ဇောင်းကတော့ လုပ်ချလိုက်ပြန်ပြီ ဒုက္ခပါပဲ တော်တော်ချစ်တယ်ထင်ပါရဲ့...။ ဇောင်းရေ သီချင်းတွေက သိပ်မရဘူးဟ ဟိုနည်းနည်း ဒီနည်းနည်းပဲ ရတာလေ...။ ဒါကြောင့် ရတဲ့ သီချင်းလေးတွေ ညည်းဖြစ်တဲ့ သီချင်းလေးတွေကတော့ 
IPM အဖွဲ့ ဆိုထားတဲ့  ဒို့နှစ်ယောက်သီချင်းလေးပါ....။
တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်မခွာရက် ချစ်ခဲ့ပေမယ့်...
တစ်ယောက် က တစ်ယောက်ကိုပြန်တွေ့ဖို့ အခုတော့ခက်ခဲ..
တစ်ယောက်က ကြေကွဲရင် တစ်ယောက်တည်းဝမ်းနည်း နေခဲ့ ....
ဒီလိုသာ ပုံပြင်ဟောင်းလေးပဲ........
မိုးချုပ်ခဲ့အိမ်ပြန်ညလမ်းလေးတွေထက် 
တစ်ယောက်နဲ့တစ်ယောက်လက်တွေကိုတွဲ အဝေးဆုံးကို ဖြတ် ..
တစ်ယောက်က တစ်ယောက်နားမှာ အချိန်တိုင်း အားပေးနေခဲ့ 
ဟိုအရင်က ဒီအတိတ်ဟောင်းလေးတွေပဲ...........  ဆိုတဲ့ ဒီသီချင်းလေးကိုတော့ အမြဲတမ်းလိုလိုတော့ ရွတ်မိပါတယ်...။ ဘာလို့လဲ ဆိုတော့ ဒီသီချင်းလေးကို တစ်ပုဒ်လုံးနီးပါးရလို့ပါ...။
နောက်တစ်ပုဒ်ကတော့  တေးရေး - အရိုး ၊ တေးဆို - ဓီရာမိုရ် ဆိုတဲ့ ငါ့တို့ရဲ့ အိမ်ပါ
အိမ်ခေါင်မိုးက မိုးမလုံလည်း … ငါတို့လုံးဝ စိတ်မကုန်ပါ …
ရေခံခွက်အောက် မိုးစက်တပေါက်ပေါက် ကျသံ … တွံတေးကြီး တေးသံလား …
အမေဆင်မြန်းတဲ့ နန်းဆောင်အို ကိုရွှေသကြားမင်း ဗိမာန်မို့ …
စင်တင်ဇာတ်ထုတ်ထဲက အကောင်းစားတိုက်အိမ် … တစ်လုံးနဲ့ မလဲပါဗျို့ …
ရွှေမြေအိုးမည်း နှုတ်ခမ်းရယ်တို … ဆာနေကြတဲ့ ၀မ်းတွေစို …
အခုရထားတဲ့ လောကစည်းစိမ် … နတ်ပြည်နဲ့ မလဲဘူး …
အိမ်ခေါင်မိုးက မိုးမလုံလည်း … ငါတို့လုံးဝ စိတ်မကုန်ပါ …
ရေခံခွက်အောက် မိုးစက်တပေါက်ပေါက် ကျသံ … တွံတေးကြီး တေးသံလား …
အမေဆင်မြန်းတဲ့ နန်းဆောင်အို ကိုရွှေသကြားမင်း ဗိမာန်မို့ …
စင်တင်ဇာတ်ထုတ်ထဲက အကောင်းစားတိုက်အိမ် … တစ်လုံးနဲ့ မလဲပါဗျို့ …
ရွှေမြေအိုးမည်း နှုတ်ခမ်းရယ်တို … ဆာနေကြတဲ့ ၀မ်းတွေစို …
အခုရထားတဲ့ လောကစည်းစိမ် … နတ်ပြည်နဲ့ မလဲဘူး …
ဒီသီချင်းလေးကိုတော့ သိပ်မရပေမယ့် သတိရရင် ရသလိုလေးဆိုဖြစ်ပါတယ်...။
နောက်ထပ်ညည်းဖြစ်တဲ့ သီချင်းလေးကတော့ Big Bag ရဲ့ လက်ခံထားဆဲ ဆိုတဲ့ သီချင်းလေးပါ ..။
ညနေစောင်းတိုင်း ငုတ်တုတ်ထိုင်ပြီး 
ဓာတ်တိုင်အောက် ရောက်ခါ ဒဏ်ရာတွေ 
ထွေးထုတ်လိုက် ၀ါးစားလိုက် စကားများလိုက်
တစ်ယောက်တည်းအလုပ်ရှုပ်နေ၏..........
အခုချိန်မျိုးရောက်ရင် ရက်ကွက်ဟာ ချောင်းမြောင်းကာကြည့် 
ငါ့ကို သနားတဲ့လူတစ်ချို့က ဟားလို့နေပြီး 
ကလေးတွေက အရူးဆိုပြီး ခဲနဲ့ လှမ်းပေါက်ကာကြည့်  ( ရှိပါစေတော့ )
ဒါပေမယ့် သူ့ကိုတော့ မထိနဲ့ကွာ သူနှိုးသွားမှာ ဆိုးလို့ပါ .....
မင်းမမြင်နိုင်ပေမယ့် ငါ့ရဲ့ နံဘေးနားသူရှိတုန်းပါ... သနားဖို့မကောင်းဘူးလား
 ငါ့ကြင်နာသူလေး ငါ့ရဲ့နံဘေးမှာ အိပ်နေလိုက်တာ အိုးအေး.... အို
ဒီသီချင်းလေးကိုလဲ အမြဲတမ်းလိုလို ညည်းဆိုမိပါတယ်...။ အခုသီချင်းလေးတွေကို ပဲ ရွတ်မိပါတယ်... ကျန်တာကတော့ သီချင်းတွေ့ကို ကြိုက်ပေမယ့် လုံးဝအလွတ်မရတော့ ရေးဖို့ ခက်နေတယ်လေ ဒါကြောင့် ရတာလေးကိုပဲ ရေးလိုက်ရတာပါ....။ ဇောင်း က မTag ဘူးထင်နေတာ အခုတော့ ဇောင်းရဲ့ Tag ကိုရေးလိုက်တယ်နော်...။ သီချင်းတွေက သိပ်မရတော့ ရေးရတာ အဆင်မပြေတော့ ဒီလောက်နဲ့ တော့ ကျေနပ်မယ်လို့ ထင်မီပါတယ်..။ နောက်လူတွေကို ဆက်ပြီး Tag ချင်ပေမယ့် Tag ကိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်တော့မယ် ....။ ညီရေ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ် ကွာ

				This entry was posted
				on 11:58
				and is filed under  
				
Tags
				.
				
				You can leave a response
				and follow any responses to this entry through the 
Subscribe to:
Post Comments (Atom)
.
				

 
 
1 comments