အဖေများနေ့ပါ  

Posted by မိုးအိမ့်ဖြူ




ဒီနေ့လေး ဟာ အဖေများနေ့လေးပါ....။ ဒီနေ့လေးကိုတော့ အားလုံးမေ့နေလောက်တယ်လို့ ထင်ပါလိမ့်မယ်..။ ဘာလို့လဲ ဆိုတော့ တစ်ခုခုဆို အမေ့ကိုပဲ သတိရကြတယ်လေ...။ ကျွန်တော်တို့တွေက အမေကိုပဲ ပိုမြတ်နိုးလို့ အမေများနေ့ကိုပဲ သတိရကြပါတယ် အဖေများနေ့လေးကိုတော့ မေ့နေပါလိမ့်မယ်..။ အမှန်တော့ မိဘ ဆိုတာက အမိပြီးတော့မှ အဘပါ ဒါကိုကျွန်တော်တို့လက်ခံထားကြရပါလိမ့်မယ်...။ အဘ ဆိုတာကိုတော့ မေ့ထားလို့မသင့်ပါဘူးဗျာ...။ ငယ်ငယ်က ကဗျာလေးကိုတောင်ပြေးသတိရမိတယ်ဗျာ...။ အဖေဆိုတာ ဒီလိုလူလား မြောက်လာဖို့ အတွက် ရှေ့ဆောင်လမ်းပြ သွန်သင်ဆုံးမပေးခဲ့ပါတယ်..။ အိမ်ရဲ့ လိုအပ်ချက် ငယ်စဉ်အခါမှာ လိုချင်တာပူဆာရင် ၀ယ်ပေးတတ်တဲ့ အဖေ ၊ သားသမီးကို အမြဲ သူများထက်သာအောင် ဖြစ်စေချင်တဲ့ အဖေ ၊ ဒါတွေကို ကြည့်ရင် ကျွန်တော်တို့ ရဲ့ အဖေဟာ အမြဲတမ်း သားသမီးတွေရဲ့ ရှေ့မှာ မားမားမတ်မတ် ရှိနေခဲ့ပါတယ်...။ အဖေ သား အဖေ့ကို သိပ်သတိရတာပဲဗျာ..။ တနေ့တနေ့မှာ သားလဲ အဖေ့လိုနေရာကို ပိုင်ဆိုင်ရမှာပါ..။ ဒါပေမယ့် သားတို့အပေါ်မှာ တာဝန်ကျေခဲ့တဲ့ အဖေလို သားလည်း နောင်မှဖြစ်လာမယ့် အဖေ့ နေရာမှာ တာဝန်ကျေပါရစေ အဖေရယ်...။ ဒီနေ့အဖေများနေ့မှာ သားဒီနေရာလေးကနေ အဖေကို ကန်တော့ပါရစေနော်....။

This entry was posted on 23:01 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

2 comments

ကျွန်မသိထားတာက ၂၁ ရက်နေ့မှဖြစ်နေတယ်... ဘာကွာလဲမသိဘူး.. သူများတွေပြောလို့ ပြက္ခဒိန်မှာ ကြည့်မိတာပါ..

ဟုတ် ကျွန်တော်လည်းသူများပြောလို့ပါဗျာ..။ :)

Real Time Web Analytics