ကိုယ်ပျောက်ဝတ်စုံ  

Posted by မိုးအိမ့်ဖြူ
















လူတွေကြားမှာ ကျွန်တော်သွားလာနေပေမယ့် ကျွန်တော့်ကိုဘယ်သူမှမမြင်ကြဘူး

ဘယ်သူမှလည်းသတိမထားမိကြဘူး

လူတွေကမိုးမမြင် လေမမြင် နေကာမျက်မှန်တွေတပ်လို့ 

ဟန်ရေးပြ လက်ကိုင်ဖုန်းတွေကိုင်လို့ 

အမှောင်ချထားတဲ့ မှန်အနက်တွေတင်ပြီး အကုသိုလ် မော်တော်ကားတွေစီးလို့ 

လူတွေကကျွန်တော့်ကိုမမြင်ဘဲ ကျွန်တော့်အိတ်ထဲက ပိုက်ဆံကိုသာ

စိတ်ဝင်တစားကြည့်နေကြ

တီရှပ်တွေမှာ လိင်သင်္ကေတဒီဇိုင်းနဲ့ 

ရေပေါ်ဆီထည့်မောင်းရတဲ့ ဆိုင်ကယ်နဲ့  အပေါင်းအသင်းတစ်စု

ဝံပုလွေအမွှေးပွထည်နဲ့  တသွေးတမွေးဖြစ်နေတဲ့ မိတ်ဆွေတစ်စု

အားလုံးဟာ ကျွန်တော့်ကို တစ္ဆေ တစ်ကောင်လို တွန်းတိုက်ဖြတ်ကျော်သွားကြ

ကျွန်တော့်အိမ်မက် ကျွန်တော့်ခြေလှမ်းနဲ့  ကျွန်တော့်မျက်ရည်တွေ

ဘယ်သူမှလှည့်ကြည့်ဖော်မရ မြင်ပုံမရဘဲ အားလုံးဖြတ်ကျော်သွားကြ

ဗလာစာအုပ်ပေါ် ရေးချထားတဲ့ ကဗျာတွေဟာ

ကျွန်တော်တည်ရှိနေကြောင်း အမှတ်အသားဖြစ်မလားဘဲ

ကိုယ်ပြန်ပေါ်လာမယ့်နေ့ ကို ကျွန်တော်မမျှော်လင့်ပါဘူး

ကိုယ်ပျောက်အဆိပ်ငွေ့ ထိထားတဲ့ ကျွန်တော့် အနုပညာဝတ်စုံလေးနဲ့ 

နေသားကျနေပြီလေ။

This entry was posted on 07:35 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

2 comments

တော်တယ်နော်.. ဂွန်းကြီး...

လုပ်ပြီ ကိုခမ်းကီးတို့ကတော့... မာလ်တီတုန်းကလိုပဲ နော် အကျင့်မပျောက်သေးဘူး...။ ကိုယ့်ကိုယ်လည်း အဲဒီလောက်မနှိမ့်ချပါနဲ့ဗျာ...။

Real Time Web Analytics