ဘာသာစကားနဲ့ ကဗျာကိစ္စ ၁  

Posted by မိုးအိမ့်ဖြူ

ကဗျာရေးသူရဲ့(စိတ်တွင်း)အဇ္တျတ္တဘ၀ တွေ ကြုံခံစားမှု(၀ါ) ပုဂ္ဂလိက(စိတ်တွင်း) တွေ့ ကြုံခံစားမှုကိုဘာသာစကားက
အတိအကျ(လုံးဝဥဿုံ ၊က=က ဆိုသလို) တိုက်ရိုက်ဖော်ပြနိုင်ပါ့မလား ဆိုတဲ့ကိစ္စ ၊အနောက်တိုင်း ရောမန္တိက ကဗျာဆရာ
တွေ တွေ့ ကြုံရင်ဆိုင်ခဲ့ရဘူးတဲ့ကိစ္စပါ.။ ကျွန်တော်တို့ နဲ့ ဘာမှမဆိုင်ပါဘူး။ အကယ်၍အဇ္ဈတ္တ ဘ၀အတွေ့အကြုံကိုဘာသာ
စကားနဲ့ ပြောပြနိုင်တယ်ဆိုရင် ဖတ်ရသူ လူတိုင်းနားလည်နိုင် ကြတယ်ဆိုပါစို့ ။ဒါဆိုအဲဒါဟာ အဇ္ဈတ္တ(ပုဂ္ဂလိက)ဘ၀တွေ့ ကြုံ
ခံစားမှု ဟုတ်ချင်မှဟုတ်တော့မှာဖြစ်တယ် ။ဒါပေမယ့်အဇ္ဈတ္တဘ၀ တွေ့ ကြုံခံစားမှုကို ဘာသာစကားနဲ့  လုံးဝဥဿုံတိုက်ရိုက်
မဖော်ပြနိုင်ဘူးလားဆိုတာဘယ်သူမဆို ကိုယ်တိုင်တွေ့  ကြုံဖူးကြပါလိမ့်မယ်။ကိုယ်ဖြစ်နေတာကို သူများကိုပြန်ပြောပြဖို
့နေနေသာသာကိုယ် ကိုယ်တိုင်တောင် နားမလည်စွာအူကြောင်ကြောင်ဖြစ်နေရတာဟာ

(၁)တွေ့ ကြုံခံစားရမှုကိုနားမလည် လို့ လား

(၂)နားလည်ရင်လည်း နားလည်သလိုတင်ပြနိုင်ဖို့ ဘာသာစကားရဲ့ မလုံလောက်မှု ၊အားနည်းမှုလား၊ခံစားရတိုင်း
ရေးပြနိုင်ရမယ်ဆိုရင် ခံစားမှုဟာ ဘာသာစကားရဲ့ဖွဲ့ စည်းမှုလက်အောက်ခံဖြစ်သွားမလား၊ခံစားရတာကိုဘာသာစကားနဲ့ 
တိတိကျကျ ပြန်မဖော်ပြနိုင်ဘူးဆိုရင်ခံစားရမှုနဲ့ ဘာသာစကားကြားမှာကွာဟချက်ဖြစ်နေလို့ လား။ လူတွေဟာဘာသာစကား
နဲ့  ခံစားတာလား၊ခံစားရတာကိုဘာသာစကားနဲ့ ပြန်(ဖွဲ့ စည်းတည်ဆောက်)ဖော်ပြရတာလား ဒါဆိုဒီတွေ့ ကြုံခံစားရမှုဆိုတဲ့
experiences တွေ emotionတွေကို သူ့ ချည်းသက်သက် ဖော်ပြနိုင်မလား..။ဒါမှမဟုတ်အဲဒီတွေ့ ကြုံခံစားရမှုကို
နောက်တစ်လှမ်းဆုတ်ပြီး ဘယ်ကဲ့သို့ ဘယ်ချမ်းသာ ခွဲခြမ်းစိတ်ဖြာပြီး ဘာသာစကားအားဖြင့်နားလည်ရသလောက်
ရှိထားတဲ့ဘာသာစကားနဲ့ ပြန်တင်ပြတာလား။

