ကျွန်တော့်အကြောင်းလေး  

Posted by မိုးအိမ့်ဖြူ

ကျွန်တော်ဒီနေ့ အလုပ်မှာ အားနေတုန်းလေပိုစ့်အသစ်တင်မယ်လို့ စဉ်းစားလိုက်တိုင်းစဥ်းစားခန်းမရောက်ဘူး ဟိုအလုပ်လုပ်လိုက် ဒီအလုပ်လုပ်လိုက်နဲ့လေ ကျွန်တော် တချို့တ၀က်ရေးမယ်ကြံတုန်ရှိသေးတယ် ဟော......... ခေါ်ပြန်ပြီ ဒီဘောစ့်က နားညည်းလိုက်တာ သူရှိရင် အလုပ်ကိုရှုပ်နေတာပဲ အလုပ်ထဲမှာတောင် ကောင်းကောင်း GTalk သုံးလို့မရဘူး...။ ဟိဟိ ကျွန်တော်ကတော့ အလုပ်လုပ်နေတယ်လို့တော့ သူထင်မှာပေါ့...။ တော်ကြာကျွန်တော့ ပိုစ့်မြင်ပြီး အလုပ်မခန့်ပဲနေကြဦးမယ်...။ အယ် ဘာတွေရေးနေပါလိမ့် ကိုယ့်အကြောင်းရေးမလို့ပါဆိုမှ ဟိုရောက် ဒီရောက်ဖြစ်ကုန်ပြီ...။ ဒီဘလောခ့်လေးကို စပြီးလုပ်ခဲ့တာကတော့ ကျွန်တော့ ချစ်သူရဲ့တောင်းဆိုမှုကြောင့် ( ဟိဟိ ကပ်ကြွားတယ်မထင်နဲ့နော် ) မအိပ်ပဲမနှစ်ရက်တိတိလုပ်ခဲ့တာပါ ချစ်တော့လဲ့ ပူဆာတော့လုပ်ပေးရတာပေါ့..။ စာရေးတုန်းလေး ဆူလိုက်ဦးမယ် ဒီစာဖတ်ပြီး လျှောက်ပူဆာမယ်ဆိုပြီး “ကျွန်မကိုချစ်ရင် မောင်ကြီးရယ် ၀ယ်ပေးပါလား” လို့တော့ မပူဆာနဲ့ ပိုက်ဆံဆိုတာ သစ်သီးဝလံ မဟုတ်ဘူး သိလား...။ အဟိ ဒီဘလော့ခ်မှာပဲပြောရဲတာ ကျွန်တော်ဆိုတဲ့ကောင်က အပြင်မှာအသံတောင် မထွက်ရဲဘူး အဲဒီလောက်ချစ်တာ...။

ကျွန်တော်က အရင် ကတည်းက ဘလောခ့် မူကြိုလို့ပြောရမယ့် မာလ်တီမှာ စပြီးလုပ်ခဲ့တာပါ...။ မာလ်တီမှာဆိုရင် ကျွန်တော့ အရင်းနှီးဆုံး ညီအစ်ကိုတွေလို နေခဲ့ကြတဲ့ လင်းထက် ( နွယ်ရိုး ) ကိုခမ်းကီး ( ခမ်းကီး ) ဇောင်း ၊ ကိုတိုးကြီး ၊ Intelligent Nay ၊ မာလ်တီက ဆရာဝန်လေး ၀င်းထိုက် ၊ ကို ဒင်းနစ် ဒါတွေကတော့ ကျွန်တော် အရင်းနှီးဆုံးညီအစ်ကို တွေပေါ့..။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မူကြို မာလ်တီလေးကို ဘယ်သူမှ မခွဲနိုင်ကြပါဘူး...။ ဘာလို့လဲဆိုတော့ ပျော်စရာတွေအများကြီးပဲလေ နောက်လိုက်ပြောင်လိုက်ပေါ့..။ ခုလဲ ဘလောခ့်ဂါ ဖြစ်သွားတော့လဲ အားလုံးနဲ့ ခင်ခင်မင်မင် ရင်းနှီးချင်ပါတယ်...။ လမ်းတွေ့ရင်ခေါ်ပေါ့ ( အယ် လူမှမမြင်ဘူးပဲ ခေါ်လို့ပြောလို့ မဖြစ်သေးဘူး ) ဟားဟား နောက်တာပါ ကျွန်တော်က အားလုံးကို ခင်မင်ချင်ပါတယ် ဗျာ...။ မေးလ်လိပ်စာလေးတွေတော့ ပေးခဲ့ကြပါဦးနော်...။ ခင်မင်ချင်လို့ပါဗျာ

