ချစ်သူရေ....ဟိုမှာအဆင်ပြေရဲ့လား
လောကဓံဆိုတဲ့ကောင်ကတော့ ရောက်တဲ့အရပ်မှာ မတည့်အတူနေ
ဘော်ဒါတွေပေါ့
မင်းရဲ့မျက်မှန်မှာ ဒီဂရီတိုးပြီလား ခံတွင်းတွေ့ မယ့်စာတွေကိုလည်း
မင်းပါးစပ်ထဲတမြုံ့ မြုံ့ ဝါးနေမှာပဲ
မင်းလည်းသိလိမ့်မယ် ငါတို့ မြို့ ဟာ ကန္တာရကြီးပဲလေ
တော်တော်များများ ရှားပါးတယ်
ဘာဆိုဘာမှ မရှိဘူးလေ ပေါတာက ရေနံ
တိမ်မြုပ်ဆဲရတနာသေတ္တာတစ်လုံးလိုပေါ့
မင်းပြန်လာတဲ့အခါ မျှော်လင့်ချက်
အိမ်မက်တွေဆီသို့
ငါတို့ ခြေသံလုံလုံနဲ့ သွားကြတာပေါ့
မင်းတစ်ယောက်ရှိနေတော့ မြို့ ခံလူတစ်သိန်း
မင်းတစ်ယောက်မရှိတော့ ငါတစ်ယောက်တည်းသူစိမ်း.........
ချစ်သူရေ
အိမ်မက်တွေ မီးခြစ်ဆံဘူးထဲ ဘယ်နှစ်ခု ကျန်သေးလဲဟင် .....
This entry was posted
on 06:39
and is filed under
Poem
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
1 comments