အတိတ်သည်ကြိုးဖြစ်ကာ လည်ပင်းကိုတင်းတင်းရစ်သည်။ ပြယ်လွင့်သောအရောင် များတစ်ဖန် ရွှန်းစိုတောက်ပလာသည်မှာမယုံနိုင်စရာတစ်ခုမဟုတ်။ တိတ်ဆိတ်သွားသော အခါအသံတွေပြန်ပေါ်လာသည်။ပျက်ယွင်းကျိုးပျက်သွားသောစကားလုံးများသည် အကြောင်းအရာ အသစ်များကိုယူဆောင်လာသည်။ ထိုအရာသည် မာယာဖြစ်၏။
တခြားသူများအတွက် အမှန်တရားသည် ငါ့အတွက်မှိုင်းပါ ကြေကွဲဖွယ်မုသားဖြစ်၏
ဟုတစ်စုံတစ်ယောက်က ပြောဖူးသလိုရှိ၏။ ငါဘယ်မှာလဲ...... စူးရဲလင်းလက်သော ကာရန်များအတွင်းမှာ ကဗျာသည်နစ်မြုပ်ပျောက်ကွယ်ခဲ့၏။ တောက်ပလေးလံသော အရောင်များအတွင်းမှာ ပန်းချီသည် နစ်မြုပ်ပျောက်ကွယ်ခဲ့၏။ ကြီးကြယ်ခမ်းနားသော အနက်တွေကြားမှာစကားလုံးသည် နစ်မြုပ်ပျောက်ကွယ်ခဲ့၏။ နှလုံးသားသည်ငှက်ငယ်၏ နှလုံးသားလို ရိုးသားခေါင်းမာစွာတစိုက်မတ်မတ်၊ မနက်ခင်းတေးသီ၊ တစ်နေကုန်ပျံသန်း၊ ညနေချမ်းမှာနွမ်းလျစွာတစိုက်မတ်မတ်၊ အပြောင်းအလဲမရှိဘ၀ဆိုတာ ဆန်းပြားထွေထူးသောအရာလား၊ ဘယ်လောက်အထိထူးထွေဆန်းပြားနိုင်လဲ...။ တောအုပ်သစ်ပင်တွေကြားမှာဇာပ၀ါဝှေ့  ရမ်းသလိုမြူတွေတန်းနေ၏။
ဝိုးဝါးမသဲကွဲခြင်း သည်အလှတရားဖြစ်သည်။ ဘ၀မှာအဆင်ပြေ ညီညွတ်တာဘာရှိသလဲ....
အဆင်မပြေခြင်း၊ မညီညွတ်ခြင်းတို့ ၏ ဟိုဘက်မှာ.....။
အချို့ သူများ အမှတ်လိုချင်ကြသည်။ ဘာလိုချင်ပြန်ပြီလဲ......။လောကမှာမိဘမေတ္တာကလွဲလို့  ဘာမှအလကားမရ......
တန်ရာတန်ကြေးပေးကြရသည် ချည်းသာဖြစ်သည်။
အမေ့ ကိုချစ်သည်၊ ဖြူ့ ကိုချစ်သည်၊ ဒေါ်မေရှင်ကိုချစ်သည်၊ ကနောင်မင်းသားကြီးကိုချစ်သည်၊ သခင်ကိုယ်တော်မှိုင်းကိုချစ်သည်၊ကဗျာကိုချစ်သည်၊ ဆောင်းရာသီကိုချစ်သည်၊ ပုဂံကိုချစ်သည်၊ လရောင်ကိုချစ်သည်၊ ဟိုဘက်လမ်းကတောင်မရောက် မြောက်မရောက်ကောင်မလေးကိုချစ်သည်။ မြ၀တီမင်းကြီးဦးစကိုချစ်သည်.... တရားမျှတမှုကိုချစ်သည်။ ချစ်တာတွေများနေပြီ၊ မုန်းတာတွေပြောပါလား ပြောလာရင်တော့ ..... ကျွန်တော် ဒီနေရာမှာရပ်သင့်ပြီ...။
တခြားသူများအတွက် အမှန်တရားသည် ငါ့အတွက်မှိုင်းပါ ကြေကွဲဖွယ်မုသားဖြစ်၏
