ဘဝဘဝ ပြောသာပြောရ အားမရတဲ့ကိုယ့်ဘဝ
ရောင့်ရဲတင်းတိမ် စိတ်လောဘ
ဇီဝိန်ချုပ်မယ့်ခဏမှ အေးချမ်းမယ့်ဒီလောက
ဇီဝိန်ချုပ်မယ့်ခဏမှ အေးချမ်းမယ့်ဒီလောက
ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုး စမ်းသပ်ကာလုပ်ကြည့်နေတုန်း
သွေးပျက်စရာကောင်းလောက်ပေမယ့်
သွေးထွက်နေတဲ့ရင်ထဲကဒဏ်ရာကတော့
သွေးထွက်နေတဲ့ရင်ထဲကဒဏ်ရာကတော့
ထပ်ပြီးရင်းထပ်နာ အနာပေါ်တုတ်ကျ
မျက်နှာမှာဗြူတ်ထတဲ့ လူကမှပိုကံကောင်းပါတယ်
မျက်နှာမှာဗြူတ်ထတဲ့ လူကမှပိုကံကောင်းပါတယ်
စုတ်ချက်တွေဟန်ချက်မညီပေမယ့်
မယိမ်းယိုင်အောင်ဘဝကိုတည်ဆောက်ရင်း
မယိမ်းယိုင်အောင်ဘဝကိုတည်ဆောက်ရင်း
အဆုံးမသတ်ချင်တဲ့ဘဝမှာ အဆုံးသတ်လိုက်ရတာကတော့ဒီစာပါ. . . .

This entry was posted
on 00:35
and is filed under
Poem
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
0 comments