တွေ့ စကတည်းကအဲဒီစိတ်(အရိပ်)ထဲ
ငါလဲကျခဲ့တယ်
ဒါဟာလည်းရင်းနှီးပြီးသားထင်ရတဲ့ သူစိမ်းဆန်မှုတွေပေါ့။
မကြီးမငယ်နဲ့ လေးလေးနက်နက်မေးရရင်
`ဒါဟာအချစ်လား`
ရင်ခုန်သံကို ဘယ်လောက်ဟန်ဆောင်မှုမှာကြားရသလဲ။
`ကြုံမှသိ` နဲ့ `ထိမှနာ`ဟာ
ကြောင်းကျိုးဆက်နွယ်မှုလား။
ငါ့ရဲ့အတွင်းကိုသိမ်းပြီး ငါ့ရဲ့အပြင်ကိုပိုက်မယ်လို့ များ
မင်းထင်ယောင်ထင်မှားကျိန်ခဲ့သလားကွယ်။
ရှုတဲ့လေမတူတော့၊တူတဲ့လေရှုဦးမတဲ့လား။
ဒီအချစ်ဆိုတဲ့ပရောဂျက်မှာ
အိတ်စပါယာရီဒိတ် ပါခဲ့သလား။
နို့ နေပါဦး..
ငါ့နှလုံးသားရဲ့ ဘယ်အရပ်ဒေသတွေအထိ
မင်းနောက်ဆုံးကိုဝင်ရောက်ခဲ့သလဲ........ ချစ်သူ။
This entry was posted
on 20:54
and is filed under
Poem
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
2 comments