ဟုတစ်စုံတစ်ယောက်က ပြောဖူးသလိုရှိ၏။ ငါဘယ်မှာလဲ...... စူးရဲလင်းလက်သော ကာရန်များအတွင်းမှာ ကဗျာသည်နစ်မြုပ်ပျောက်ကွယ်ခဲ့၏။ တောက်ပလေးလံသော အရောင်များအတွင်းမှာ ပန်းချီသည် နစ်မြုပ်ပျောက်ကွယ်ခဲ့၏။ ကြီးကြယ်ခမ်းနားသော အနက်တွေကြားမှာစကားလုံးသည် နစ်မြုပ်ပျောက်ကွယ်ခဲ့၏။ နှလုံးသားသည်ငှက်ငယ်၏ နှလုံးသားလို ရိုးသားခေါင်းမာစွာတစိုက်မတ်မတ်၊ မနက်ခင်းတေးသီ၊ တစ်နေကုန်ပျံသန်း၊ ညနေချမ်းမှာနွမ်းလျစွာတစိုက်မတ်မတ်၊ အပြောင်းအလဲမရှိဘ၀ဆိုတာ ဆန်းပြားထွေထူးသောအရာလား၊ ဘယ်လောက်အထိထူးထွေဆန်းပြားနိုင်လဲ...။ တောအုပ်သစ်ပင်တွေကြားမှာဇာပ၀ါဝှေ့  ရမ်းသလိုမြူတွေတန်းနေ၏။
ဝိုးဝါးမသဲကွဲခြင်း သည်အလှတရားဖြစ်သည်။ ဘ၀မှာအဆင်ပြေ ညီညွတ်တာဘာရှိသလဲ....
အဆင်မပြေခြင်း၊ မညီညွတ်ခြင်းတို့ ၏ ဟိုဘက်မှာ.....။
အချို့ သူများ အမှတ်လိုချင်ကြသည်။ ဘာလိုချင်ပြန်ပြီလဲ......။လောကမှာမိဘမေတ္တာကလွဲလို့  ဘာမှအလကားမရ......
တန်ရာတန်ကြေးပေးကြရသည် ချည်းသာဖြစ်သည်။
ကဗျာတစ်ပုဒ်ကိုရဖို့  ဘ၀၏အစိတ်အပိုင်း အတော်များများပေးလိုက်ရသည်ကို လူတိုင်းမသိနိုင်...။
အဆင်ပြေညီညွတ်မှုတစ်ခုအတွက် ဒေါသနှင့်မောဟ ကုန်သေတ္တာ ခြောက်လုံးစာလောက်ပေး လိုက်ရသည်။ သူမအတွက် ကျွန်တော့် ဘ၀ကို တစ်ခြမ်းဖဲ့ပြီးပေးခဲ့ရသည်...။ ကောက်ကွေ့ သောအာကာသဟင်းလင်းပြင်အတွက် ကျွန်တော်တို့အားလုံး မျက်စိတစ်ဖက်မှိတ်ပေးခဲ့ ကြရသည်။ ချစ်ခြင်းနှင့်မုန်းခြင်းတို့ သည်မိမိဖာသာ လက်မှတ်ရေးထိုးထားသော ကြေငြာချက်များသာဖြစ်၏။အမေ့ ကိုချစ်သည်၊ ဖြူ့ ကိုချစ်သည်၊ ဒေါ်မေရှင်ကိုချစ်သည်၊ ကနောင်မင်းသားကြီးကိုချစ်သည်၊ သခင်ကိုယ်တော်မှိုင်းကိုချစ်သည်၊ကဗျာကိုချစ်သည်၊ ဆောင်းရာသီကိုချစ်သည်၊ ပုဂံကိုချစ်သည်၊ လရောင်ကိုချစ်သည်၊ ဟိုဘက်လမ်းကတောင်မရောက် မြောက်မရောက်ကောင်မလေးကိုချစ်သည်။ မြ၀တီမင်းကြီးဦးစကိုချစ်သည်.... တရားမျှတမှုကိုချစ်သည်။ ချစ်တာတွေများနေပြီ၊ မုန်းတာတွေပြောပါလား ပြောလာရင်တော့ ..... ကျွန်တော် ဒီနေရာမှာရပ်သင့်ပြီ...။

This entry was posted
on 01:32
and is filed under
ရောက်တတ်ရာရာများ
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
1 comments