မတရားဘူးလို့ မပြောနဲ့ 
ပြောပိုင်ခွင့်မရှိဘူး
လက်တစ်ဖက်ကကိုင်ထားတဲ့ ပြဋ္ဌာန်းစာအုပ်
ကလေးကလားဆန်မနေဘူးလား။
ဘာရှာနေတာလဲ..
ရှာတဲ့သူတွေပျောက်ပျောက်သွားတာ
မသိဘူးလား...။
ရေပြင်တွေကမျက်နှာပြင်ပြောင်းလွန်းတယ်။
ကျိုးလွယ်ပျက်လွယ် အဆက်အစပ်တွေ
တကြွေတည်းကြွေနေတဲ့ သစ်ပင်တွေ
မဖတ်တတ်တဲ့ ၀ါကျအချို့ 
ဘာမှမဟုတ်တာ...
စကားသံတွေ၊မြင်နေရတာ စိတ်ရဲ့ရာသီပေါ့။
ဒလိမ့်ခေါက်ကွေးအတွေးတွေနဲ့ 
ဆေးခတ်ထားတဲ့ မိုးရေတွေ
ငါ့အပေါ်သည်းကြီးမည်းကြီးရွာ။
This entry was posted
on 12:57
and is filed under
Poem
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
2 comments