မိတ်ဆက်ရရင် ကျွန်တော့ နာမည်ကိုတော့ လဂွန်းအိမ် ( အမှန်ကတော့ လဂွန်းအိန်ပါ ) လို့ခံယူပြီ စပြီးဘလော့ခ်တွေရေးခဲ့တာပါ..။ လဂွန်းအိန် ( လဂွန်းအိမ် )လို့ ဘာလို့ သုံးရတာလဲဆိုတော့ ကျွန်တော် ငယ်ငယ်လေး ကတည်းက သူရဲကောင်းတွေရဲ့ အကြောင်းကို စတင်ပြီးထိတွေ့ သိရှိခဲ့ချိန်မှာ မွန်သူရဲကောင်းလဂွန်းအိန် ရဲ့ အကြောင်းနဲ့ စသိပြီး သူရဲ့လုပ်ဆောင်ချက်တွေကို ကြိုက်လို့ ဒီနာမည်လေး ယူသုံးခဲ့တာပါ..။ အော် ကျန်သွားလို့ ကျွန်တော်သုံးတာကတော့ လဂွန်းအိမ်ပါ အမှန် ကျွန်တော်လေးစားတဲ့သူရဲကောင်းနာမည်က လဂွန်းအိန် ပါ...။ ဘာလို့လဲဆိုတော့ ခဏခဏ အမေးခံရတယ်လေ.. ဘာလို့အဲဒီလို အိန်တာလဲတဲ့ ဒါကတော့ မွန်တွေရဲ့ အသုံးအနှုန်းနဲ့မှည့်ထားတာပါ...။ ဟူး....... (ပြောရင်းနဲ့မောတောင်သွားပြီ ရေတိုက်ဦးဗျာ ရှင်းပြလိုက်ရလို့) ဒါနဲ့ပဲ ကျွန်တော်လေးစားတဲ့ သူရဲကောင်းနာမည်ကို လဂွန်းအိမ် လို့ယူပြီးပြောင်းသုံးလိုက်တယ် အဲဒီနောက်ပိုင်းဘယ်သူမှ မမေးတော့ဘူး ကောင်းရော ပြတ်ရော ကျွန်တော်လည်း လေးစားရတဲ့ သူရဲကောင်းလည်း နာမည်ပျက်ပါလေရောလား ...။ ကျွန်တော့် လက်ထက်ရောက်မှပဲ သူရဲကောင်းနာမည်လဲပျက်တော့တာပဲ..။ ဒါကတော့ ကျွန်တော့် ကိုယ်ပွားနာမည်လေးပါ နာမည် အရင်းအကြောင်းပြောရရင်တော့ ရေတအိုးလောက် ဘေးနားထားပြောမှပဲရမယ်...။ ဘာလို့လဲဆိုတော့ ကျွန်တော် အမြဲမေးခံရတာက ကျွန်တော့ရဲ့ ကိုယ်ပိုင်နာမည်ပါ..။ အလုပ်တစ်ခုခု သွားလျှောက်ရင် နာမည်ရဲ့ အကြောင်းကို ရှင်းပြလိုက်ရင် နောက်နေ့ အလုပ်ကဖုန်းဆက်ခေါ်တော့တာပဲ အလုပ်လာဆင်းပါတဲ့ ဘယ်လောက်မိုက်သလဲ ကိုယ့်နာမည်ကိုယ်တောင် လေးစားသွားတယ် ဟိဟိ... ( ကိုယ့်ဘာသာကိုယ်မြှောက်နေတာ )။

