မှာသည့်အတိုင်းဆောင်ရွက်သူ  

Posted by မိုးအိမ့်ဖြူ

သန်ြးွကယ်သူဌေးကြီး တစ်ဦးသည် ကွယ်လွန်ခါနီးတွင် စိတ်ကူးတစ်မျိုးပေါက်၍
သူ့ဆွေမျိုးများထဲမှ တူသားတော်စပ်သူ ဆရာဝန်၊ ရှေ့နေနှင့်
သင်းအုပ်ဆရာသုံးဦးတို့ကို တစ်ယောက်လျှင် ဒေါ်လာငါးသောင်းစီ ပေးသွားခဲ့သည်။ ゞင်းက
၎င်းငွေများကို သူကွယ်လွန်လျှင် အတူယူသွားမည်ဖြစ်ကြောင့် အသုဘခေါင်းအတွင်းသို့
လာရောက်ထည့်ရန်ပါ မှာကြားသွားသည်။ အဘိုးကြီး ကွယ်လွန်သွားချိန်တွင် အသုဘအခမ်းအနားသို့ ထိုလူသုံးဦးစလုံး ရောက်လာခဲ့သည်။ မီးသဂြိုလ် ပြီးစီးသွားချိန်တွင်...

ဆရာဝန် ။ ။ ငါတော့ ငါ့အပြစ်ကို ဝန်ခံလိုက်အုံးမယ်။ အခေါင်းထဲကို စာအိတ်
အလွတ်တစ်လုံးပဲ ထည့်လိုက်မယ်။ အဘိုးကြီးငွေတွေကို အခမဲ့ ဆေးခန်း တစ်ခုထောင်ဖို့
အသုံးပြုလိုက်ရတယ်လေ။

သင်းအုပ်။ ။ ငါလည်း အတူတူပါပဲ။ အဲဒီငွေတွေကို လူငယ် ကယ်ဆယ်ရေးဂေဟာ တစ်ခုအတွက်
အသုံးပြုလိုက်ရတယ်။

ရှေ့နေ။ ။ ဟာ ခင်ဗျားတို့ တော်တော်ဆိုးတဲ့လူတွေပဲ။ ခင်ဗျားတို့ စကားကြားရတာ
မယုံနိုင်စရာပါပဲလား။

ဆရာဝန် + သင်းအုပ် ။ ။ ဟေ့လူ ခင်ဗျားကရော အခေါင်းထဲကို ဒေါ်လာငါးသောင်း တကယ်
ပြန်ထည့်လိုက်လို့လား ။

ရှေ့နေ ။ ။ ထည့်လိုက်တာပေါ့ ။ ကျွန်တော် အသေအချာကို ကိုယ်ပိုင်
ချက်လက်မှတ်တစ်စောင် ရေးပြီး ထည့်ပေးလိုက်တာ ။

This entry was posted on 07:06 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments

Real Time Web Analytics