မိုက်ကယ်ဂျက်ဆင်အကတွေထဲ Moon Walk အကပါ  

Posted by မိုးအိမ့်ဖြူ


Famous Dance Moves: How To Moon Walk
မိုက်ကယ်ရဲ့ လပေါ်လမ်းလျှောက်တဲ့ အကကိုတဆင့်ခြင်းဆီရှင်းပြပါမယ်...။

အဆင့် ၁။ ။ အရင်ဆုံးအနေနဲ့ သင်ရှုးဖိနပ်တစ်စုံကို အရင်ရှာရပါမယ် အဲဒီရှုးဖိနပ်ဟာ အောက်ခြေမျက်နှာပြင်ချောမွေ့သော ဖိနပ်ဖြစ်ရပါမယ်..။ ဒါပေမယ့် ပထမဆုံး သင်လေ့ကျင်မယ်ဆိုရင် ခြေအိပ်တစ်စုံနှင့် စတင်လေ့ကျင့်ရပါမယ်..။

အဆင့် ၂။ ။ စတင်လေ့ကျင့်ရမည် နေရာကိုရှာရပါမယ် ..။ ချောမွေ့ပြီ မျက်နှာပြင်ညီညာပြီ တွန်းကန်လှုပ်ရှားနိုင်သောနေရာဖြစ်ရပါမယ်...။

အဆင့် ၃။ ။ အရင်ဆုံးသင် သင့်စိတ်အာရုံကို အခြားတနေရာသို့ လွင့်ထားလိုက်ပါ...။ ပြီးလျှင် ခြေထောက်ကို ပူးကပ်စွာရပ်ပါ...။ ညာခြေဖျားကိုထောက်ပြီး အားပြုပြီး ဘယ်ခြေကိုဖွပြီ အနောက်သို့ရွေရှားလိုက်ပါ..။ ထိုပုံစံအတိုင်း ခဏခဏလုပ်ရှားပေးပါ...။

အဆင့် ၄။ ။ သင့်ရွေ့ရှားလိုက်သောဘယ်ခြေထောက်သည် ဘယ်တော့မှညာခြေထောက်အနောက်သို့ မရောက်စေရပါ...။ ရွေ့ရှားလိုက်သော ဘယ်ခြေထောက်သည် တည့်မတ်စွာသော နောက်သို့ရွေ့ရှားရမယ်...။

အဆင့် ၅။ ။ သင်ရွေ့ရှားလုပ်ရှားချိန်တွင် တွန်းပို့လိုက်သောညာခြေဘက်တွင်သာ သင့်ကိုယ်ခန္ဓာအလေးချိန်ကို ထားရှိနေပါစေ..။ ထောက်ပြီးတွန်းပို့လိုက်သောညာခြေအားပြန်ချပြီး ဘယ်ခြေကို ပြန်ကြွထောက်၍ ညာခြေကို ဖွ၍ ဘယ်ခြေ၏ တွန်းပို့မှုဖြင့် နောက်သို့ရွေ့လိုက်ပါ..။ ဒီလိုကြိမ်ဖန်များစွာလှုပ်ရှားပေးရင် သင် လှပသေသပ်လှတဲ့ မိုက်ကယ်ရဲ့ Moon Walk အက ကို ကျွမ်းကျင်တက်မြောက်သွားပါလိမ့်မယ်...။

This entry was posted on 02:25 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments

Real Time Web Analytics