အိမ်လွမ်းလို့  

Posted by မိုးအိမ့်ဖြူ

;lwantal;


တ၀က်မျို သိပ်ခံရတဲ့
နုပျိုမှုတွေ.......

ဘ၀မှာဘာမှအများကြီး မလိုပါဘူး
နှစ်ခုပဲ လိုတယ်
ချစ်သူစစ်စစ်နဲ့ 
ရန်သူစစ်စစ်
ဒီနှစ်ခုပဲ.....

အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
နေ့ စဉ် ခုန်ခုန်ချနေရတဲ့ဘ၀ခရီး
အခမဲ့ညတွေ သိပ်ပြီးသိပ်သည်းလွန်းလှ
အမေရယ်..
ကျွန်တော် ဘယ်လောက်မှားယွင်းမိလို့ လဲ.....

ထမင်းစစ်စစ် စားချင်တယ်
အိမ်နံ့ မွှေးတဲ့ အိပ်ယာစစ်စစ်မှာ အိပ်ချင်တယ်
ပြီးတော
အမေ့မျက်လုံးအရောင်ကို မွတ်သိပ်မိပါတယ်
တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
ဂရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ

အမေ ကျွန်တော်ရိုးသားခဲ့ပါတယ်။

This entry was posted on 21:09 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

2 comments

အွန့် လွမ်းသွားပြီ မေမေ့ကို

ကောင်းတယ်နော် လာပြီး ခံစားသွားတယ် သိလား ဘိုင်

ဟုတ် ခုလို ဖတ်သွားတယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်....။ :)

Real Time Web Analytics