ခေါင်းစဉ်မဲ့  

Posted by မိုးအိမ့်ဖြူ













ချောချောမွေ့ မွေ့ ပြောချင်ပေမယ့် အချိန်ကတိုပြီး ငြီးငွေ့ ခြင်းကရှည်လျား
ပြောဖို့ ကြိုးစားနေရင်းက လိုရင်းစကားလုံးတွေ အစေးမကပ်ကွာကျသွား
လက်ကအပေါက်မှာကပ်နေတာကိုလက်ပေါက်ကပ်တယ်လို့ ပြောချင်ပြော
အဲဒီအပေါက်ကိုပဲဖြည့်ဖြည့်နေတာ မသိစိတ်ထဲမှာတစ်ခုခုဖာနေတာလား
အရှေ့အနောက်တောင်မြောက်ထောင့်တိုင်းမှာအတောင့်သားဒေါသတွေ
စိတ်ဟာဝါကျကွဲပြား
ငါ့ခံစားချက်တွေကိုငါမြင်တယ်ဆိုတာ အမှောင်ထဲပစ်ခံရတဲ့
လောက်စာလုံးတွေပါပဲ....။
နာတယ်ဟေ့ နာတယ်...နာတယ်ဟ...၊
ဟေ့..ဘယ်ကောင်လဲကွ။
ငါခံစားရတာကငါခံစားရတာပဲ အဲဒါမုသားမဟုတ်ဘူး၊အလင်္ကာ..
မသေချာရင်နေပလေ့စေကဗျာဆန်ချင်တာမဟုတ်ဘူး၊မချောမွေ့ လည်းနေ
နေနေရပြီး ကြည့်ကြည့်ပြောကြည့်နေရတာပဲမဟုတ်လား...
အိပ်ပစ်ချင်လိုက်တာ...။
အလှတရားဟာ ကြည့်သူမျက်လုံးထဲမှာရှိတယ်ဆိုတော့
အဲဒီမျက်လုံးကိုဖောက်လိုက်ရင် အလှတရားကို
အရှင်ရမလား....အသေရမလား။
ဒါကဗျာမဟုတ်ဘူး၊ကဗျာဆိုတာ ငါတို့ နဲ့ ဝေးရာမှာ....
ထင်မိထင်ရာ၊ကျင်မိကျင်ရာ၊နင်မိနင်ရာမှာရှင်မိနေတာ အဆန်းလား
အရေပြားတွေလျော့ရဲလာ၊အကြောတွေပေါ်လာအရိုးတွေဟာ
အရိုးကိုဖြစ်လာနေတဲ့အဆောက်အအုံမှာ
နေအကြိမ်ကြိမ်စား မာနမွဲခြောက်နဲ့ 
ခေါင်းမကောင်းတော့တဲ့ စဉ်စားတွေးခေါ်နေထိုင်နည်းတွေရဲ့ဆင်ခြင်တုံတရားနဲ့ 
(ဘာတရားလည်းပြော၊တရားတိုင်းတရားတယ်လို့ မထင်နဲ့ )
အဲသလို... အရိပ်မဲကြီးရဲ့ သဒ္ဒါစနစ်ထဲမှာ ငါလိုချင်တာ...
ဘာမှမရှိပါလား၊ငါဟာဖွဲ့ ထုံးထဲမှာ
`အောက်ကမြစ်`လောက်ပေါ့
ခေါင်းမော့်နိုင်သလောက်လေးမော့်ပြီးတော့သာ....
ငါဟာ ငါမဟုတ်တော့ဘူးဆိုတာလည်း..
လုပ်ကြံခံရတာတွေကို ငါတောက်ကြည့် တိုက်ကြည့်ရင်း..။
ဟုတ်ကဲ့ပါခင်ဗျာ...
ကျွန်တော့်ကဗျာများဟာ မကြာမီအချိန်အတွင်း
ခက်ခဲသော အနက်များ၊စိတ်အနှောင့်အယှက်ပေးသောအရေးအသားများ
မကြုံစဖူးသောအသုံးအနှုန်းများ၊ဘောင်မ၀င်သောအရေးအသားများ
အသေအချာဆိုင်းထိုးပြီး သက်ဆိုင်ရာရဲ့လက်ထဲရိုသေစွာအပ်နှံပေးလိုက်ကြပါရန်
`ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်နိုင်ပါသည်`
စာတန်းဟာ ဆေးလိပ်ဘူးခွံဘေးမှာ ဆေးလိပ်အမည်လောက်မကြီးဘူးဆိုတာ
ဘာကြောင့်လဲ....သတိပြုပါ.....။
အဲသလိုပဲ
အကောင်ဟာ အထည်မပေါ်တာတွေပေါ့
ကိုယ့်မှာဆေးလိပ်တစ်လိပ်ရလိုက်ပြီး
လက်ဝယ်မီးခြစ်မရှိဘူး.....။

This entry was posted on 00:27 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments

Real Time Web Analytics