော ငါ့ကိုဘယ်လိုမြင်နေမလဲ)
This entry was posted
on 08:23
and is filed under
Poem
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
1 comments