ဆက်ရန်မရှိ  

Posted by မိုးအိမ့်ဖြူ

ဘ၀ကိုကြိုးထုံးလို ဖြေပြီးဆွဲဆန့် လျှင်ဘယ်လောက် ရှည်မည်လဲ။ ကုန်ပျက်သွားသောခဏငယ်
ကလေးတွေမှာ အလျားအနံရှိသလား။ အမှန်တော့နောက်ကျသွားပါပြီ။ နေဖို့ ထိုင်ဖို့ ကောက်ကွေ့ 
သောဟင်းလင်းပြင်တစ်ခု ရှာဖွေရဦးမည်။ အာကာသထဲမှာ လွင့်မျောနေတာလား။
ဘ၀ထဲမှာလွင့် မျောနေတာလား။ ဘ၀ဆိုတာအာကာသ တစ်ခုပဲမဟုတ်လား...။ဟုတ်ပါသလား။
ဟုတ်တယ်လို့ မထင်မိဘူးလား..။
သဘောထားတွေမရှုပ်ထွေးသော အရပ်တစ်ခုရှိလျှင် သွားချင်သည်။ နောက်တော့လည်း
မသွားမီကရောက်နှင့်သည်။ သွားခြင်း၏၀န်ထုပ်ဝန်ပိုး ဒဏ်ကိုခံနိုင်ပါ့မလား။
စဉ်းစား စင်စစ် အားလုံးသွားနေကြသည်။ ဘယ်ကိုသွားနေကြတာလဲ။
သိလျက်နှင့်မသိကြ။ မသိလျက်နှင့်အသိ လုပ်နေကြသည်။ မျှော်မှန်းချက်ဆိုတာဘာလဲ..။
အနာဂတ်လား..၊ အိမ်မက်လား ၊တံလျှပ်လား...။ သွားနေကြသည်။
ရောက်လိမ့်မည်ဟု ထင်နေကြသည်။ ရောက်တော့မည် ဟုအားတင်းကြသည်။
ရောက်သွားသူတွေထံမှ ဘာသတင်းစကားမှမကြားရ ။ဘယ်ကိုရောက်သွား သည်လဲမသိကြ။

တော်သင့်ပြီ...။ စကားလုံးတွေကလည်း တဖြည်းဖြည်း၊ဖြည်းဖြည်းချင်း...
ကတ္တားသည်ကြိယာထံ မရောက်မီသေဆုံးသွားသည်။ စကားလုံးများလည်းရပ်တန့် လျက်..။
ညတစ်ခုလုံးမသုံးရသေးတဲ့စကားလုံးတွေနဲ့ ပြည့်သိပ်နေတယ်။
ဒုက္ခနဲ့ တစ်ခါကြုံတိုင်းချစ်သူ့  လက်ကိုတစ်ခါကိုင်ပါရစေ... တဲ့ဘာဖြစ်လို့ များ ခင်ဗျားရဲ့နှဖူးစပ်က
ချွေးစက်တွေကဒီလောက်လှ နေရတာလဲ။ နာကျည်းလက်စနဲ့  ကံ့ကော်ရွာအ၀င်နာကျင်မှုကို
ဆေးကြောသန့် စင်ပစ်ခဲ့ပါ။

(ချစ်သူရေ)
ကမ်းစပ်မှာဝါကျတစ်ကြောင်း ပျောက်ဆုံးသွားသည်။ ဆက်ရန်မရှိ..............................တဲ့

Moe Eaint Phyu

This entry was posted on 13:06 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

1 comments

သိလျက်နှင့်မသိကြ။ မသိလျက်နှင့်အသိ လုပ်နေကြသည်။ မျှော်မှန်းချက်ဆိုတာဘာလဲ..။
အနာဂတ်လား..၊ အိမ်မက်လား ၊တံလျှပ်လား...။ သွားနေကြသည်။
ရောက်လိမ့်မည်ဟု ထင်နေကြသည်။ ရောက်တော့မည် ဟုအားတင်းကြသည်။
ရောက်သွားသူတွေထံမှ ဘာသတင်းစကားမှမကြားရ ။ဘယ်ကိုရောက်သွား သည်လဲမသိကြ။

******
ဆိုတာလေးကို ကြိုက်ပါသည်...။

Real Time Web Analytics