ဥပမာ..။ ။ ကိုယ်မြင်တာကို ကိုယ်ကိုယ်တိုင် တိတိကျကျ ပြောပြနိုင်မလားဆိုတဲ့ကိစ္စပါ။ စားပွဲပေါ်မှာပန်းအိုးတစ်လုံးရှိတယ်။
ပန်းအိုးထဲမှာ နှင်းဆီတစ်ပွင့်ထိုးထားတယ်။ အဲဒီမိမိကိုယ်တိုင်မျက်စိနဲ့ မြင်ရတာကိုပဲ ခံစားမှုကင်းကင်းနဲ့ ရေးသားဖော်ပြရရင်
(ပြောဆိုပြရရင်)

(၁)ဘယ်လိုစားပွဲမျိုးလဲ

(၂)ဘယ်လိုပန်းအိုးမျိုးလဲ

(၃)ဘယ်လိုနှင်းဆီမျိုးလဲ

(၄)ဘာအရောင်လဲ

(၅)ဘာအရွယ်အစားလဲ

(၆)အဖူးအဆင့်ဘယ်လောက်ကျော်၊အပွင့်အဆင့်ဘယ်လောက်ရောက်ပွင့်ချပ်ပွင့်ဖတ်ဘယ်နှစ်ခု၊ဘယ်နှဆင့်၊ ဘယ်လိုအနေအထား

(၇)အရောင်ဆိုရင်တစ်ရောင်တည်း တစ်သွေးတည်း တစ်ရွှန်းစိုတစ်ပွင့်အာ တစ်လင်းထဲ စုပ်ယူ တစ်ရောင်တည်း ပြန်ဟပ်မှုတည်း

(၈)ပွင့်ဖတ်အဖျားလေးတွေ ပြည့်နေလား၊ပဲ့နေလား၊ ကော့နေလားစသဖြင့်......ဒါတွေမလိုပါဘူးကွာ စားပွဲပေါ်က ပန်းအိုးတစ်လုံးထဲမှာ နှင်းဆီပွင့်ထိုးထားတယ် ...ဆိုတဲ့စကားနဲ့ လုံလောက်တယ်ဆိုရင်လည်းဘာမှပြောစရာမလိုတော့ဘူးပေါ့။
ဒါပေမယ့်ကဗျာနဲ့ ပတ်သက်လာရင်ဘယ်လိုရှိမလဲ...။ကိုယ်ကိုယ်တိုင်မြင်ရတဲ့အရာတစ်ခုကိုတောင်မှ အခြားတစ်ယောက်ကို
ယျေဘူယျလောက်ကလွဲလို့ ဘယ်လိုတိတိကျကျပြောနိုင်မလဲ။ တရားရုံးမှာစစ်သလို မေးလာရင်ဘယ်လိုဖြေမလဲ၊ ကိုယ်မြင်တာကိုတိတိကျကျပြောလို့ မရဘူးဆိုရင် ကိုယ်ခံစားရတာ၊ ကိုယ့်အဇ္ဈတ္တဘ၀မှာ ဖြစ်ပျက်နေတာတွေကို တစ်ဖက်သားကို ဘယ်လိုတိတိကျကျပြန်ပြောနိုင်မလဲ၊ကဗျာဟာအဇ္ဈတ္တဘ၀၊ပုဂ္ဂလိကခံစားချက်ကို ရေးတာပါဆိုရင်
ဘယ်လိုပြောပြပြီး ဘယ်လောက်စစ်မှန်နိုင်တော့မလဲ.... စဉ်းစားစရာပေါ့နော်..။


Moe Eaint Phyu

This entry was posted on 12:12 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

1 comments

တန်ဖိုးရှိတဲ့ ပို့စ်လေးအတွက် လေးစားဂုဏ်ယူမိပါတယ်...

အားပေးလျှက်ပါ...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

Real Time Web Analytics