ဝင်ကြေး  

Posted by မိုးအိမ့်ဖြူ


ဘ၀ဆိုတဲ့လမ်းမကြီးပေါ် ငါလျှောက်လာရင်း ရင်ခုန်ခြင်းတွေ ခြံစည်းရိုးခတ်ထားတဲ့
မက်မောစရာပန်းခြံလေး တစ်ခုတွေ့တယ်....။
တန်ဖိုးကြီးလွန်းတဲ့ ၀င်ကြေးကိုတောင် ဂရုမစိုက်ပဲ ငါဦးနှောက်ကအဆင်ခြင်မဲ့စွာ ၀င်သွားမီတယ်
အရမ်းလှတဲ့ပန်းတွေ ငါခူးယူပြီး နမ်းရှိုက်တယ်
ပန်းနာမည်က ကြင်နာမှုတဲ့........။
နီရဲနေတဲ့အသီးတွေ့တယ် ခွင့်မတောင်းပဲ ခူးစားလိုက်တယ်
အသီးနာမည်က အချစ်တဲ့.........။
ငါပျော်ရွှင်နေတုန်း စွန့်ပစ်ခြင်း လေညှင်းက ငါ့အနားကိုတိုးဝှေ့သွားတယ်
ငါအသက်ရှု ကျပ်လာတယ် ဘာကြောင့်လဲ ငါစဉ်းစားတယ်
ငါနမ်းရှိုက်လိုက်တဲ့ ပန်းထဲမှာ ကြင်နာခြင်းဆိုတဲ့ အဆိပ်တွေရှိတယ်
င့ါတစ်ကိုယ်လုံး တဆစ်ဆစ်နဲ့ နာကျင်လာတယ် ဘာကြောင့်လဲ
ငါစားလိုက်တဲ့အသီးထဲမှာ လွမ်းဆွေးခြင်းဗီတာမင် အပြည့်နဲ့
ငါနောင်တနဲ့ပြန်ထွက်ဖို့ ကြိုးစားတော့မျက်စီနဲ့ မမြင်ရတဲ့သံယောဇဉ်နွယ်ရှင် တွေက
င့ါခြေထောက်တွေနဲ့ ငါ့တစ်ကိုလုံးရစ်ပတ်ထားတယ် ....။
ငါကြိုးစားပြီရုန်းထွက် လာခဲ့တယ် ဒါပေမယ့်
ပန်းခြံထဲကျကျန်ခဲ့တဲ့ ငါ့ဘ၀ရဲ့ အချိန်တွေကို
ဝင်ကြေးအဖြစ်ပေးခဲ့ရတယ်... ။
တစ်ခုတည်းသော ငါ့နှလုံးသားက ဘာနဲ့မှ
ပြန်အစားထိုးလို့မရနိုင်တော့ဘူး လေ....................... ..... ........။

This entry was posted on 22:08 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments

Real Time Web Analytics