ကရောင်  

Posted by မိုးအိမ့်ဖြူ


ညနေအလင်းသည် ကျဲရာမှစုဝပ်လာသည်။ လေအတိုက်ပါးသောကြောင့်အရာရာသည်
ဆိတ်ငြိမ်သလိုဖြစ်နေ၏။ပွင့်ချပ် သိမ်းဆည်းသောပန်းတွေငိုက်တွဲကျစ ပြုပြီ။
နွေးခိုက်ပူခိုက်တွင်ထတတ်သောမြူ တွေကိုမမြင်ရ။တောအုပ်ဟိုဘက်အထိသွားကြမယ်လေ...
အခုအထိညနေကဘာမှမဖြစ်သေးသည်ကိုကြ ည့်ရင်းအနည်းငယ်အံ့သြနေခဲ့ သည်။
တကယ်ဆိုတစ်ခုခုတော့ဖြစ်ဖို့ ကောင်းလွန်းနေတာပေါ့။
ကျွန်တော့်မျက်နှာမှကျွတ်ကျသောမျက်မှန်ကို ကျွန်တော်တက်နင်းမိ၏(မတော်တဆထင် ပါရဲ့)
ထိုအချိန်ကစပြီးကျွန်တော်ကြည့်ေ လသမျှ အရာအားလုံးမှုန်ဝါးနေလေသည်။
ပြက္ခဒိန်ပေါ်ကရက်စွဲများလည်းမှုန် ၀ါးဝါး၊မိုးကုတ်စက်ဝိုင်းသည်လည်းမှုန်ဝါးဝါး၊
သမိုင်းစာအုပ်အဖုံးအပေါ်မှ နပိုလီယံရုပ်ပုံသည်လည်းမှုန်ဝါးဝါး၊ဟောဟိုကအနီရောင်အစက်
များသည်နှင်းဆီပွင့်များဖြစ်ကော င်းဖြစ်လိမ့်မည်။
သင်ဒီနေ့ သွားကိုက်မနေဘူးမဟုတ်လား၊တော်ေ တ်ာပျော်စရာကောင်းပါသည်။
ရေချိုးပြီးရောပေါ့။တိမ်ဖြူဖြူေ တွကိုလည်းမော့ကြည့်ပါဦး၊သင်ဘယ် နေရာမှာပဲရောက်နေနေ
သင့်နားတွင် ပန်းကလေးတစ်ပွင့်တော့ရှိနေနိုင် ပါသည်။သင်ကဂရုတစိုက်ရှာဖွေ ဖို့ ပဲလိုပါသည်။
ကမ္ဘာကြီးမှာပန်းတွေအလွန်ပေါပါသည်။
လမ်းထိပ်ကကော်ဖီဆိုင်ကလေးမှာထို င်ပါ၊အဲဒီမှာသီချင်းသုံးပုဒ်လော က်နားထောင်နိုင်ပါသည်။
တင်ဇာမော်ကိုမကြိုက်ဘူးလား..။ခင်ဗျားလည်းလူတစ်ယောက်ပါပဲ လေကိုဝအောင်ရှုပါ။
ရုပ်ကိုရေနဲ့ ဆေးကြောသလိုနာမ်ကိုလေနဲ့ ဆေးကြောတဲ့နည်းကို ဘုရားပေးခဲ့ဖူးပါတယ်..။
အဲဆရာလုပ်နေပြန်ပါပြီ..။တိတ်တိတ်နေ.....။
ကျွန်တော့်အမည်က............... ........ဖြစ်သည်။
နှစ်သက်သလိုခေါ်နိုင်အောင်ကွက်လပ်ချန်ထား၏။လောလောဆယ်တွင်ကျွန်တော့်ပတ်ဝန်းကျင်
တွင်တောင်တန်း၊ပင်လယ်တွေမရှိ။
လ၏ချောင်းဆိုးသံကို ကြားချင်နေ၏။ တိမ်တိုက်တွေချောင်းဆိုးသံကိုကြားချင်နေ၏။
မည်သူပြောသောအသံကနှစ်လိုဖွယ်ကော င်းပြီးမည်သူပြောသည့်အသံကမုန်းတီးချင်စရာဖြစ်သနည်း။
ကျွန်တော့်တွင်ရွေးချယ်စရာ များများမရှိပါ။အရာဝတ္ထုတွေကလှည့် ဖျားဖို့ ကြိုးစားနေကြ၏။
ဝတ္ထုတစ်ပုဒ်ကိုဖတ်ကြည့်သောအခါစကားလုံးတွေကတစ်ခုခုကိုဖုံးကွယ်ထားဖို့ ကြိုးစားနေကြသည်။
ဘယ်ဝတ္ထုကိုနှစ်သက်ပါသလဲ........ .....
ဝတ္ထုတစ်ပုဒ်လိုဖြစ်ချင်လိုက်တာဟုဘယ်သူကပြောလဲ.....။
ကျွန်တော်ဘာတစ်ခုမှ ခံစားလို့ မရတာတော့ညံ့ပါသည်။
စာကြွင်း......
ကျွန်တော်ကဗျာရေးဖြစ်တာ
ကျွန်တော့်ကိုယ်ကျွန်တော်သိဖို့ 
ကျွန်တော်နဲ့ အနာတူရှာတာ
ပိတ်မိနေတဲ့ စကားလုံးတွေကို ဖော်ထုတ်ဖို့ ကြိုးစားတာ
ဖြစ်ပါတယ်။


This entry was posted on 23:01 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments

Real Time Web Analytics