ဘာတွေရေးနေမှန်းလဲမသိဘူး တော်တော်တောင်များသွားပြီ...။ အယ် ဒါနဲ့ဒီဘလောခ့်လေးကို လုပ်တာ နှစ်ဦးပိုင်းလေးဆိုတော့ ကျွန်တော့ ချစ်သူအကြောင်းလေးလဲ ပြောရဦးမယ်...။ ကျွန်တော့ချစ်သူသုံးတဲ့ နာမည် နာမ်စားလေးက တော့ ချာတိတ်လေး ပါ..။ သူ့အကြောင်းကိုတော့ သူကိုပဲရေးခိုင်းရတော့မယ် ပြောတော့သာပြောတာပါ အားတောင်အားရဲ့လား မသိပါဘူး..။ အမြဲစောင့်ရတယ်လေ ဟိုသီချင်းလေးလိုပေါ့ “လာပါတော့ ခါခါမော့ မေလာတော့ မျှော်ပေါ့ လေးနာရီထိုးပြီ ထိုးပြီ ” ဟိဟိ ။ အယ် ပြတ်သွားပြန်ပြီ သီချင်း ရာဇ၀င်တစ်ခု .....။ တကယ်တော့ အလုပ်ရှုပ်နေသော ချစ်သူကို ပိုးစိုးပက်စက် စောင့်နေရပါသည်ဆိုတဲ့ Gtalk Msg စာသားလေးလိုပဲ သူအလုပ်ရှုပ်နေတာရယ် ၊ ပြီးတော့ မြန်မာလိုမရိုက်တတ်တာရယ်ကြောင့်ပါ..။ အခုတော့ ကျွန်တော်ပဲရေးပေါ့ အရင်ကတော့ သူရေးတာတွေလည်းရှိပါတယ် သူကတော့ပြောတယ်လေ ကျွန်တော့လောက်မရေးတတ်လို့တဲ့လေ...။ ကြည့်အခုစာဖတ်သူပဲသိမှာပါ ကျွန်တော် ဘာတွေရေးသလဲလို့ ဒီလိုပဲစိတ်ထဲရှိတာကို ချရေးရတာပဲလေ ဒီလိုနဲ့ နောက်တော့ တဖြည်းဖြည်းရေးတတ်သွားတာပါ..။ ( စိတ်ဆိုးနဲ့နော် ) ရေးခိုင်ကြည့်တာပါ နောက်တော့ တတ်သွားအောင်လို့ပါ..။ အော်ဒါနဲ့ ကျွန်တော်တို့ချစ်သူနှစ်ယောက်ရဲ့ အသံကိုတော့ ကြားလို့ရတယ်...။ ရုပ်ကိုတော့ပြလို့ရဘူး နာမည်ကြီးသွားမှာဆိုး အရမ်းခန့်ချောကြီးတွေမို့လို့ ဟားဟားဟား...။ အဖြူရောင်သံစဉ်မှာ နားထောင်လို့ရပါတယ် ကျွန်တော်တို့ အသံကို ဒီဂျေ လဂွန်းအိမ် ၊ ဒီဂျေချာတိတ်လေး ဆိုရင်မေးလိုက် အကုန်သိတယ် ဘာလို့လဲဆိုတော့ အကြွေးတွေနဲ့မို့လို့ ဟားဟားဟား ....။ နောက်တာပါဗျာ...။

ကဲဗျာ တော်တော်များများတောင်ရှည်နေပြီလားမသိဘူး...။ တော်လိုက်ဦးမယ်နောက်မှာဆက်ရေးတော့မယ်နော်....။ လုပ်စရာလေးရှိလို့ .........ဒီလိုပဲညာရတာ အမှန်တော့လက်ညောင်းလို့ ဟိဟိ။

This entry was posted on 06:19 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments

Real Time Web Analytics